August 16, 2008

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း 14

အလုပ်ရှုပ်နေသည့်အတွက် Cbox မှ မေးခွန်းများအား ယခုမှ ဖြေကြားနိုင်ခြင်းအပေါ် နားလည်ခွင့်လွှတ်စေလိုပါသည်။ မျက်မြင်ကိုယ်တွေ့ မြင်ရခြင်းမဟုတ်သည့်အတွက် တချို့မေးခွန်းများမှာ မှန်းဆပြီး ဖြေကြားရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မကိုက်ညီမှုတွေ ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။ အဆင်မပြေပါက အီးမေးလ်ပို့ပေးပါ။ ကွန်ပျူတာနှင့် အခက်အခဲကြုံနေသူများကို ပြေလည်စေလိုပါသည်။ ပြေလည်သည်အထိ ကူညီပေးလိုပါသည်။ သို့ပေမဲ့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက်တော့ ကြိုးစားဖြေရှင်းကြည့်ပါ။ အင်တာနက်မှာ ရှာဖတ်ပါ။ မသိလည်း မေးလို့ရနေတာပဲဆိုပြီး အပျင်းထူသူများဖြစ်မသွားစေချင်လို့ပါ။ အချို့သောသူများ၏ မေးခွန်းများသည် ချက်ချင်းမဖြေနိုင်ဘဲ လက်တွေ့ စမ်းသပ်ကြည့်ပြီးမှ ပြောနိုင်မှာမို့ အချိန်ယူရပါသည်။ ထို့ကြောင့် မိမိမေးခွန်းများ မပါသေးပါက ခဏ စောင့်ဆိုင်းပေးပါဦးလို့...

ugsatan: how to configure MPT connection <dynamic> on ISA?
Configure with NAT. NAT include in server 03, not in ISA. But you need two NIC Card. And after configuring at NAT, you will need to re-configure at ISA for work together with NAT.

sailwinn: When I open VCD-dat file in window media player-10, window is restarting.
Try playing with other media player. If it successfully, problem occurs at WMP 10. So try to reinstall it.

k.l.t: vista window တင် ပြီး xp window သုံး လို မ ရ ဘူး ဇြစ် နေတာ ဘာ လို လဲ ခင် ဗျာ .........
windows တက်ရင် Vista နဲ့သုံးမှာလား၊ Earlier Version of Windows နဲ့ တက်မှာလား ဆိုတာ မမေးဘူးလားဗျ။ အဲဒီ Eariler Version of Windows ကို ရွေးပြီး Enter ခေါက်လိုက်ရင် XP နဲ့ တက်လာပါလိမ့်မယ်။ အဲဒီလို ရွေးစရာမပေါ်ဘူး ဆိုရင် boot.ini ထဲ ၀င်ပြင်ရမှာပါ။ boot.ini ၀င်ပြင်တာကတော့ normal user တွေအတွက်တော့ အန္တရာယ်များတယ်။ ပြင်လို့ မှားသွားရင် ၀င်းဒိုးတက်မှာမဟုတ်တော့ဘူးဗျ။ စိတ်ဝင်စားရင်တော့ အင်တာနက်ထဲမှာ ရှာကြည့်ပါ။

kyawko: အကိုရေကျွန်တော့ laptop လေး ရေတွေဝင်သွားလို့ အဲဒါ ဘယ်လိုပြင်ရမလဲ power supply နဲ့ဆိုင်လား laptop types ကIBM Thinkpad ပါ ဆိုင်လဲသွားမပြချင်လို့ပါ အဲဒါလေးပြောပြပေးပါအုံးနော်
အဲဗျ။ ဆိုင်မသွားချင်ရင်တော့ ကိုယ့်ဘာသာကိုယ် ဖြုတ်ရတော့မှာပေါ့။ Tools တွေရော ရှိရဲ့လား။ မရှိရင် သွားဝယ်ထားဦး။ ပြီးရင် ဖြုတ်တော့ပေါ့။ Power Supply ကို အရင် check ကြည့်လေ။ သူ့တစ်ခုတည်း ဖြုတ်ပြီး စမ်းကြည့်ပါ။ Meter တော့ လိုလိမ့်မယ်။ Power Supply ကောင်းရဲ့သားနဲ့ Power မ၀င်ဘူးဆိုရင်တော့ Board ကို check လုပ်ကြည့်ပါ။ ကျွန်တော် အကြံပေးလိုတာကတော့ Laptop ထဲမှာ ပါတဲ့ဟာတွေဟာ နုတယ်၊ သေးတယ်၊ desktop နဲ့ တည်ဆောက်ပုံချင်း အနည်းငယ် ကွဲပြားတယ်။ ဒါကြောင့် နည်းနည်းတော့ သတိထားပါဗျာ။

လှမျိုး: ကျနော် ကွန်ပြူတာ ၀င်းဒိုး XP _3 တင်ပြီး ကိုအိုင်တီမန်းရဲ့ဘလော့ ဖောင့်တွေ့ တချို့ပြောင်းသွားတယ်။ ဘယ်မှာ ပြင်လို့ရလဲ
ကျွန်တော့် ဘလော့ခ်ကို Layout Template ပြောင်းလို့ ဖြစ်သွားတာပါ။ ဒီဘလော့ခ်ရဲ့ ညာဘက်မှာရှိနေတဲ့ How to View Myanmar Blogs Correctly ဆိုတဲ့ ဗီဒီယိုဖိုင်လေးကို download လုပ်ပြီး ကြည့်လိုက်ပါ။

လမင်း: ကိုအိုင်တီမန်း မြန်မာဘလော့်ဂါဒေါ့.orgကို ရှယ်မယ်ဆိုမြန်မြန်ရှယ်လေဗျာ..အကြောင်းကြားပေးပါအုံး
phyoekyaw@gmail.com ကို ဆက်သွယ်လိုက်ပါ။

ugsatan: Brother! Now i'm trying to dual-boot with Fedora9 and OpenSUSE ! but still not successful , so , if u have good idea , please guide me how to do! and if when i success i'll share! hopefully!!!!
Instead of trying actual dual-boot, use virtulization. By using VMWare.

thawdewai: ကျနော်က အင်တာနက်ဆိုင်က ဆာဗာ ကို ဖုန်းလိုင်းကနေ ၀င်ပြီး အင်တာနက် access လုပ်ချင်တာ ပုဂံနက် dial access လိုပေါ့ အဲဒါ advice ပေးပါအုံး
အဲဒီ အင်တာနက်ဆိုင်က ဆာဗာမှာ modem ရှိရမယ်၊ ပြီးတော့ ဖုန်းနဲ့ ချိတ်ဆတ်ထားရပါ့မယ်။ ခင်ဗျားကလည်း ခင်ဗျားစက်မှာ modem တပ်ရမယ်၊ အဲဒီ modem ကို ခင်ဗျား ကြိုးဖုန်းနဲ့ ဆက်သွယ်ထားရမယ်။ ပြီးရင် VPN ဆောက်ရပါ့မယ်။ ဒါဆိုရပါပြီ။ VPN ဆောက်နည်းကို ပြောရင် ရှည်နေမှာမို့ Google ကနေပဲ ရှာလိုက်ပါ။

zin minn: my laptop can't start normally most of time...i'm using F10 and then windows checking a problem. After checking a problem, one box appear that is windows can not repair automatically.
Pressing F10 is to start Automated System Recovery. ASR can't start without having backup floppy disk. So try to use Recovery Console. To do, boot with xp cd and choose recovery console by pressing R. When it start, type these command: fixmbr and also type fixboot.

Myat Thu: ကျွန်တော်က IE7 ကိုသုံးတာပါ။ ခု IE7 ကိုသုံးရတာ spyware alarm တက်လာပြီး IE antivirus ကို dl လုပ်ခိုင်းတယ်.. လုပ်ပြီးသုံးတော့လဲ အဆင်မပြေဘူး.. ဘယ်လိုလုပ်ရမလဲခင်ဗျာ.. ဘာကြောင့်ဖြစ်နိုင်ပါလဲ..
IE ဟာ Spyware တွေ၊ Malware တွေရဲ့ အဓိကပစ်မှတ်ကြီးပဲဗျ။ မေ့လိုက်ပါတော့ဗျာ။ Firefox သာ သုံးပါ။ အဲဒါသာ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။

khant thaw aung: အစ်ကိုရေ အစ်ကိုဘလော့လို domain name လေးပြောင်းချင်လို့ပါ။ ကျော်ရခွရနေလို့
phyoekyaw@gmail.com ကို ဆက်သွယ်ပါ။

No comments:

Post a Comment