August 23, 2009

NUL, CON, AUX, PRN, COM?, LPT? နာမည်တွေနဲ့ ကစားခြင်း

ဒီ post လေးကိုမဖတ်ခင် သင့် computer (Microsoft Window တင်ထားသော) ထဲကတစ်နေရာရာမှာ အောက်မှာပေးထားတဲ့ name တွေထဲက နာမည်တစ်ခုခုနဲ့ file name ဒါမှမဟုတ် folder name ပေးပြီး တည်ဆောက်ကြည့်ပါ။
NUL, CON, AUX, PRN, COM0, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT0, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9
ရကြရဲ့လားဗျာ ကျွန်တော်တော့ ရဘူး၊ တနေ့ အစ်ကိုတစ်ယောက်က ကျွန်တော့ကို con ဆိုတဲ့ folder လေး ဆောက်ခိုင်းကြည့်တယ် ဘယ်လိုမှ မရခဲ့ဘူး
ဒါနဲ့ ထုံးစံအတိုင်း Internet ဆိုင်ပြေးရှာတာပေါ့ဗျာ ဘာရမလဲ ဟဲဟဲ
ခုတော့တွေ့ပါပြီ၊ ရှင်းပါတယ် system က သုံးနေတဲ့ နာမည်တွေဖြစ်လို့ပါ ပိုပြီးအတိအကျ ပြောရရင်တော့ System Device Driver အတွက် window စပြီဆိုတာနဲ့ memory ထဲမှာနေရာယူထားပြီးသားမို့ပါ
CON - Keyboard and display (console)
PRN - System list device, usually a parallel port
AUX - Auxiliary device, usually a serial port
NUL - Bit-bucket device
COM1 - First serial communications port
COM2 - Second serial communications port
COM3 - Third serial communications port
COM4 - Fourth serial communications port
LPT1 - First parallel printer port
LPT2 - Second parallel printer port
LPT3 - Third parallel printer port
မရတဲ့ဟာကို ရအောင် ကြိုးစားနည်းလမ်းရှာကြရအောင် Alt+255 တို့ Alt+0160 တို့ကတော့ ရိုးလွန်းပါတယ် command prompt ထဲကနေ လိုချင်တဲ့ နေရာ (path) ကိုရောက်အောင်သွား ဥပမာ- desktop ပေါ်လိုချင်ရင် C:\Documents and Settings\Administrator\Desktop> md con\ ဆိုရင်တော့ administrator ရဲ desktop မှာ con ဆိုတဲ့ folder လေးကို ဆောက်နိုင်ပါတယ် နောက်ဆုံးကနေ backslash (\) လေးထည့်ဖို့တော့မမေ့နဲ့နော်
md \\.\c:\con လည်းရပါတယ် ( \\.\ ဆိုတာကတော့ symbolizes local system ပါ၊ c:\con ကတော့ path )
ပြန်ဖျက်ချင်ရင်လည်း rd con\ rd \\.\c:\con နဲ့ ဖျက်နိုင်ပါတယ် ရိုးရိုးဖျက်လို့တော့ ရမှာမဟုတ်ပါဘူး

No comments:

Post a Comment