July 4, 2008

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၃)

uvitjota@gmail.com: svchost.exe virus စက်ထဲရောက်နေလို့ တစ်လုံးကတော့ ဒေါင်းသွားပြီ။ အဲဒီအတွက် အကူအညီ လိုနေလို့ လှမ်းပြောရတာပါ။
အဖြေ- svchost.exe ဆိုတာက windows ကြီး အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် run နေရတဲ့ process တွေပါ။ Virus တွေ ဘယ်လောက်ပဲအစွမ်းထက်ထက် windows process ရဲ့ နာမည်တွေအတိုင်း မrun နိုင်သေးပါဘူး။ ဒါကြောင့် တတ်နိုင်ရင် အပြည့်အစုံ ပြောပြပေးပါ။ အဲဒီ Virus က windows ကို ဘယ်လိုလုပ်လိုက်သလဲ။ မေးခွန်းထဲမှာ တစ်လုံးကတော့ ဒေါင်းသွားပြီလို့ ပါတယ်။ ဘယ်လိုဒေါင်းတာလဲ။ ပြီးတော့ Kaspersky တင်ပြီး နောက်ဆုံး Update နဲ့ရော သတ်ကြည့်သေးလား။

cm17: ယိုးဒယားဝင်းဒိုးတင်ထားတဲ့စက်မှာ language ပြောင်းချင်ရင်ဘယ်လိုပြောင်းရမလဲဆိုတာလေး ကျေးဇူးပြု၍ ဖြေပေးပါဦး
အဖြေ: Windows မှာ ပေါ်သမျှတွေအကုန်လုံး ယိုးဒယားလိုဖြစ်နေတာလား။ ဒါမှမဟုတ် တချို့နေရာတွေပဲ ဖြစ်နေတာလား။ အဲဒါလေး ပြန်ပြောပါဦး။ လောလောဆယ်တော့ ဒီနည်းလေးနဲ့ စမ်းကြည့်ပါ။ Start ကနေ Control Panel ကိုသွားပါ။ Regional and Language Options ကိုဖွင့်ပါ။ အဲဒီမှာ Regional Options ရယ်၊ Language ရယ်၊ Advanced ရယ်ဆိုပြီး Tab သုံးခုပါပါတယ်။ Regional Option Tab ရဲ့ အပေါ်ဆုံး drop-down list box ကိုဖွင့်ပြီး English (United States) ကို ရွေးပါ။ ပြီးရင် Advanced Tab ကို ဖွင့်လိုက်ပါဦး။ အဲဒီမှာပါတဲ့ အပေါ်ဆုံး box ထဲမှာလည်း English(United States) ကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ဒါဆို ရပါပြီ။

tuang: Dear,sia Please,how can i solve Antivirus, update,thank.
အဖြေ: Antivirus က ဘယ် Antivirus ကို ပြောပါသလဲ။ အဲဒါလေး ပြန်ပြောပေးပါဦး။

htinlinn: my office use MPT ADSL connection and BaganNET email accounts, before this time, can download emails with MPT ADSL, now cann't, pls tell me how to fix that, mail to me. Thanks a lot
အဖြေ: အစ်ကိုသုံးတဲ့ Email Program ကို သိမှဖြစ်ပါမယ်။ Outlook Express လား။

komin: english-myanmar dictionary ဘယ်မှရှာရမှန်းမသိပါ။ကျေးဇူးပြုပြီးအကို့ blog မှာတင်ပေးစေချင်ပါသည်။
အဖြေ: komin ရေ ပို့ပေးလိုက်ပြီနော်။ ကျွန်တော့်ဘလော့ခ်မှာ ပါပြီးသားပါ။ သေချာလေးကြည့်စမ်းပါဦး။

wathan: ကျန်တော်ကိုလည်းတစ်ခုလောက်ကူညီပါအုံး..kaspersky 7.0.128 မှာkey မတောင်းတဲ့ key တစ်ခုလောက်လိုချင်လို့ ပါ..
အဖြေ: www.kavkiskey.com မှာ key တွေ အများကြီးပေးထားပါတယ်။ download လုပ်ပြီး တစ်ခုပြီးတစ်ခု စမ်းကြည့်ပါ။ Blacklist မဟုတ်တဲ့ key တွေ့ပါလိမ့်မယ်။

No comments:

Post a Comment