November 9, 2009

Redirecting Application Data in Windows XP


သင်တန်းက စက်တွေကို DeepFreeze တင်ဖို့ ကျွန်တော်ကြံနေတာ ကြာခဲ့ပါပြီ။ သင်တန်းသားတွေက ဟိုဟာကလိ၊ ဒီဟာကလိ လုပ်ကြတာဆိုတော့ ညတိုင်းညတိုင်း ကိုယ်က ပြန်ပြီး Maintain လိုက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အဲဒါတွေကြောင့်မို့ DeepFreeze တင်ချင်တာပေါ့။

ဒါပေမဲ့ တင်လို့မရတဲ့အကြောင်းက ပေါ်လာပြန်ရော။ သင်တန်းသားတွေ လက်ကွက်ကျင့်ဖို့သုံးတဲ့ Mavis Beacon Teach Typing ကြောင့်ပါ။ အဲဒီ Program မှာက သင်တန်းသား တစ်ယောက်ချင်းစီရဲ့ Profile တွေ ထည့်ထားလို့ရတယ်။ လက်ကွက်ကျင့်မယ်ဆိုရင် အဲဒီ Program လေးဖွင့်၊ ကိုယ့်နာမည်လေး ရွေး၊ ပြီးရင် အရင်ရက်က ရောက်ခဲ့တဲ့နေရာကနေ ပြန်ကျင့်ရုံပဲ။ အဲ အဲဒီ Mavis Beacon က ဘယ်သူက ဘယ်နေရာ ရောက်နေတယ်ဆိုတာကို File လေးတွေနဲ့ မှတ်ထားတယ်။ ဘယ်နေရာမှာ သွားမှတ်ထားသလဲဆိုတော့ C:\Document and Settings\All Users\Application Data အောက်မှာပါ။

အဲဒါကြောင့်မို့ ကျွန်တော်က DeepFreeze ကြီးတင်ပြီး C: ကို Freeze လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ C: ကို Freeze လုပ်လိုက်မယ်ဆိုရင် Mavis Beacon ဟာ Application Data ထဲမှာ ဖိုင်တွေ သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျောင်းသားရဲ့ လက်ကွက်အခြေအနေကို မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အဲဒီတော့ ကျွန်တော် စဉ်းစားရပါတယ်။ Mavis Beacon ကို C: အောက်မှာ မဟုတ်ဘဲ D: အောက်ကို သွားပြီး Install လုပ်ကြည့်တယ်။ ပြီးတော့ Deep Freeze တင်တယ်။ C: ကို Freeze လုပ်တယ်။ Mavis Beacon ကို ဖွင့်ပြီး User အသစ်တစ်ယောက် ထည့်ကြည့်တယ်။ ပြီးတော့ စက်ကို Restart လုပ်တယ်။ Mavis Beacon ကို ဖွင့်ကြည့်တယ်။ အစောက အသစ်လုပ်ခဲ့တဲ့ User က မရှိတော့ဘူး။ သွားရောပေါ့။ သူ့ကို D: ထဲမှာ Install လုပ်ပေမဲ့ သူက File တွေကို C: ထဲမှာ သွားရေးတာကိုး။

အဲဒါနဲ့ ထပ်စဉ်းစားရပါတော့တယ်။ ကဲ C:\Document and Setting\All Users အောက်မှာ ရှိနေတဲ့ Application Data ကို လမ်းကြောင်းလွှဲရင်တော့ ရနိုင်တယ်ဆိုပြီး စဉ်းစားမိပါတယ်။ Tweak UI နဲ့များ ရမလား ဆိုပြီး Tweak UI ကို တင်တယ်။ သူ့ထဲမှာက My Documents လောက်ကိုသာ လမ်းကြောင်းလွှဲတာပဲ ပါတယ်။ Application Data ကို လွှဲတာ မပါဘူး။ အဲဒါနဲ့ Manual လုပ်မယ်ဆိုပြီး Registry Editor ကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ Application Data ဆိုပြီး ရိုက်ထည့်ရှာလိုက်တယ်။ အဲဒီမှာ Application Data ကို လွှဲလို့ ရနိုင်တဲ့ Key တစ်ခုကို တွေ့လိုက်ပါတယ်။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\User Shell Folders အောက်မှာ ရှိတဲ့ Common AppData ဆိုတာလေးပါ။ သူ့ရဲ့ Value က %ALLUSERSPROFILE%\Application Data ပါ။ ဆိုလိုရင်းက Application Data ကို %ALLUSERPROFILE% အောက်မှာ ထားတယ်ပေါ့။ %ALLUSERPROFILE% က C:\Document and Settings\All Users ကို ကိုယ်စားပြုပါတယ်။

ကျွန်တော်က သူ့ရဲ့ မူရင်း Value ကို D:\Application Data ဆိုပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ Restart လုပ်တယ်။ Mavis Beacon ကို ဖြုတ်တယ်။ ပြန်တင်တယ်။ တင်ပြီးတဲ့အခါ Mavis Beacon ကိုဖွင့်ပြီး User အသစ်လုပ်တယ်။ ဟော အရင်ကလို User ဖိုင်အသစ်ဟာ C: အောက်ကို ရောက်မသွားတော့ပဲ D:\ Application Data အောက်ကို ရောက်သွားပါပြီ။

အဲဒီလိုနည်းနဲ့ ကျွန်တော်အဆင်ပြေသွားပါတယ်။ အခုတော့ သင်တန်းက စက်တွေမှာ DeepFreeze တင်ပြီး C: ကို Freeze လုပ်ထားတဲ့အတွက် ကျွန်တော်လည်း Maintain လုပ်ရတဲ့ဘ၀ကနေ ကျွတ်လွတ်သွားပါကြောင်း.

No comments:

Post a Comment