December 11, 2007

ပေါင်းစည်းကြပါစို့

ကျွန်တော် blog ရေးနေတာကြာပါပြီ။ ကြည့်တဲ့သူတွေလည်း တစ်ရက်ကို ၄၀ လောက်တော့ လာလာကြည့်ပါတယ်။ ဒါပေမဲ့ အားမရဘူး။ ကျွန်တော်ဖြစ်စေချင်တာက အွန်လိုင်းပေါ်က ကွန်ပျူတာစိတ်ဝင်စားတဲ့ မြန်မာတွေအကုန်လုံးကို လာကြည့်စေချင်တာ။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။ အဲဒီတော့ ကျွန်တော်စဉ်းစားတယ်။ အခုလောလောဆယ် အိုင်တီနဲ့ ပတ်သတ်တဲ့ blog တွေ ရေးနေတဲ့ သူတွေအကုန်လုံး ဒီ Diary of IT Men မှာပဲ ရေးကြမယ်လေ။ ဒါဆိုရင် အိုင်တီစိတ်ဝင်စားတဲ့သူတွေအကုန်လုံး ဟို blog သွားကြည့်ရ၊ ဒီ blog သွားကြည့်ရ မဖြစ်တော့ဘူးပေါ့။ ဘယ်လောက်အဆင်ပြေလဲ။ ပြီးတော့ ကိုယ်ဘာသာကိုယ် တစ်ယောက်တည်းရေးချင်တာရေးပြီး ကြည့်တဲ့သူ နည်းတာထက်စာရင် ဒါမျိုး စုပေါင်းရေးတယ်ဆိုရင် လာတဲ့သူတွေအများကြီးဖြစ်မှာ အသေအချာပါပဲ။ ကိုယ့် idea လူများများသိတာပေါ့။ မကောင်းဘူးလား။ ရေးချင်တဲ့သူရဲ့ email ကို ကျွန်တော်က blogger ရဲ့ login id အနေနဲ့ ထည့်ပေးထားမယ်။ ရေးချင်တာရှိရင် blogger.com သွားပြီး ကိုယ့် email နဲ့ ကိုယ့် password ကို ရိုက်။ ပြီးတော့မှ Diary of IT Men ကိုရွေးပြီး Post တင်လိုက်ပေါ့။ ကဲ...စိတ်တူတဲ့သူတွေအကုန်လုံး ပေါင်းစည်းကြရအောင်။ မိတ်ဆွေတို့ရဲ့ mail တွေကို စောင့်မျှော်နေပါ့မယ်။

3 comments:

  1. ကျွန်တော့် ရဲ့mailက တော့freezingmawlin@gmail.com ပါ။
်ကျွန်တော့်ရဲ့ blog လေးကိုလည်း ကြည့်ပေးပါဦး။
    www.theinmawlin.blogspot.com နော်။

    ReplyDelete
  2. ကျွန်တော်ရဲ့ mail ကတော့ "www.minhun2007@gmail.com"ပါ။အကိုရဲ့ ပေါင်းစည်းခြင်းကို သဘောကျပါတယ်။ ကျွန်တော့် blogက
    "www.saiminhun.blogspot.com" ပါ ကျွန်တော့်ဘလောက်ကိုလည်း အများသိစေချင်ပါတယ်။ အခုတော့ဘာမှမရေးရသေးပါဘူး။စမ်းသပ်နေရလို့ပါ။အကို့ အကူအညီလည်းရချင်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  3. ကျွန်တော်လည်း သဘောကျတယ် ။ကျွန်တော် mail က

    aungkaungmyat86@gmail.com

    ReplyDelete