September 12, 2008

Private IP Addressing

အရင်ကတည်းက Network ဆင်တိုင်း ကွန်ပျူတာတွေရဲ့ IP မှာ network ID ကို Class C ဖြစ်တဲ့ 192.168.0 ကိုပဲ အမြဲပေးမိတယ်။ ဒါပေမယ့် ဘာကြောင့် အဲဒီ net ID ပဲ ပေးမိမှန်းမသိဘူး။ နောင်တော်ကြီးတွေဆီကပဲ အတုခိုးမိတာလား။ ကိုယ့်ကိုယ်ကိုလည်း မသိတော့ဘူး။ သူငယ်ချင်းတစ်ယောက်ကလည်း မေးဖူးတယ်။ ဘာကြောင့် LAN တွေရဲ့ Net ID ကို 192.168.0 ပဲ သုံးတာလဲတဲ့။ ကျွန်တော်လည်း ဘာရမလဲ။ မှတ်ရတာ လွယ်လို့နေမှာပေါ့ကွာလို့ ဖြေမိတယ်။ အခု MCSE XP SP2 စာအုပ်ဖတ်တော့မှ တက်တက်စင်အောင် လွဲမှန်းသိတော့တယ်။ အဲဒီထဲမှာ ရေးထားတာက
IP တွေသုံးစွဲခွင့်ကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းကြီး ရှိတယ်။ အင်တာနက်နဲ့ ချိတ်မဲ့ကွန်ပျူတာတိုင်းဟာ IP ရှိရတယ်။ အဲဒီ IP ကို ကိုယ်ပေးချင်တာ ရမ်းပေးလို့မရဘူး။ IANA (Internet Assigned Numbers Authority) ဆိုတဲ့ အဖွဲ့ဆီမှာ မှတ်ပုံတင်ရမယ်။ ဒါပေမဲ့ အင်တာနက်နဲ့ ဆက်သွယ်မှုမရှိတဲ့ Network (ဒါမှမဟုတ်) Private Network တွေအတွက်တော့ မှတ်ပုံတင်စရာမလိုဘဲ လွတ်လပ်စွာအသုံးပြု ခွင့်ပြုပေးထားတဲ့ IP တွေရှိပါတယ်။

Class A ဆိုရင် 10.0.0.0 ကနေ 10.255.255.255
Class B ဆိုရင် 172.16.0.0 ကနေ 172.31.255.255
Class C ဆိုရင် 192.168.0.0 ကနေ 192.168.255.255 ထိ ပေးခွင့်ရှိတယ်လို့ ရေးထားပါတယ်။ အခုဖော်ပြထားတဲ့ Address range တွေကို ဘယ် Internet Host ကမှ သုံးစွဲထားခြင်းမရှိဘူးလို့လည်း ရေးထားပါသေးတယ်။

1 comment:

  1. yeah , it's very interesting!

    i want to supply some knowledge for this post.

    http://www.4shared.com/file/62804168/3a78ca62/Private_network.html

    ReplyDelete