September 26, 2009

Advanced Using Kaspersky 7.0

အချိန်ရလို့ Kaspersky ရဲ့ Setting ထဲမှာ လိုက်မွှေကြည့်မိတယ်။ အရမ်းအသုံးတည့်တဲ့ Features တွေ ပါဝင်နေတာကို တွေ့လိုက်ရပါတယ်။

Setting page ရဲ့ ဘယ်ဘက် panel မှာ
Protection
Scan
Threats and exclusions
Update
Proxy Server
Traffic Monitoring
Reports and data files
Service
Appearance ဆိုပြီး အုပ်စုလိုက် ခွဲထားပါတယ်။

Protection
Protection ထဲမှာ File Anti-Virus ဆိုပြီး ရှိပါတယ်။ သူ့ထဲမှာ Security Level ဆိုတဲ့ slider လေးပါပါတယ်။ Default အနေနဲ့ အလယ်မှာပဲ ထားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်စက်ကို ပိုလုံခြုံသထက် လုံခြုံချင်ရင်တော့ အပေါ်ဆုံးထိ တင်ထားလိုက်ပါ။ ပြီးရင် Customize ကိုနှိပ်ပြီး လုပ်လို့ရတာလေးတွေ ရှိပါသေးတယ်။ Kaspersky ဟာ ပုံမှန်အားဖြင့် Scan စစ်တဲ့အခါမှာ Programs တွေနဲ့ Documents တွေကို စစ်လေ့ရှိပါတယ်။ Documents တွေမှာ ဗိုင်းရပ်စ်ကပ်တယ်ဆိုတာ အရမ်းရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Scan programs and documents (by extension) ကိုရွေးလို့ရပါတယ်။ ဒါဆိုရင် Kaspersky က executable တွေကိုပဲ Scan စစ်ပါလိမ့်မယ်။ ဒါကြောင့် Scan စစ်တဲ့ကြာချိန် လျော့နည်းသွားပါလိမ့်မယ်။

အဲဒီ Customize ထဲမှာပဲ heuristic analyzer ဆိုတာပါပါတယ်။ သူ့ကို On ထားရင် ဗိုင်းရပ်စ်တွေကို ပိုပြီး ထိရောက်စွာနဲ့ ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စက်ရဲ့ performance လည်း အရမ်းကျသွားပါလိမ့်မယ်။ heuristic ဆိုတဲ့ စကားလုံးကတော့ မိမိဘာသာဝေဖန်ဆန်းစစ်နိုင်ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။

Customize ကနေ ထွက်လိုက်ပါ။ File Anit-Virus ထဲမှာပဲ Action ဆိုတာ ပါပါသေးတယ်။ သူက ဗိုင်းရပ်စ်တွေ့ရင် ဘယ်လိုလုပ်ချင်တာလဲဆိုတာ ရွေးပေးလို့ရပါတယ်။ ရွေးစရာအနေနဲ့ Prompt for action နဲ့ Block access ဆိုတာ ပါပါတယ်။ Prompt for action ဆိုတာကတော့ ဗိုင်းရပ်စ်တွေ့ရင် user ကို disinfect လုပ်မှာလား၊ delete လုပ်မှာလားဆိုပြီး မေးပါလိမ့်မယ်။ Block access ကို ရွေးလိုက်ရင်တော့ Kaspersky ဟာ ဗိုင်းရပ်စ်ကို တွေ့တဲ့အခါမှာ အရင်ဆုံး Disinfect (ဖိုင်တွင်ကပ်နေသောဗိုင်းရပ်စ်ကို ခွဲထုတ်သတ်ခြင်း) လုပ်ပါလိမ့်မယ်။ Disinfect မလုပ်နိုင်ရင် ဖျက်ပစ်ပါလိမ့်မယ်။

ဒီနည်းလမ်းဟာ ဗိုင်းရပ်စ်တွေ ထောင်ချီဝင်နေတဲ့ hard disk ကို scan စစ်တဲ့အခါမှာ အရမ်း အသုံးဝင်ပါတယ်။ Kaspersky က မေးသမျှကို အချိန်ကုန်ခံပြီး ထိုင်ဖြေနေစရာမလိုတော့ဘူးလေ။ Scan နှိပ်ပြီး ပစ်ထားလိုက်ရုံပါပဲ။ Kasper က သူ့အလိုလို သတ်သွားမှာပါ။

Kasper 2007 2009 နဲ့ 2010 မှာ ဒီ Feature ဟာ Default ဖြစ်သွားပါတယ်။ ဗိုင်းရပ်စ်တွေ့ရင် Disinfect လုပ်တယ်၊ မလုပ်နိုင်ရင် Delete လုပ်ပစ်ပါတယ်။ တချို့က အဲဒါကို နည်းနည်း မျက်စိလည်ကုန်ကြပါတယ်။ အဲဒီလို ဘာမှမမေးတဲ့အတွက် kaspersky က သူ့သဘောနဲ့သူ ဖိုင်တွေ ဖျက်ပစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်စိတ်ဝင်တဲ့သူတွေကိုလည်း တွေ့ဖူးပါတယ်။
ဒါကို ကျွန်တော် အနည်းငယ်ရှင်းပြချင်ပါတယ်။ Kasper ဟာ မသတ်နိုင်ရင် အလိုလို ဖျက်တာကို ကြောက်စရာမလိုပါဘူး။ သူက ဗိုင်းရပ်စ်အစစ်ကို ဖျက်တာပါ။ ကြောက်စရာမလိုပါဘူး။

ဆိုပါစို့. Stick ထဲမှာ abc ဆိုတဲ့ Folder လေးရှိတယ်။ ကိုယ့် data တွေ ထည့်ထားတယ်။ Stick ကို ဗိုင်းရပ်စ်ရှိတဲ့ စက်မှာ သွားထိုးလိုက်တယ်။ အဲဒီအခါမှာ Stick ထဲမှာ ရှိနေတဲ့ abc ဆိုတဲ့ Folder ကို ဗိုင်းရပ်စ်က ဖျောက်ပစ်ပါတယ်။ ပြီးတော့ abc ဆိုတဲ့ Folder အတု ဖန်တီးလိုက်ပါတယ်။ တကယ်တမ်းတော့ အဲဒါဟာ Folder မဟုတ်ဘဲ abc.exe သာ ဖြစ်ပါတယ်။

Kasper က ဖျက်တဲ့အခါမှာ အဲဒီ abc.exe ကိုသာ ဖျက်ပါတယ်။ မူရင်း abc Folder ကို လုံးဝ မဖျက်ပါဘူး။ ဒါပေမဲ့ abc ကို ဗိုင်းရပ်စ်က hidden လုပ်ပစ်ခဲ့တဲ့အတွက် user က မမြင်တော့ဘူး။ အဲဒီအခါမှာ Kaspersky က ငါ့ data တွေ ဖျက်တယ်ဆိုပြီး ဖြစ်ကုန်တော့တာပါ။

ဆက်ပါဦးမည်..

No comments:

Post a Comment