July 31, 2008

IT Men များ၏ Cbox

ဒီ IT Men Blog ရဲ့ Cbox မှာ မေးကြတဲ့ မေးခွန်းတွေကို ၀င်ဖြေပေးကြတဲ့ ပညာရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ လှူတယ်ဆိုတဲ့နေရာမှာ ငွေကြေးတွေ၊ ပစ္စည်းတွေ လှူတာမျိုးလည်း ရှိသလို ကိုယ်တတ်တဲ့ပညာတွေကို တခြားသူတွေကို ဖြန့်ဝေပေးခြင်းဟာလည်း ပညာနဲ့ အလှူပြုတာပါပဲ။ တကယ့်ကို မွန်မြတ်တဲ့အလှူပါ။ အခု ကျွန်တော် ဒီနေရာကနေ တိုက်တွန်းလိုတာက ဆက်လက်ပြီး ကွန်ပျူတာကိုင်တဲ့သူတွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ဖြေရှင်းပေးရအောင်ပါ။ ကွန်ပျူတာကျွမ်းကျင်သူအားလုံးကို ကျွန်တော် ဒီနေရာကနေ ဖိတ်ခေါ်ပါတယ်။ အင်တာနက်သုံးတဲ့အခါမှာ အချိန်ရရင် itmen.cbox.ws ကို ၀င်ပြီး ကွန်ပျူတာမေးခွန်းလေးတွေကို ဖြေရင်း ကုသိုလ်ယူကြပါ။ လက်လှမ်းမီရာ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ခေါ်ပေးကြပါ။ Begineer တွေ အနေနဲ့ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး အခက်အခဲရှိရင် itmen.cbox.ws မှာ မေးမြန်းကြမယ်။ ဆွေးနွေးကြမယ်ဗျာ။ ကဲ..စလိုက်ကြရအောင်။ itmen.cbox.ws နော်။

1 comment:

  1. မကြိုက်မှာစိုးလို့ ဘယ်ဆီပုံး မေးခွန်းကိုမှ ၀င်မဖြေခဲ့ဘူး။
    သဘောထားကြီးစွာ လူစွာပေးလုပ်တာ ချီးကျုးမိတယ်။

    ReplyDelete