October 31, 2009

Windows 7 ကို စတင်သုံးစွဲကြည့်ခြင်း

Active ခွေဆိုင်ကနေ Windows 7 Ultimate Version ခွေကို ၀ယ်လာခဲ့ပါတယ်။ ခွေအမှတ်က DS-350 ပါ။ စင်တာရောက်ရောက်ချင်း စပြီးတင်ပါတော့တယ်။ ကျွန်တော်တင်တဲ့ ကွန်ပျူတာက Pentium Dual Core 2.2 GHz FSB 800MHz ရှိပြီး Memory က 1GB 800Hz ဖြစ်ပါတယ်။ Board ကတော့ MSI G31M3-LS ပါ။

အဲဒီကွန်ပျူတာကို Windows 7 တင်တဲ့အခါမှာ Install လုပ်ချိန် စုစုပေါင်း 15 မိနစ်သာ ကြာပါတယ်။ Software အနည်းငယ် တင်ပြီး Boot လုပ်တဲ့အချိန်ကို စောင့်ကြည့်တဲ့အခါမှာ ကွန်ပျူတာ ဖွင့်တဲ့အချိန်ကစပြီး Desktop ပေါ်လာတဲ့ အချိန်အထိ စက္ကန့်သုံးဆယ်ပဲ ကြာပါတယ်။

ဒါတောင်မှ 32 bit ပဲ ရှိပါသေးတယ်။ အခု Active က ၀ယ်လို့ရလာတဲ့ ခွေအမှတ် DS-350 ဟာ 32 bit ဖြစ်နေပါတယ်။ Vista ပေါ်ခါစတုန်းက Install လုပ်တဲ့အခါမှာ 32 bit လား 64 bit လားဆိုပြီး မေးပါတယ်။ အခု Windows 7 ကတော့ ဘာမှမမေးပါဘူး။ 32 bit နဲ့ပဲ တင်ပေးသွားပါတယ်။ ကျွန်တော့်အထင် 32 bit နဲ့ 64 bit ဆိုပြီး ခွဲများထုတ်သလားမသိပါဘူး။ Microsoft ကတော့ Windows 7 ရဲ့ အနှစ်သာရ အပြည့်အ၀ရဖို့အတွက် 64bit သုံးပါဆိုပြီး အကြံပေးထားပါတယ်။ ဒါပေမဲ့ 64 bit ဆိုရင် Memory က 2 GB ရှိသင့်ပါတယ်တဲ့။ ဒါကြောင့်မို့ ကျွန်တော်တောင် Memory 1GB တစ်ချောင်းဝယ်ဖို့ စဉ်းစားနေရပါတယ်။

Windows 7 မှာ အသစ်ပါလာတာတွေကို ရေးပြတာထက် စာဖတ်သူကိုယ်တိုင် လက်တွေ့စမ်းသပ်ပြီး သုံးစွဲ ကြည့်တာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ သေချာတာကတော့ Windows 7 ကို သုံးပြီးရင် XP သို့မဟုတ် Vista ကို မေ့သွားမှာပါ။

ကျွန်တော်လည်း အခု Windows 7 ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်ဖို့၊ တစ်ခုခုဖြစ်ရင် Troubleshooting လုပ်နိုင်ဖို့အတွက် စတင် လေ့လာနေရပါတယ်။ Microsoft ကထုတ်တဲ့ Windows 7 စာအုပ်တွေကို ရှာပြီး ဖတ်ရဦးမှာပါ။ Windows 7 နဲ့ ပတ်သတ်တာတွေကိုလည်း နောက်ရက်တွေကျရင် အလျဉ်းသင့်သလို တင်ပေးသွားပါဦးမယ်။

No comments:

Post a Comment