July 31, 2008

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း (၁၁)

rui: _AngelCassidy02.exe ဆိုတဲ. file ကို ဖျက်လိုမရဘူး ဘယ်လိုဖျက်လည်း ဆိုတာဖြေကြားပေးပါအုံး။ delete လုပ်ရင် cannot delete file: cannot read from the source file or dick လိုပြတယ်။
Unlocker ဆိုတဲ့ Program နဲ့ ဖျက်ကြည့်ပါ။ Program download link ကိုတော့ Google နဲ့ ရှာလိုက်ပါ။

ကေမောင်ငြိမ်း: တန်းပလိပ်အသစ်ဘယ်လိုများချိန်းလို့ရ မလဲခင်ဗျာ၊ ကျေးဇူးပြုပြီးဖြေကြားစေလိုပါတယ်ခင်ဗျ။
Blogger ထဲဝင် Setting ကိုရွေး၊ Template ကို ရွေး၊ အဲဒီမှာ Pick New ဆိုတာပါပါတယ်။

tunlinkyaw: iPstar & VSAT အကြောင်းသေသေချာချာရှင်းပြပေးတဲ့ site link လေးရှိရင်ပေးပါလားအစ်ကို သူရိန်..
ipstar အတွက်ကတော့ www.ipstar.com မှာ နည်းနည်းပါးပါး ရှင်းပြထားတာကို ဖတ်ဖူးပါတယ်။ VSAT အတွက်တော့ http://en.wikipedia.org/wiki/VSAT ကိုသာ Go လိုက်။

htoochant: အစ်ကိုခင်ဗျား Mozilla firefox ကို မြန်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ဖြေကြားပေးစေလိုပါတယ်
သူ့ရဲ့ configuration ကို သွားပြင်ရင် ရပါတယ်။ address bar မှာ about:config နဲ့ ၀င်ပြင်ပါ။ ဘာဟာက ဘာကို ဆိုလိုတယ်ဆိုတာကိုတော့ ကိုယ့်ဘာသာကို try လုပ်ကြည့်ပါ။

MYA's GCC Student: Hi, Bro,I want to know about the hackers how to hack a system. ( I mean how will they search the weak point before hacking) ,pls answer me ?
ကျွန်တော်ကြားဖူးသလောက်ကတော့ windows က မသုံးပဲနဲ့ ဖွင့်ထားတဲ့ Port ကနေတစ်ဆင့် ဖောက်ပါတယ်။ တခြားနည်းလမ်းတွေလည်း အများကြီးရှိပါသေးတယ်။ပြည့်ပြည့်စုံစုံသိချင်ရင်တော့ How to protect hacking ဆိုပြီး ရှာကြည့်လိုက်ပါ။

TT: အခုgoogleက gmail လုပ်ခွင့်တွေကိုပိတ်ထားပါတယ်။ အဲဒါ gmail account လုပ်လို့ရမယ့် နည်းလမ်းလေးရှိရင် ပြောပါဦးဗျာ။
ကျွန်တော်လည်း ကြုံဖူးပါတယ်။ ဒါပေမဲ့ နောက်တစ်ရက်၊ နှစ်ရက်နေတာ့ ရသွားပါတယ်။ ပြီးတော့ ကွန်ပျူတာတစ်လုံးဟာ Gmail တွေ အများကြီး ယူထားရင် Google က နောက်ထပ် မပေးတော့ပါဘူး။ ကျွန်တော်ဆို Gmail လုပ်ရင် Cafe တွေမှာ လုပ်လို့ မရဘူး။ သူငယ်ချင်းအိမ်ကို သွားလုပ်ပါတယ်။

ရဲရဲနီ: အစ်ကိုရေ ကျွန်တော့ရဲ့blog လေးကို itmen blog လို ကျော်စရာမလိုပဲ ကြည့်လို့ရအောင်ကူညီပါလား ...ဘယ်လိုလုပ်ရမလဲ..ဟင်
myanmarbloggers.org domain ကို ပြောင်းရင် ရပါတယ်။ ဆက်သွယ်နည်းကိုတော့ ဒီ ဘလော့ခ်မှာ ရေးပြီးသားပါ။

homeless: I want to get it "Windows XP ကို USB Memory Stick မှ အသုံးပြုနည်း"
OK..here is the download link

cthu: my myanmar unicode ကိုဘယ်လိုuninstall လုပ်ရမလဲဟင်?? စမ်းပြီး install လုပ်ကြည့်တာ my input က run လို့လဲမရဘဲနဲ့ ကို့ရို့ကာားယားတွေဖြစ်နေလို့!
flock: <<cthu>>your uninstaller သုံး။
Ko Thurein: MyMyanmar ရဲ့ Uninstaller က start menu မှာ မပေါ်ပါဘူး။ Control Panel ထဲက Add/Remove Program ကနေ တစ်ဆင့် ဖြုတ်ပါ။

No comments:

Post a Comment