September 2, 2008

How To Create PDF

PDF (Portable Document Format) ဖိုင် ဖန်တီးချင်ရင် PDFCreator ဆိုတဲ့ software လေးရှိပါတယ်။ SourceForge.net ကနေ Free ပေးတာပါ။ အတော်ကောင်းပါတယ်။ သုံးရတာလည်း အရမ်းလွယ်ပါတယ်။ PDF ဖိုင်တွေကို ဖတ်ဖို့ ကိုယ့်စက်မှာ Adobe Reader ကို တင်ထားဖို့ လိုပါလိမ့်မယ်။

Install လုပ်နည်း
၁။ Installer ကို ဒီမှာနှိပ်ပြီး ယူပါ။
၂။ ပြီးရင် အဲဒီဖိုင်ကို ဖွင့်ပြီး Wizard အတိုင်း Next တွေနှိပ်ပြီး Install လုပ်ပါ။

အသုံးပြုနည်း
၁။ ကိုယ် PDF လုပ်ချင်တဲ့ File ကို ဖွင့်ပြီး (ဥပမာ- Word File) File ကနေ Print ကိုနှိပ်၊ ပြီးရင် PDF Creator ကို ရွေးလိုက်ရုံပါပဲ။
၂။ Dialog box တစ်ခု ကျလာရင် Save ကို နှိပ်ပါ။ သိမ်းမယ့်နေရာကို ရွေးပါ။ ပြီးရင် Save ကို နှိပ်ပါ။
၃။ ပြောင်းနေတာကို ခဏစောင့်ပါ။ ပြီးသွားရင် Adobe Reader နဲ့ သူ့အလိုလို ဖွင့်ပေးပါလိမ့်မယ်။

No comments:

Post a Comment