July 4, 2008

Svchost.exe Virus ကို နှိမ်နင်းနည်း

ကျွန်တော်ကတော့ မကြုံဘူးသေးဘူး။ ဒါပေမဲ့ တော်တော်များများက svchost.exe ဗိုင်းရပ်စ် အတော်လေးသောင်းကျန်းနေတယ်လို့ ပြောကြပါတယ်။ ဒီဘလော့ခ်လေးကို ခဏလာလည်တဲ့ ကိုမျက်လုံးက အဲဒီ svchost.exe ဗိုင်းရပ်ကို open source anitvirus တစ်ခုဖြစ်တဲ့ clamwin နဲ့ နှိမ်နင်းလို့ ရတယ်လို့ ပြောသွားပါတယ်။ အောက်မှာ ပေးထားတဲ့ link နဲ့ download လုပ်နိုင်ပါတယ်။

http://downloads.sourceforge.net/clamwin

1 comment:

  1. သဉ္ဖာ သိသလောက်တော့ svchost.exe က virus မဟုတ်ပါဘူး။ windows ရဲ့ dll တွေကို ခေါ်တဲ့ service တစ်ခုပါ။ service တွေ အများကြီးကို ခေါ်ထားရင် windows processes မှာ svchost.exe instance တွေ အများကြီး တွေ့နေရမှာပါ။ ဒီလိုအချိန်မှာ စက်က နှေးသွားတတ်ပါတယ်။ အဲဒါကို virus လို့ လူတွေက အထင်မှားကြပုံ ပေါ်ပါတယ်။ svchost.exe က ဘယ် service တွေ အတွက် run နေသလဲဆိုတာ သိချင်ရင် command prompt မှာ C:\>tasklist /SVC လို့ ရိုက်ထည့်ပြီး ကြည့်နိုင်ပါတယ်။ ကိုယ်မလိုဘူးထင်တဲ့ process တွေကို ရပ်လိုက်ရင် windows နှေးနေတာ လျော့သွားမှာပါ။

    ReplyDelete