November 28, 2008

Hard Disk အတွက် Authorized Dealer

ကျွန်တော်တို့ နိုင်ငံမှာလည်း အခုဆိုရင် Hardware တွေအတွက် Authorized Dealer တွေလည်း အလျှိုလျှို ပေါ်လာနေတာ အားလုံးအသိပါပဲ။ Board နဲ့ Laptop ဆိုလည်း ASUS နဲ့ MSI , Monitor ဆိုရင် ViewSonic စတာတွေပေါ့။ အဲဒီမှာ အတွေးလေးတစ်ခုရတယ်ဗျ။ Hard Disk တွေအတွက်လည်း Authorized Dealer လေးရှိရင် ကောင်းမှာပဲလို့လေ။ Seagate လေးဆို ပိုကောင်းတာပေါ့။ အခု လောလောဆယ်တော့ အဲဒီ Hard Disk တွေက အတော် ဒုက္ခပေးနေတာ။ တစ်ခုခုဖြစ်ရင် ဆိုင်ပြန်ပို့၊ အဲဒီဆိုင်ကနေ ဟိုထိ ပြန်ပို့။ အမယ်လေး အကြာကြီးပဲ။ ဒီမှာတင် Hard Disk Service Center လေး တစ်ခုလောက် ဖွင့်လိုက်ရင်တော့ ရှယ်ပဲ။

No comments:

Post a Comment