September 11, 2008

Useful tricks non add-ons in Firefox

Gtalk,Gmail နဲ့ Cbox တွေ ကို add-ons မသုံးဘဲ firefox မှာပေါင်းထည့်ထားကြရအောင်။ ကိုယ်ပိုင် Cbox မဟုတ်လည်း တခြား Cbox မှာ မေးထား ပြောထားတာတွေ စောင့်ကြည့်ဖို့ သုံးနိုင်တာပေါ့။


လွယ်ပါတယ်..Gtalk အတွက် http://talkgadget.google.com/talkgadget/popout မှာ login ၀င်ပြီး Url bar က star လေးနှိပ် bookmark toolbar ပေါ် မှတ်ထားလိုက်ပေါ့။

Bookmark toolbar ပေါ်က Gtalk icon ပေါ် right click \properties သွားပြီး load this bookmark in the sidebar ကို အမှန်ခြစ်လေး ပေးခဲ့ရင် ရပါပြီ။ Firefox မှာ ၀န်မပိစေဘဲ အိုင်ကွန်လေးနှိပ်ပြီး ချတ်နိုင်ပါပြီ။

Cbox အတွက်ကတော့ Cbox link တစ်ခုမှာ rightclick \this frame \bookmark this frame ရွေးပြီး Gtalk အတိုင်း load this bookmark in the sidebar ကို အမှန်ခြစ် ပေးလိုက်ရုံပေါ့။

Gmail ကို https://mail.google.com/mail/feed/atom လင့်ကနေ login ၀င်ပြီး bookmark toolbar မှာပေါင်းထည့်ပေးလိုက်ပါ။ ဒါဆို စာအ၀င် သိနိုင်ပါပြီ။

အားလုံးကို logout မလုပ်ဘဲ master password ခံသုံးရင် ပိုအဆင်ပြေတာပေါ့။ Tools \options \security \change master password မှာ နှစ်သက်ရာ password ထည့်ပေးလိုက်တာပေါ့။ အသုံးဝင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

No comments:

Post a Comment