July 23, 2008

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၉)

thinzar: အခု windows explorer, internet explorer, applications ဘာဘဲ ဖွင့်ဖွင့် သူတို့ရဲ့ windows က active ဖြစ်လိုက် inactive ဖြစ်လိုက် ဖြစ်နေပါတယ်။ အထူးသဖြင့် စာရိုက်ရင် အရမ်း စိတ်ညစ်ရပါတယ်။ စာရိုက်ရင်း တန်းလန်း windows inactive ဖြစ်ဖြစ်သွားတော့ cursor ပြန်ပြန်ထောက်ပေးနေရတယ်။ windows XP သုံးပါတယ်။ Norton Corporate, Spybot နဲ့ scan လုပ်ပြီးပါပြီ။ virus မတွေ့ပါဘူး။ recently installed လုပ်ထားတဲ့ software တွေ အကုန်လဲ uninstall လုပ်ပြီးပါပြီ။ အခုထိ ဖြစ်နေတုန်းဘဲ။ ကွန်ပျူတာ ဖွင့်ပြီး ၂နာရီလောက်အထိ အဲလို ဖြစ်ပြီး နောက်ပိုင်း မဖြစ်တော့ပါဘူး။ အဲဒါ ဘာကြောင့်လဲ။ ဘယ်လို ဖြေရှင်းရမလဲဆိုတာ သိရင် ပြောပြပေးပါလား။ ကျေးဇူးတင်ပါတယ်။
TweakUI     ဆိုတဲ့ program နဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒီမှာနှိပ်ပြီး download လုပ်ပါ။ ပြီးရင် install လုပ်ပါ။ Start>programs>powertoys>tweakui ကိုသွားပါ။ General ကိုနှိပ်ပါ။ Expand လုပ်ဖို့ + ကိုလုပ်ပါ။ ပြီးရင် Focus ကို select လုပ်ပါ။ prevent applications from stealing focus ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆိုရပါပြီ။

rui: ကျွန်တော် Singapore ကပါ။ torrent ကို ဘယ်လို download လုပ်ပါသလဲ။
utorrent ဆိုတဲ့ program နဲ့ download လုပ်ရပါတယ်။ www.utorrent.com မှာ ရနိုင်ပါတယ်။

kaungkhinmoe: အစ်ကိုရေ ကျွန်တော့် စက်မှာ တစ်ချို့ ဘလော့ခ်လေးတွေဖတ်တဲ့အခါ သ?စ? လိုမျိုးလေးပေါ်ပေါ်နေတယ် ဘာကြောင့်လည်းဆိုတာဖြေကြားပေးပါအုံး ။လေးစားအားကျလျှက်
တချို့ဘလော့ခ်တွေဆိုတော့ ခင်ဗျားစက်နဲ့မဆိုင်တော့ဘူးဗျ။ အဲဒီဘလော့ခ်ရေးတဲ့သူရဲ့ လိုအပ်ချက်ပါ။ အများအားဖြင့် Zawgyi Win2Unicode နဲ့ ရေးတဲ့ post တွေဟာ ကောင်းကောင်းမပေါ်ပါဘူး။

minmin: pls tell me about fedora file server and window, i had problum,it is face was can't use from window,i had use, fedora 7,8,9 but i can't resolvoe for it
Linux ပိုင်းကို ကျွန်တော်မလုပ်သေးလို့ မသိသေးပါဘူးခင်ဗျာ။ တောင်းပန်ပါတယ်။

Sai Lwinn: I have 2 window xp in different directory (C & D). So how could I remove unnecessary one (D).
Partition Magic ဆိုတဲ့ Program နဲ့ ဖျက်လို့ရပါတယ်။ တကယ်တမ်းကျ partition ကို ဖျက်ရုံသက်သက်ဆို software မလိုပါဘူး။ ဒါပေမဲ့ ဖျက်လိုက်တဲ့အခါ ထွက်လာတဲ့ free space ကို C ထဲမှာ သွားပေါင်းဖို့အတွက် software သုံးရတာပါ။ XP မှာ partition တွေ ပေါင်းနိုင်တဲ့ feature မပါဘူးလေ။

evil: ကိုသူရီန်ရေ၊ Microsoft ရဲ. automatic update က On ထားရင်ကောင်းလား၊Off ထားရင်ကောင်းလား၊ Off ထားရင် ဘာဆိုးကျိုးတွေ ရလာနိုငိလဲ။ ရှင်းပြပေးပါခင်ဗျာ။
AU ကို On ထားရင် ကောင်းတာပေါ့ဗျာ။ Off လုပ်ရင်တော့ ဆိုးကျိုးတော့မရှိပါဘူး။ Microsoft က ထုတ်ပေးနေတဲ့ Updates တွေ မရတော့မှာပဲရှိတာ။

tuntun: I want to joy your myanmarbloggers.org.
ဒီဘလော့ခ်မှာ ရေးပြီးသားပါ။

Apple: ကွန်ပြူတာ Screen ကတစ်ခါတစ်ခါ သေးလိုက်ကြီးလိုက်ဖြစ်နေတယ်- Virtus ကိုက်တာလားမသိဘူး- ကယ်ပါဦး-ဘယ်လိုပြန်လုပ်ရမလဲဟ င်- ကယ်ပါ
ခင်ဗျားမေးမှပဲ ကြားဖူးတော့တယ်။ ဘယ်အချိန်မှာ ဖြစ်တတ်တာလဲ။ ကွန်ပျူတာဖွင့်ဖွင့်ချင်းလား။ ဒါမှမဟုတ် ဘယ်အချိန်မှာဖြစ်တာလဲ။ ဒီအတိုင်းနေရင်း ကြီးလိုက်သေးလိုက်ဖြစ်တာလား။ Program တစ်ခုခုကို ဖွင့်မှဖြစ်တာလား။ အသေးစိတ်လေးကို email ပို့ပေးလိုက်ပါ။ စိတ်ဝင်စားတယ်ဗျာ။ လုပ်ပေးချင်ပါတယ်။

samelann: အကိုရေ ကျွန်တော wimax အကြောင်းသိချင်လို့ ရှင်းပြပေးစေချင်ပါတယ်ဗျာ။။
ခင်ဗျားက အပေါ်ယံလောက်လား။ detail လား။ detail ဆိုရင်တော့ Ebook တွေရှိပါတယ်။ ရှာကြည့်လိုက်ပါ။ ကျွန်တော့်ဆီမှာတော့ တစ်အုပ်ရှိတယ်။ လိုချင်ရင် mail ပို့လိုက်ပါ။ နောက်ပိုင်း ကျွန်တော်အချိန်ရရင် ဒီဘလော့ခ်မှာ WiMax မိတ်ဆတ်လောက်တော့ တင်ပေးထားပါ့မယ်။

ကိုအောင်: ကျွန်တော့ဘလော့က domain name ကတော့ာ myanmarbloggers.org ဖြစ်သွားပါပြီ...ဒါပေမယ့် မူလ .blogspot.com မှာကြတော့မရတော့ဘူး.. အစ်ကို လို ဒိုမိန်းနှစ်ခုလုံးမှာရချင်ပါတယ်.. ဘယ်လိုလုပ်ရမလဲခင်ဗျာ..
ခင်ဗျားက redirect မလုပ်လို့ပါ။ blogger ရဲ့ Setting ထဲမှာ Publishing ကိုရွေးလိုက်။ အဲဒီမှာ redirect.... ဆိုတဲ့ checkbox ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို ရသွားပါလိမ့်မယ်။

sithu: အစ်ကိုရေ... ကျွန်တော် ကွန်ပြူတာမှာ blood window virus ကိုက်နေတာ.. ဘယ်လိုမှ သတ်လို့မရဖြစ်နေတယ်.. အစ်ကို တစ်ခါဖြေထားတဲ့ software တွေ့နဲ့ သတ်တာဘဲ.. မရဘူးဖြစ်နေတယ်.. အဲဒါ ဘာဆက်လုပ်ရမလဲ.. ကျွန်တော်စက်ကလည်း data တွေအရမ်းများတယ်.. ပျက်သွားလို့မဖြစ်ဘူး
အခု Kaspersky က သိသွားပြီဗျ။ နောက်ဆုံး Update နဲ့သာ သတ်လိုက်။ အဲဒီကောင် သေရောပဲ။

lynn lynn: hi my great brother i wanna know which website can i use to improve my english skill
www.bbc.co.uk/learningenglish

Crazy Frog: And i want to know free music sites.Special Thanks to u.
www.kohit.net

Crazy Frog: I want to make new gmail account.How can i do?Plz tell me.
Go to mail.google.com via www.blockmenot.com

naing win: ako kyun taw ta ku lout may chin lo par?kyun taw ye` gtalk contact list mhar fri 1 youte ka offline phit nay tae. but kyun taw ko chat lar lote tae.ae` de lo offline nit bae lo use lote la` so tar
Burglish မဖတ်တတ်ဘူးဗျ။

hEhE: menu tabs ထည့်တာကို ကိုရန်အောင်ပြောသလိုလိုက်လုပ်ကြည့်တာမရဘူးဗျာ ဘာဖြစ်တာလဲမသိဘူး
ကိုရန်အောင်ကိုသာ မေးပါတော့ဗျာ။

No comments:

Post a Comment