February 28, 2008

Windows XP ကို USB Memory Stick မှ အသုံးပြုခြင်း

ကြာတော့ကြာပါပြီ။ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်မှာ စကားပြောရင်း တစ်ယောက်က သူ့ Hard Disk ပျက်သွားတယ်တဲ့။ အသစ်ဝယ်ဖို့ ငွေလည်းမရှိဘူး။ BartPE ကို Memory Stick ကနေ သုံးလို့ရရင် ကောင်းမှာပဲလို့ ပြောပါတယ်။ (BartPE ဆိုတာ Program တစ်ခုဖြစ်ပြီး Windows XP ခွေကနေ လိုအပ်တဲ့ဖိုင်တွေယူပြီး CD ခွေကနေ Windows XP ကိုအသုံးပြုလို့ရနိုင်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်)။ ကျွန်တော်က ဖြစ်နိုင်လောက်တယ်လို့ပြောပြီး စပြီး ကြိုးစားပါတော့တယ်။ အင်တာနက်ကနေရှာ လိုက်လုပ်၊ မရ၊ လိုက်လုပ်ကြည့် မရလိုက်နဲ့ မိုးလင်းတဲ့ညတွေလည်း များခဲ့ပါပြီ။ အခုတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။ Windows XP ကို Memory Stick ကနေသုံးနိုင်ပါပြီ။ Program တွေလည်း သုံးနိုင်ပါမယ်။ ဒါပေမဲ့ ဒီဘလော့ခ်မှာ တင်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ပြောတဲ့ ပြဿနာတွေဆိုတာက ဒါကိုသုံးပြီး Password ကျော်တာတွေ၊ Hard disk ထဲက Data တွေကို ခိုးယူတာတွေ စသည်ဖြင့် ဖြစ်လာမှာကို ကျွန်တော်စိုးရိမ်ပါတယ်။ ဒါကြောင့် လိုချင်တဲ့သူများ ကျွန်တော့်ဆီကို အီးမေးလ်ပို့ပါ။ ဘာကြောင့်သုံးဖို့လိုအပ်တာ လဲဆိုတာကိုပါ ထည့်ရေးပေးပါ။ ကျွန်တော်က လုပ်ပုံလုပ်နည်း PDF File ကို လှမ်းပို့ပေးပါ့မယ်။

3 comments:

  1. again n again i request from all of u that pdf n more information...

    But

    until now no one responce on it

    :(

    ReplyDelete
  2. တောင်းပန်ပါတယ်ဗျာ။ ဒီ Link ကနေ down လို့ရပါပြီ။
    http://zawthureintun.googlepages.com/Using_Windows_XP_From_Memory_Stick.pdf

    ReplyDelete
  3. access denied ko bal lo lote ya mar lal pls

    ReplyDelete