September 3, 2008

Google Chrome

Google က ဘရောက်ဆာသစ် ထွက်လာလို့ စမ်းသုံးကြည့်မိတယ်။ Beta version ပေမယ့် အတော်လေး လန်းတယ်။ XP/VISTA support ဖြစ်ပြီး ပါးလွှာ ရှင်းလင်းနေတယ်လို့ မြင်မိတယ်။ Opensource အဖြစ် ပေးထားပြီး feature တွေကလည်း သုံးကြည့်သလောက် နှစ်သက်မိတယ်။
Opera ရဲ့ speeddial လိုမျိုး ctrl+t နဲ့ ခေါ်လိုက်ရင် recent boomarks လေးကိုမြင်ရပါတယ်။ Tabs ကိုလည်း drag n drop အလွယ် ရွှေ့ပြောင်းနိုင်တယ်။

Mail ကိုဖွင့် create application shortcuts နဲ့ desktop ကို ရွေးပေးလိုက်ရင် နောင် မေးလ်ကို web apps တစ်ခုလို ကလစ်လေးနဲ့ အလွယ်သုံးနိုင်သွားပါတယ်။
search box ကို သီးသန့်မဟုတ်ဘဲ url bar မှာ တွဲထားပြီး ယ္ခင် သုံးခဲ့တဲ့လိပ်စာ နဲ့ ရှာဖွေရေးအင်ဂျင် တစ်နေရာတည်း ရွေးချယ်ရပါတယ်။ Search enging ပြောင်းဘို့ တော့ option သွားခိုင်းထားတယ်။

Incognito windows ကသုံးရင် history,cookie,cache တွေ ပြန်ဖျက်စရာ မလိုတော့ပါဘူး။
Taskmanager က ဖွင့်ထားတဲ့ tabs ရဲ့ memory,cpu,network သုံးစွဲနေမှု အခြေအနေကို ကြည့်နိုင်ပြီး မလိုအပ်တာကို ပိတ်ထားနိုင်ပါတယ်။

ှSurf လုပ်ချိန်ဟာ safari,firefox တို့လောက်ကို မြန်ဆန်ပါတယ်။ Proxy setting ကို IE ကယူပေမယ့် fonts ကိုတော့ firefox လို ရွေးပေးရုံပါဘဲ။

Developer tools ကလည်း ပြည့်စုံအောင် အားဖြည့်ပေးထားလို့ web developer တွေ အကြိုက်တွေ့စေပါမယ်။

Firefox ရဲ့ စွမ်းဆောင်နိုင်စွမ်း ကို မယှဉ်သာပေမယ့် IE 8 beta 2 ထက်တော့ အပြတ်သာပါတယ်။ Google products က အတော်များများ ယူသုံးနေတော့ Google chrome ကိုရော သင် နှစ်သက် မှာလား...

No comments:

Post a Comment