July 21, 2008

ClearType သုံးကြပါ

ကျွန်တော်တို့တွေ အင်တာနက်သုံးကြသည်။ မြန်မာဘလော့ခ်တွေ ကြည့်ကြသည်။ အိမ်မှာသုံးတဲ့သူကတော့ ထားတော့။ ကဖီးမှာသုံးသူတွေတော့ သတိထားမိမလားမသိဘူး။ တချို့စက်ကိုင်ရင် မြန်မာစာလုံးလေးတွေကြည့်ရတာ ကြည်လင်ပြတ်သားနေပြီး တချို့စက်မှာကျတော့ စာလုံးတွေက ဖွာတာတာဖြစ်နေမျိုးကိုလေ။ အဲဒါဘာကြောင့်ပါလဲ။
ဟုတ်ကဲ့..အဲဒါဘာကြောင့်လဲဆိုတော့ Windows XP မှာပါတဲ့ ClearType ကို သုံးထားတဲ့စက်နဲ့ သုံးမထားတဲ့စက်..ကွာခြားချက်ကတော့ အဲဒါပါပဲ။ ကဲ..အဲဒီတော့ မော်နီတာပေါ်တဲ့ စာလုံးတွေ ပြတ်သားရှင်းလင်းစွာပေါ်အောင် ClearType ကို အသုံးချလိုက်ပါ။ (မှတ်ချက်- LCD မော်နီတာသုံးပါက မဖြစ်မနေ လုပ်ဆောင်သင့်ပါသည်။)
ClearType ကို Apply လုပ်နည်း
၁။ Desktop ပေါ်တွင် Right Click လုပ်ပြီး Properties ကိုရွေးပါ။
၂။ Apperance Tab ပေါ်တွင် တစ်ချက်နှိပ်ပါ။
၃။ ပြီးရင် Effect button ပေါ်တွင်နှိပ်ပါ။
၎။ Use the following method to smooth..... က အမှန်ခြစ်ပြုတ်နေရင် ထည့်လိုက်ပါ။
၅။ ပြီးရင် သူ့အောက်က drop-down list box မှာ ClearType ကိုရွေးလိုက်ပါ။
၆။ OK တွေ နှိပ်ပြီး ထွက်လိုက်ပါ။ မော်နီတာပေါ်က စာလုံးတွေ ချက်ချင်းပဲ ကြည်လင်ပြတ်သားသွားပါလိမ့်မယ်။

1 comment:

  1. အရင်တုန်းက လုံးဝ သတိမထားမိဘူး။ ဒီပို့စ်ဖတ်မိမှ clear type ပြောင်းလိုက်တာ LCD မှာ သိသိသာသာ ကြည်သွားတယ်။ thanks for the tips!

    (မေးခွန်းတစ်ခုလောက် မေးချင်လို့။ ဖြစ်နိုင်မယ်ဆိုရင် cbox မှ မေးခွန်းများအား ဖြေကြားခြင်းမှာ ထည့်ဖြေပေးပါနော်။ cbox မှာ ရေးရင် မဆန့်မှာ စိုးလို့ပါ။
    အခု windows explorer, internet explorer, applications ဘာဘဲ ဖွင့်ဖွင့် သူတို့ရဲ့ windows က active ဖြစ်လိုက် inactive ဖြစ်လိုက် ဖြစ်နေပါတယ်။ အထူးသဖြင့် စာရိုက်ရင် အရမ်း စိတ်ညစ်ရပါတယ်။ စာရိုက်ရင်း တန်းလန်း windows inactive ဖြစ်ဖြစ်သွားတော့ cursor ပြန်ပြန်ထောက်ပေးနေရတယ်။ windows XP သုံးပါတယ်။ Norton Corporate, Spybot နဲ့ scan လုပ်ပြီးပါပြီ။ virus မတွေ့ပါဘူး။ recently installed လုပ်ထားတဲ့ software တွေ အကုန်လဲ uninstall လုပ်ပြီးပါပြီ။ အခုထိ ဖြစ်နေတုန်းဘဲ။ ကွန်ပျူတာ ဖွင့်ပြီး ၂နာရီလောက်အထိ အဲလို ဖြစ်ပြီး နောက်ပိုင်း မဖြစ်တော့ပါဘူး။ အဲဒါ ဘာကြောင့်လဲ။ ဘယ်လို ဖြေရှင်းရမလဲဆိုတာ သိရင် ပြောပြပေးပါလား။ ကျေးဇူးတင်ပါတယ်။)

    ReplyDelete