December 3, 2009

ကြုံဖူးသလား BIOS ပျက်တာ

သင်တန်းက စက်လေးတစ်လုံးပေါ့။ မီးပျက်သွားလို့ shutdown မလုပ်လိုက်ရဘူး။ မီးစက်နှိုးပြီး ပြန်ဖွင့်တော့ BIOS is beginning to dump ဆိုပြီး စာကြောင်းလေးပေါ်ပြီး အကုန်ပျောက်သွားတယ်။ နောက်ထပ် ဘယ်လောက်ပြန်ဖွင့်ဖွင့် မော်နီတာမှာလည်း ဘာမှမပေါ်တော့ဘူး။ Alarm လည်း မပေးတော့ဘူး။ သူ့ခမျာ RAM ကိုဖြုတ်ပစ်တာတောင် RAM မရှိတဲ့အကြောင်း Beep မပေးနိုင်ရှာတော့ပါဘူး။ သိလိုက်ပါပြီ။ BIOS ပျက်သွားပြီဆိုတာကိုပေါ့။ Motherboard ကအကောင်းကြီးတောင်မှ အဲဒီ BIOS လေးပျက်သွားတာနဲ့ လုံးဝ သုံးမရတော့တာ။ Board က Gigabyte P4 လေးပါ။ 845 Chipset လေးနဲ့ပေါ့။
အခုလို ကြုံတော့မှ အခုနောက်ပေါ် Board တွေမှာ Crash Free BIOS ဆိုတာ အလကား ထည့်တာတာ မဟုတ်မှန်း သိတော့တယ်။ ဟိုတစ်နေ့ကလည်း Gigabyte က ကြော်ငြာလေး တွေ့လိုက်တယ်။ Dual BIOS ပါတယ်ပေါ့။ မြင်ခါစကတော့ အပိုတွေပါကွာလို့ထင်မိတယ်။ အခုလိုကြုံတော့မှ အင်း Dual BIOS လေးဆို သိပ်ကောင်းမှာပဲလို့ တောင့်တမိတယ်။
ကျွန်တော်ဖြစ်ပြီး သိပ်မကြာဘူး။ အသိတစ်ယောက်ရဲ့ 775 Asus Board ကြီးလည်း BIOS ပျက်သွားလို့ ချောင်ထိုးထားလိုက်ရတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ Asus Board ကတော့ BIOS ပျက်သွားတယ်။ ဒါပေမဲ့ စက်ဖွင့်တဲ့အချိန်မှာ BIOS ပျက်တဲ့အကြောင်းပြောပြီး g ကိုနှိပ်လိုက်တာနဲ့ CD Drive ထဲမှာ BIOS ခွေ ရှိမရှိ စစ်တယ်လို့တော့ သူကပြောတယ်။ အဲဒါနဲ့သူလည်း Asus Website က BIOS ကို download ဆွဲပြီး စီဒီခွေထဲ ထည့်ပြီး မောင်းလိုက်တာ အဆင်ပြေသွားတယ်လို့ ပြောပါတယ်။ အင်း သူ့လိုဆိုရင်တော့ အကောင်းသား။ အခု ကျွန်တော်တော့ ပေါက်ဖော်ကြီးရဲ့ 478 Board အသစ်တစ်လုံး ၀ယ်လိုက်ရပြီ။

No comments:

Post a Comment