June 3, 2008

Cbox မှ မေးခွန်းမေးကြသော သူငယ်ချင်းများသို့

ကျေးဇူးပြုပြီး Cbox ကနေ တစ်ခုခုမေးရင် Email လိပ်စာလေးတွေ ထားပေးခဲ့ပါ။ သိတဲ့အတိုင်း Cbox မှာ ရေးထားတာက ကြာသွားရင် နောက်ရောက်သွားတာကိုး။ အဲဒီတော့ သူငယ်ချင်းတို့က မေးခွန်းတွေမေးထားမယ်။ ကျွန်တော်က နောက်ကျပြီးမှ ဖြေရင် မေးခွန်းကတစ်ခြား၊ အဖြေက တစ်ခြား ဖြစ်သွားမှာပေါ့။ အဲဒီတော့ Cbox ဖတ်တဲ့သူတွေ မျက်စိလည်ကုန်ရော။ Email လေးချန်ထားခဲ့ရင် ကျွန်တော်လည်း Reply လုပ်ရတာလွယ်တယ်၊ အများသိချင်တာနဲ့ ကိုက်ညီတဲ့ မေးခွန်းဆိုရင်လည်း ဒီ Blog တင်ရတာ လွယ်တာပေါ့။ နော်..အဲဒါကြောင့်ပါ။ Cbox ကနေ မေးကြမယ်ဆိုရင် Email လေး ချန်ထားခဲ့ပါ။ Email မထားခဲ့ချင်ဘူးဆိုလည်း ကျွန်တော်တို့ဆီကို တိုက်ရိုက် Email ပို့နိုင်ပါတယ်။

No comments:

Post a Comment