August 16, 2008

IT Men's Blog အား အများပိုင်အဖြစ် ပြောင်းလဲမည်

IT Men's Blog ကို ယခင်က ကိုသူရိန် တစ်ဦးတည်းသာ တာဝန်ယူပြီး ရေးသားနေခဲ့ပါသည်။ ယခုအခါ အွန်လိုင်းပေါ်တွင်လည်း ကွန်ပျူတာဘလော့ခ်များ များစွာပေါ်ထွန်းလာပါသည်။ ကွန်ပျူတာဘလော့ခ်များကို လေ့လာသူများအနေဖြင့် ဘလော့ခ်များစွာကို လိုက်လံဖွင့်နေရခြင်းသည် အချိန်ကုန်ခြင်း၊ ကွန်ပျူတာပညာရှင်များအနေဖြင့်လည်း ခရီးတစ်ခုတည်း အတူသွားပြီး တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းမှုမရှိခြင်းများ၊ ရိုင်းပင်းကူညီမှုမရှိခြင်းများ စသည်တို့ကို အဆင်ပြေစေရန် အိုင်တီမန်းဘလော့ခ်အား ကွန်ပျူတာကျွမ်းကျင်သူ မည်သူမဆို ၀င်ရောက်ရေးသားနိုင်သော ဘလော့ခ်ဖြစ်စေရန် ပြောင်းလဲနေပြီ ဖြစ်ပါသည်။ သို့အတွက်ကြောင့် အိုင်တီမန်းဘလော့ခ်တွင် ၀င်ရောက်ရေးသားလိုသော ကွန်ပျူတာပညာရှင်များ၊ ဘလော့ခ်ဂါများကို ဖိတ်ခေါ်အပ်ပါသည်။ ဆက်သွယ်ရမည့် လိပ်စာမှာ zawthureintun@gmail.com ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွမ်းကျင်သောသူများစွာကို invite လုပ်ထားပါသည်။
အဓိကရည်ရွယ်ချက်မှာ အိုင်တီမန်းဘလော့ခ်ကြီး တန်ခိုးကြီးထွားစေဖို့မဟုတ်ပဲ ကွန်ပျူတာကိုလေ့လာသူများ တစ်နေရာတည်းတွင် အဆင်ပြေစွာဖတ်ရှုနိုင်စေရန်အတွက်သာ ရည်ရွယ်ပါသည်။ ထို့အပြင် ကွန်ပျူတာကျွမ်းကျင်သူများ အချင်းချင်း သိကျွမ်းစေရန်၊ တစ်ယောက်နှင့်တစ်ယောက် ကူညီရိုင်းပင်းနိုင်စေရန်၊ မိမိတို့ သိထားတတ်ထားသည်များကို မသိသေးသူများအား ဖြန့်ဝေခြင်းဖြင့် ပညာကုသိုလ်ရနိုင်စေရန်သာ ဖြစ်ပါကြောင်း.....

3 comments:

  1. Very bright idea! When u open ur blog, i'll bet ur blog will very successful and useful for us. Great Idea! Go Ahead for ur Open Blog!

    ReplyDelete
  2. ရည်ရွယ်ချက်က ကောင်းတယ်ဗျား)
    သိပ်ကောင်းတယ်

    ReplyDelete
  3. ခက်တာက ဘယ်အိမ် ထမင်းပြန်စားပြီး ဘယ်အိမ် ရေပြန်ချိုး ရမှာလည်းဗျာ။ နှစ်အိမ်လုံးတော့ ဖုန်ခါပေးရမှာပေါ့။

    ReplyDelete