September 19, 2009

Photo Compressing Techniques

တစ်ရက်က သူငယ်ချင်းတစ်ယောက်က Gmail မှာ ပုံတွေကို attachment လုပ်ပြီး ပို့နေတာကို မေးလ်က မထွက်နိုင်ဘဲ ဖြစ်နေလို့ အတော် ညည်းတွားနေရှာတယ်။ ကော်နက်ရှင်..ကော်နက်ရှင်နဲ့ ပါးစပ်ကလည်း တဖျစ်တောက်တောက် ပြောနေလေရဲ့။

ကျွန်တော်လည်း ဘေးကနေပြီး မနေနိုင်တော့ဘူး။ နေစမ်းပါဦးဟဆိုပြီး သူပို့တဲ့ ပုံတွေရဲ့ File size ကို ကြည့်လိုက်တယ်။ အမယ်လေး တစ်ပုံကို 2.5 MB လောက်တောင် ရှိသဗျ။ သူက ဒီဂျစ်တယ် ကင်မရာနဲ့ ရိုက်ထားတဲ့ပုံတွေကို ဒီအတိုင်းပို့နေတာတဲ့လေ။ အေး မင်းမေးလ်က မထွက်တာတောင်မှ နည်းသေးတယ်။ ပုံတွေကို size လျှော့ဦးလေကွာလို့ ပြောရတယ်။

ပုံတွေရဲ့ File Size ကို လျှော့ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Paint ပဲဗျ။ အဟဲ အံသြသွားလားမသိဘူး။ ဒီလိုပါ။ ကိုယ် size လျှော့ချင်တဲ့ပုံကို Paint နဲ့ ဖွင့်လိုက်ပါ။ ပြီးရင် Paint ရဲ့ Menu ထဲကနေ File>Save ကို ရွေးလိုက်ပါ။ တခြား ဘာမှလုပ်စရာမလိုပါ။ ဒါဆိုရင် file size က အလိုလိုလျော့သွားပါလိမ့်မယ်။ စမ်းသပ်ချက်အရ 2.5MB ရှိတဲ့ ပုံကို Paint နဲ့ လျှော့လိုက်တာ 656 KB ပဲ ရှိပါတော့တယ်။

ပုံတွေရဲ့ အရွယ်အစားကို ချုံ့ချင်တယ်ဆိုရင်တော့ Office တင်ထားတဲ့စက်တိုင်းမှာရှိနေတဲ့ Microsoft Office Picture Manager ကိုသုံးခြင်းပါပဲ။ အများအားဖြင့် Digital Camera နဲ့ရိုက်ထားတဲ့ ပုံတွေရဲ့ Dimension ဟာ အရမ်းကြီးလွန်းနေတတ်ပါတယ်။ ဥပမာ 3264*2176 အထိ ရှိနေနိုင်ပါတယ်။ အဲဒါကို Office Picture Manager နဲ့ Dimension ကို 640*480 အထိ ထားလိုက်ရင် File size က အရမ်းကို သေးသွားပါလိမ့်မယ်။

ချုံ့ချင်တဲ့ပုံကို Office Picture Manager နဲ့ဖွင့်ပါ။ ပြီးရင် Toolbar မှာရှိတဲ့ Edit Pictures ကိုနှိပ်ပါ။ ညာဘက် Panel ကနေ Resize ကိုရွေးပါ။ Predefined Width and Height ကနေ ကိုယ်အဆင်ပြေမယ့်ဟာကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ပြီးရင် File>Save ကို နှိပ်လိုက်ပါ။ ဒါဆိုရပါပြီ။

အဆင်ပြေကြပါစေ။

No comments:

Post a Comment