June 4, 2008

PhProxy အဆက်

PhProxy အကြောင်းကို ကျွန်တော်ရေးပြီတဲ့နောက် လိုက်သုံးကြည့်တဲ့သူတွေ အစပိုင်းအဆင်ပြေပေမယ့် နောက်ပိုင်း အဆင်မပြေတော့ဘူး အီးမေးလ်တွေပို့ပြီး ပြောကြပါတယ်။ အဲဒါအတွက် ဖြေရှင်းနည်းလေးကို တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ဘာကြောင့် အလုပ်မလုပ်တော့တာလဲ ဆိုတော့ PhProxy နဲ့ ဆက်သွယ်ထားတဲ့ Proxy Server တွေ မအားတော့တာ၊ မရှိတော့တာကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် နောက်ထပ် Proxy Server အသစ်တွေနဲ့ ထပ်မံချိတ်ဆက်ဖို့လိုပါတယ်။ လုပ်နည်းကတော့
၁။ PhProxy install လုပ်ထားတဲ့ Firefox ကိုဖွင့်ပါ။
၂။ Tools ကနေ Add ons ကိုရွေးပါ။
၃။ ပေါ်လာတဲ့ box ထဲမှာ PhProxy ပေါ်မှာ တစ်ချက်နှိပ်ပါ။ Options ကိုနှိပ်ပါ။
၎။ ဘယ်ဘက်က Server Updating ပေါ်မှာ တစ်ချက်နှိပ်ပါ။
၅။ Update from Server ကို တစ်ချက်နှိပ်ပါ။ ခဏစောင့်ပါ။
၆။ ပြီးရင် ဘယ်ဘက်က Proxy Setup ကို ပြန်သွားပါ။
၇။ အဲဒီမှာ Other available sever ဆိုတဲ့ drop down list box လေးရှိပါတယ်။ အဲဒါကို ဖွင့်ပြီး တခြား server တွေကို ရွေးပါ။
၈။ Save New Server ကိုနှိပ်ပါ။ ပြီးရင် အဲဒီ box တွေကနေ ထွက်လိုက်ပါ။
၉။ PhProxy ကိုသုံးကြည့်ပါ။ အဆင်မပြေရင် အပေါ်ကနည်းအတိုင်း တခြား server တွေကို ပြောင်းသုံးကြည့်ပါ။

အဆင်ပြေကြပါစေ။

အိုင်တီမန်း

No comments:

Post a Comment