May 29, 2007

အခေါင်းအရောင်းအ၀ယ်

တစ်ခါက အခေါင်းရောင်းသူတစ်ယောက်ထံ လူတစ်ယောက်က အခေါင်းလာဝယ်လေသည်။`အခေါင်းတစ်လုံးလောက်လိုချင်လို့ဗျာ..တစ်လုံးဘယ်လောက်လဲ´ ဟုမေးရာအခေါင်းရောင်းသူက `တစ်လုံးတစ်သောင်းခွဲပါ´ ဟုပြန်ပြောလေသည်။အခေါင်းဝယ်သူက `မများလွန်းဘူးလားဗျာ..လျော့ပါဦး´ဟုဆိုလေသည်။အခေါင်းရောင်းသူက `ဈေးတော့မဆစ်ပါနဲ့နောင်ကြီးရယ်..လိုချင်ရင် အခေါင်းသေးတစ်လုံးအပိုပေးပါ့မယ်´

သုသာန်မြေနေရာဖြစ်သည်

တစ်ခါက ဆိုင်းဘုတ်ပန်းချီဆရာတစ်ယောက်ဟာ
မဖြစ်ပါဘူးဗျာ..ဒီဆိုင်းဘုတ်ကို ကျုပ်ကိုယ်တိုင် သွားပို့မှဖြစ်မယ် လို့ညည်းတွားလိုက်သတဲ့
အဲဒီမှာ သူ့အသိတစ်ယောက်က
ဟာ..ခင်ဗျားလို ပညာရှင်က ပညာရှင်လိုနေစမ်းပါဗျာ၊ သူ့ဘာသာသူ လာယူလိမ့်မပေါ့
ဘာသွားပေးစရာလိုတုန်း
ခင်ဗျားက ပြောရော့မယ်..ဆိုင်းဘုတ်ကိုလည်းဖတ်ကြည့်လိုက်အုန်း
ထိုသို့ပြော၍ဆိုင်းဘုတ်ကိုလှမ်းကြည့်လိုက်သောအခါ
ဆိုင်းဘုတ်တွင် ရေးထားသည်မှာကား
ဤနေရာသည် သုသာန်မြေနေရာဖြစ်သည်...တဲ့.

May 24, 2007

Feeds တွေသုံးသင့်ပြီဗျို့

Feed ဆိုတာက Website တွေရဲ့ Update ဖြစ်နေတဲ့အကြောင်းအရာတွေကို အနှစ်ချုပ်ဒါမှမဟုတ် အပြည့်အစုံဖော်ပြပေးတဲ့ XML File တစ်ခုပါ။Feed တွေကို အသုံးပြုခြင်းအားဖြင့် ကိုယ်အမြဲတမ်းကြည့်နေတဲ့ Website တွေရဲ့ Update Content တွေကိ တစ်ခါတည်းနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Website တွေအများကြီးဖွင့်ပြီး ကြည့်ရတဲ့အချိန်တွေ သက်သာသွားမှာဖြစ်ပါတယ်။Feed Format နှစ်မျိုးရှိပါတယ်။ RSS & Atom ပါ။ ကိုယ်အဆင်ပြေတဲ့ဟာ သုံးလို့ရပါတယ်။လိုအပ်တာကတော့ Feed Reader ပါ။ Feed Reader ထဲမှာ ကိုယ်မှန်မှန်ကြည့်နေတဲ့Website တွေရဲ့ Feed patch ကိုထည့်ပေးရမှာပါ။ကျွန်တော်အကြိုက်ဆုံး Online Feed Reader ကတော့ http://reader.google.com/ ပါ။Google Account မရှိသူတွေအတွက် http://www.bloglines.com/ ကိုလည်းသုံးနိုင်ပါတယ်။ကဲ..ဒါဖြင့် ဘယ်လိုစသုံးမလဲ။ဥပမာအနေနဲ့ http://news.google.com/ ကိုဝင်ကြည့်ပါ။ပုံမှာပြထားတဲ့ RSS ဆိုတဲ့ link ကိုနှိပ်ပါ။ ထွက်လာတဲ့ Page ရဲ့ Link ကို Copy လုပ်ပါ။


reader.google.com ကိုသွားပါ။ Login လုပ်ပါ။Google reader ပွင့်လာရင် Add Subscription ဆိုတဲ့ Link ကိုနှိပ်ပါ။Text Box ထဲမှာ Paste လုပ်၊ Add ကိုနှိပ်လိုက်ရင် Google News Feed တွေကိုဖတ်လို့ရပါပြီ။ ဒီနည်းနဲ့ တခြား Website တွေရဲ့ Feed တွေကိုလိုက်ထည့်ပါ။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး Website အများကြီးရဲ့ Update အကြောင်းအရာတွေကို reader.google.comကနေ သိရှိနိုင်ပါပြီ။

သစ်ခုတ်သမားနဲ့ ပုဆိန်

တစ်ခါက သစ်ခုတ်သမားတစ်ယောက်ဟာ ပုဆိန်တစ်လက်နဲ့ သစ်ခုတ်တယ်တဲံ။စခုတ်စခါက တစ်နေ့ကိုအပင်နှစ်ဆယ်လောက် ခုတ်နိုင်တယ်။ ဒါနဲ့ပဲ အချိန်ပိုယူဇွဲမလျော့ပဲ ဆတ်ခုတ်ပေမဲ့ တဖြည်းဖြည်းနဲ့ ခုတ်နိုင်တဲ့အပင်အရေအတွက်ဟာ နည်းနည်းလာတာကို သတိပြုမိပေမဲ့ ဘာကြောင့်မှန်း သူစဉ်းစားလို့မရဘူးဖြစ်နေသတဲ့။အဲဒီမှာ လမ်းဘေးခရီးသွားတစ်ယောက်က ခင်ဗျှားပုဆိန်ကို မသွေးသေးဘူးလား လို့မေးတယ်အဲဒီမှာ သစ်ခုတ်သမားက ကျွန်တော့်မှာ ခုတ်စရာအပင်တွေအများကြီးကျန်သေးလို့မသွေးနိုင်သေးပါဘူးဗျာ လို့ ပြန်ပြောသတဲ့။

May 23, 2007

Comparing IE And Firefox

ကျွန်တော်က Firefox Crazy ပါ။ အင်တာနက်စသုံးခါစက IE ကိုပဲသုံးပါတယ်။ နောက်ပိုင်းမှာမှ Firefox ကိုသုံးတာပါ။Firefox က IE ထက်ပိုမြန်ပါတယ်။ နောက်တစ်ချက်က Security ပါ။ Firefox ကIE ထက် Security ကောင်းပါတယ်။ အောက်က IE နဲ့ Firefox နှိုင်းယှဉ်ချက်ပုံလေးကို ကြည့်ပါ။








MP3 Playerမှာသီချင်းစာသားပေါ်အောင်လုပ်နည်း

အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်းစာသားပေါ်အောင်လုပ်လို့ရနေပါပြီ။ နည်းကလွယ်လွယ်လေးပါ။ ပထမဆုံး သီချင်းဖိုင်ကို MP3 ထဲထည့်ပါ။ ဥပမာ- M2M-Pretty Boy ဆိုပါတော့။သီချင်းစာသားဖိုင်ကို http://www.lrcdb.org/ ကနေ ရယူပါ။ ပြီးတော့ MP3 ထဲထည့်ပါ။သတိထားရမှာက စာသားဖိုင်နဲ့ အသံဖိုင်နဲ့ ဖိုင်အမည်ခြင်း တူရပါ့မယ်။ဒါဆိုရင် စနားထောင်လို့ ရပါပြီ။MP3 ကိုဖွင့်၊ နားကျပ်ကိုတပ်၊ သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကိုသုံးစက္ကန့်လောက်နှိပ်လိုက်ရင်သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်

May 19, 2007

Introduction

ကျွန်တော့်ဘလော့ဂ်လေးကိုလာကြည့်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကွန်ပျူတာနည်းပညာနဲ့ဆိုင်ရာလေးတွေကို ပုံမှန်ရေးသွားမှာဖြစ်ပါတယ်။