February 27, 2008

blog ရေးရတာ၊ ကြည့်ရတာတွေ အဆင်ပြေစေဖို့

ခင်ဗျားတို့တော့ ဘယ်လိုနေလဲမသိဘူး။ ကျွန်တော်တော့ ဘလော့ခ်ရေးရင် ??? တွေနဲ့ ညားရတာ ခဏခဏ ကြုံရတယ်။ အစကတော့ ဘာကြောင့်မှန်းမသိဘူး။ ဇော်ဂျီလည်း တင်ထားပါတယ်။ ဖောင့်လည်း assign လုပ်ထားပါတယ်ပေါ့။ နောက်ပိုင်းမှ Browser တွေကို သေချာပြန်ကြည့်လိုက်တဲ့အခါမှ အဆင်ပြေသွားတဲ့နည်းလေး တစ်ခု တွေ့လိုက်ပါတယ်။ လုပ်နည်းကတော့ Firefox သုံးတဲ့သူဆိုရင် Tools>Option>Content ကို သွားပါ။ အဲဒီမှာ Default Font ဆိုတာ တွေ့ပါလိမ့်မယ်။ အဲဒါကို Zawgyi One ပြောင်းပေးလိုက်ပါ။ IE သုံးတဲ့သူဆိုရင် Tools>Internet Option ကိုသွားပါ။ Font ကိုနှိပ်ပါ။ အဲဒီမှာလည်း Zawgyi One ကိုပြောင်းလိုက်ပါ။ ဘလော့ခ်ရေးတဲ့အခါမှာဆိုရင်တော့ post တွေရေးတဲ့ Text Box ကြီးရဲ့ အပေါ်မှာ Font drop down list box ရှိပါတယ်။ အဲဒီမှာ Arial ကို ပြောင်းပြီးမှ ရေးပါ။
အားလုံး အဆင်ပြေနိုင်ကြပါစေ။

No comments:

Post a Comment