December 11, 2007

Pfingo


ဟိုတစ်နေ့က အင်တာနက်ကဖီးမှာသုံးရင်း တော်တော်အသုံးကျတဲ့ softphone လေးတစ်ခုတွေ့တယ်။ Pfingo တဲ့။ စင်ကာပူက မိုဘိုင်းဖုန်းတွေကို ခေါ်လို့ရတယ်။ ကျွန်တော့်အတွက်တော့ အရမ်းပြေတယ်။ စင်ကာပူက သူငယ်ချင်းတွေရဲ့ မိုဘိုင်းဖုန်းကို ကွန်ပျူတာရှေ့ကနေ လှမ်းခေါ်လို့ရပြီလေ။ သူငယ်ချင်းတွေဆိုလို့ သိပ်တော့ အထင်မကြီးပါနဲ့ဦး။ နှစ်ယောက်တည်းရှိတာ။ မအိအိနဲ့ ကိုနိုင်မင်းထွန်းပေါ့။ အဲ..ကိုယ်ရေးကိုယ်တာတွေပါကုန်ပြီ။ အဲဒီ softphone အကြောင်းဆက်ပြောမယ်နော်။ Singup လုပ်တဲ့အခါမှာတော့ စင်ကာပူက မိုဘိုင်းဖုန်းနံပါတ်တစ်ခု ရိုက်ထည့်ပေးရပါတယ်။ ပြီးတော့ သူက အဲဒီဖုန်းဆီ PIN code လှမ်းပို့လိုက်တယ်။ ပြီးတော့ အဲဒီ PIN code နဲ့ ဆက်ပြီး register လုပ်။ အဲ..ပြီးသွားရင် ဘယ်ဖုန်းနံပါတ်သုံးချင်လဲဆိုပြီး ရွေးခိုင်းတယ်။ အကုန်လုံး 3 series တွေပါပဲ။ ကိုယ်ကြိုက်တာရွေး။ နောက်ဆုံးမှာ ကိုယ် email inbox ထဲကို user id ရောက်လာလိမ့်မယ်။ ပြီးတော့မှာ Pfingo Talk ကို download ချပြီး သုံးပေးတော့ဗျာ။ ပြီးတော့ email တစ်ခုလည်း ရဦးမှာနော်။

No comments:

Post a Comment