October 19, 2009

BitDefender 2009 ရဲ့ အကြီးမားဆုံးအားနည်းချက်

BitDefender ကို ၀ယ်တဲ့အခါမှာ Installer CD ရယ်၊ စာရွက်လေးတစ်ရွက်ရယ် ပါပါတယ်။ အဲဒီ စာရွက်ထဲမှာ License Key ဆိုတာ ပါပါတယ်။ Install လုပ်ပြီးတဲ့အခါမှာ အဲဒီ Key ကို ထည့်ပေးရပါတယ်။ မထည့်ရင် သူက တစ်လပဲ အသုံးခံပါတယ်။ ကျွန်တော်တို့တွေက အဲဒီ Key ကို တစ်သောင်းခုနစ်ထောင် ပေးပြီး ၀ယ်ရတာပါ။


BitDefender 2009 ရဲ့ အားနည်းချက်က ဒီလိုပါ။


BitDefender 2009 တင်ထားတဲ့စက်မှာ BitDefender ကို သွားဖွင့်ကြည့်လိုက်ပါ။ ပြီးရင် Register ကို နှိပ်လိုက်ပါ။ အဲဒီအခါမှာ အောက်မှပြထားသလို Windows တစ်ခုပေါ်လာပါလိမ့်မယ်။

 
မြင်တဲ့အတိုင်းပါပဲ။ အဲဒီ Window ထဲမှာ Key ကြီးက အရှင်းသားအထင်းသား မြင်နေရပါတယ်။ သူငယ်ချင်းတစ်ယောက်က BitDefender ကိုဝယ်လာပြီး သူ့စက်မှာတင်ထားမယ်ဆိုပါစို့။ ကိုယ်က သူ့စက်ကလေးခဏသွားကိုင်ပြီး အခုလို နည်းနဲ့ ကြည့်လိုက်ရင် Key ကို အလွယ်တကူတွေ့နိုင်ပါတယ်။ ပြီးရင် အဲဒီ Key ကို စာရွက်လေးနဲ့မှတ်ပြီး ကိုယ့်စက်မှာ BitDefender တင်တဲ့အခါ Key ထည့်ပေးလိုက်မယ်ဆိုရင် ကိုယ်က တပြားတစ်ချပ်မှ မကုန်ဘဲ BitDefender ကို တရားဝင်သုံးလို့ ရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်က Offline သုံး ဖြစ်ဖို့တော့ လိုပါတယ်။ မဟုတ်ရင်တော့ ကိုယ်က ခိုးသုံးနေမှန်း BitDefender က သိနိုင်ပါလိမ့်မယ်။
 
ဒီ Post လေးဟာ ခိုးနည်းသင်ပေးတာမဟုတ်ပါဘူး။ BitDefender အသုံး ပြုသူတွေ သတိထားစေချင်လို့ပါ။ အကောင်းဆုံးက BitDefender ကို Public PC တွေမှာ မတင်တာအကောင်းဆုံးပါပဲ။ ကျွန်တော်ကတော့ Kaspersky ကိုပဲ ၀ယ်သုံးတာလေ။ Kaspersky ကျတော့ အဲဒီလိုမရှိပါဘူး။ Key File လေးက အဓိကပါပဲ။ အဲဒီ Key File လေးကိုသာ လုံခြုံစွာသိမ်းထားရင် ဘယ်သူမှ ဘာမှလုပ်မရတော့ဘူးလေ။

No comments:

Post a Comment