February 26, 2008

တကယ်ကို ယူကြုံးမရဖြစ်ရပါတယ် ရတနာပုံရေ

ခါတိုင်းဆို မန္တလေးသွားသွားပြီး ကွန်ပျူတာဝယ်ပေးရတဲ့အခါ MICT Park ကိုသွားနေကြပါ။ လိုက်ဝယ်ခိုင်းတဲ့သူတွေလည်း Mandalay MICT Park ကိုကြည့်ပြီး သဘောကျတဲ့အကြောင်းပြောကြတဲ့အခါ ကိုယ်အနေနဲ့လည်း ဂုဏ်ယူလို့မဆုံးပါဘူး။ ဒီ MICT Park ဖြစ်လာဖို့ဆိုတာကလည်း လွယ်တာမှမဟုတ်ပဲ။ အခုတော့ ဘယ်သူ့ကြောင့်လဲဗျာ။ ဘယ်အရာတွေကြောင့်လဲ။ ကျွန်တော်တို့ တန်ဖိုးထားရတဲ့နေရာကြီး မီးလောင်ပျက်စီးသွားရပြီ။ တကယ့်ကို ယူကြုံးမရဖြစ်ရပါတယ်။ ဘယ်လိုစလောင်တယ်ဆိုတာလည်း မသိရသေးဘူး။ မြန်မာကွန်ပျူတာလောကက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ထူထောင်ပေးကြပါဦး။ ကျွန်တော် စိုးရိမ်မိတဲ့နေရာကတော့ Active Multimedia ပါပဲ။ ခွေတွေများ ပါသွားသလာမသိဘူး။ ပါသွားရင်တော့ တကယ့်ကို နှမြောစရာပါပဲဗျာ။ ငွေကျပ် သန်းပေါင်းများစွာဆုံးရှုံးမယ်လို့ တွက်မိတာပဲ။ အဲဒီက ဆိုင်ခန်းပိုင်ရှင်တွေ အတွက်လည်း တကယ်စိတ်မကောင်းပါဘူးဗျာ။ တတ်နိုင်တဲ့ဘက်က ကူညီချင်ပေမဲ့ မဖြစ်နိုင်တော့လည်း စိတ်မကောင်းပါဘူးလို့ ပြောရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။

No comments:

Post a Comment