October 27, 2012

Myanmar Lottery Android App

ဆော့ဖ်ဝဲလ်နာမည်က Myanmar Lottery ဆိုပြီး ပေးထားပါတယ်။ Version 1.0 ဖြစ်ပါတယ်။ Android OS version 2.2 နှင့်အထက် တင်ထားတဲ့ စမတ်ဖုန်း မှန်သမျှမှာ Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
ဆော့ဖ်ဝဲလ် လုပ်ပေးနိုင်တဲ့အပိုင်းက ကိုယ်ကံစမ်းထားတဲ့ ထီလတ်မှတ် ပေါက်မပေါက်ကို စစ်ဆေးပေးနိုင်ပါတယ်။ အွန်လိုင်းနဲ့ တိုက်စစ်တာမို့ ကိုယ့်ဖုန်းဟာ အင်တာနက်ချိတ်ထားဖို့တော့ လိုပါတယ်။ အကြိမ် (၂၇၄) ကြိမ်ကနေ စပြီး တိုက်စစ်နိုင်ပါတယ်။ နောက်ပြီး ဒီဆော့ဖ်ဝဲလ်မှာ ထီပေါက်စဉ်ကိုပါ ကြည့်နိုင်ပါတယ်။ ယခုလရဲ့ ထီပေါက်စဉ်ကို ထီဖွင့်တဲ့ရက် ညနေပိုင်းလောက်ဆိုရင် ကြည့်နိုင်ပါပြီ။

ကိုယ်ထိုးထားတဲ့ ထီလတ်မှတ်ရဲ့ အကြိမ်၊ အက္ခရာနဲ့ နံပါတ်ကို ထည့်သွင်းပြီး စစ်ဆေးမည်ကို နှိပ်လိုက်တာနဲ့ အဖြေကို ဖော်ပြပေးပါလိမ့်မယ်။ မပေါက်ဘူးဆိုရင်တော့ ကျေးဇူးတင်ပါသည် လို့ ပြပေးမှာ ဖြစ်ပြီး ပေါက်တယ်ဆိုရင်တော့ ဘယ်ဆုမဲ ပေါက်တယ်ဆိုတာပါ ဖော်ပြပေးမှာပါ။ ဥပမာ သိန်း ၁၅၀၀ ပေါက်တယ်ပေါ့။

ဒီဆော့ဖ်ဝဲလ် ရေးသားတဲ့ရည်ရွယ်ချက်ကတော့ ထီကို အလွယ်တကူ တိုက်စစ်နိုင်အောင်ရယ်၊ ထီပေါက်စဉ်ကို အလွယ်တကူ ကြည့်နိုင်အောင်မို့ပါ။ ကျွန်တော်ကိုယ်တိုင်ကစ ထီထိုးပေမယ့် ထီပေါက်စဉ်နဲ့ တိုက်မစစ်ဖြစ်တာ များတယ်။ ကိုယ်က ထီပေါက်နေပေမယ့် ထီဆိုင်က လာမပြောမိလို့၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ထီပေါက်တာကို မသိတဲ့သူတွေ အတော်များများ ရှိပါတယ်။ အဲဒါတွေ အဆင်ပြေစေချင်လို့ပါ။

နောက်ထပ် ဗားရှင်းအသစ်တွေ ထပ်ထုတ်ပါဦးမယ်၊ အခုဟာက မြန်မာဖောင့်မရှိတဲ့ ဖုန်းမှာ သုံးမရသေးဘူး။ အဲဒါကြောင့် နောင်ဗားရှင်းတွေမှာ အဆင်ပြေအောင် လုပ်ပေးသွားပါ့မယ်။ နောက်ပြီး အောင်ဘာလေက အခုမှ စတင်လိုက်တဲ့ သိန်း၁၅၀၀ ဆုနဲ့ အက္ခရာတူ ဂဏန်းနှစ်လုံးတူရင် ငါးသောင်း ဆု ပေါက်တဲ့စနစ်ကိုပါ ထည့်သွင်းပြီး ကိုယ့်ထီလတ်မှတ်က အဲဒီ ငါးသောင်းဆု ပေါက်မပေါက်ကိုပါ စစ်ပေးဖို့ထိ ရည်ရွယ်ထားပါတယ်။

ဒီဆော့ဖ်ဝဲလ်က ကျွန်တော့်အတွက် ပထမဆုံး ရေးတဲ့ Android Application ပါ။ Self Study လုပ်ရင်း ရေးဖြစ်သွားတာပါ။ အရင်က Windows Application ​တွေပဲ ရေးလေ့ရှိပါတယ်။

အကြံပြုချက်တွေ၊ ဒါမှမဟုတ် အဆင်မပြေမှုကို အကြောင်းကြားပေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

Download Link:





3 comments:

  1. myanmaritmen.org ရဲ့ register form ကို code ထဲထည့်ရေးပြီး ဘာလို့ function အနေနဲ့မပါသေးတာလဲ။

    ReplyDelete
  2. thanks for your app.

    ReplyDelete
  3. ဒီဘလော့ဂ်ကိုဖတ်ဖို့ ဘာယူနီကုတ်ကိုသုံးရမလဲ

    ReplyDelete