November 28, 2008

Virtualization

ကွန်ပျူတာသမားတော်တော်များများ အခုဆိုရင် Linux ကို မျက်စိကျနေကြနဲ့တူတယ်။ Question တွေ တော်တော်များများလာပါတယ်။ ပြန်ဖြေလိုက်ပါတယ်။ တစ်လုံးမှ မသိဘူးလို့။ Microsoft Product တွေကိုပဲ သုံးရတုန်း သုံးလိုက်ဦးမယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့ saturngod ကြီးဆီသွားဆိုပြီး ညွှန်းလိုက်ပါတယ်။ သူကတော့ Linux ကို ရှယ်လုပ်နေတာကိုး။

တော်တော်များများက Dual Boot တင်ပြီး လုပ်ကြပါတယ်။ ကျွန်တော်လည်း Ubuntu ကို တစ်ခါ တင်ဖူးပါသေးတယ်။ အဲဒီတုန်းက Keyboard လား Mouse လား မသိဘူး။ Ubuntu က မသိတာနဲ့ ဖြုတ်ပစ်လိုက်တယ်။ ဒီနေ့ပဲ Gtalk ၀င်တော့ တစ်ယောက်က Linux ကို စမ်းတင်ကြည့်တယ်။ အဆင်မပြေတာနဲ့ Hard Disk ကို Format ချပြီး Windows ပြန်တင်လိုက်တာ Data တွေ ပါသွားလို့ ဘယ် Recovery ကောင်းလဲဆိုပြီး မေးတာနဲ့ ကြုံလိုက်ပါတယ်။

ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ Linux ကို စမ်းသုံးချင်ရင် Windows ပေါ်ကနေ Virtualization လုပ်ပြီး စမ်းပါ။ VMWare တို့ Virtual PC တို့ကို သုံးရပါတယ်။ VMWare ကတော့ လူသုံးများပါတယ်။ ဒါပေမဲ့ Virtual PC က Begineer တွေ ပိုအဆင်ပြေပါတယ်။

Virtual PC ကို တင်ပြီးသွားတဲ့အခါမှာ Virtual Machine ကို ဆောက်ရပါတယ်။ သူက ဘယ် OS ကို Virtual တင်မှာလဲလို့မေးပါတယ်။ ကိုယ်လုပ်မဲ့ဟာ ရွေးပါ။ ပြီးရင် အဲဒီ Virtual OS အတွက် လိုအပ်တဲ့ Virtual Hard Disk ရဲ့ Size ကို သတ်မှတ်ခိုင်းပါတယ်။ အဲဒီ Virtual Hard Disk ဟာ မူရင်း Hard Disk ထဲမှာ ဖိုင်တစ်ဖိုင်အနေနဲ့ ရောက်သွားပါတယ်။

ပြီးရင် စီဒီခွေနဲ့ OS Installation လုပ်ရပါတယ်။ ပြီးတဲ့အခါ ကိုယ်တင်လိုက်တဲ့ OS ကိုသုံးဖို့အတွက် Virtual PC ကို ဖွင့်ပြီး ကိုယ် Run မဲ့ Virtual Machine ကိုရွေးပြီး Start ကို နှိပ်လိုက်ရင် ရပါပြီ။ OS တစ်ခုကို Program တစ်ခု ဖွင့်သလို ဖွင့်လိုက်တာနဲ့ တူပါတယ်။

ကျွန်တော့်သင်တန်းမှာတော့ A+ တွေကို ၀င်းဒိုးတင်နည်း သင်တဲ့အခါမှာ Virtualization နဲ့ သင်ပါတယ်။ မူရင်း OS (Host) ကို လုံးဝမထိခိုက်တော့ဘူးလေ။ တင်တဲ့အခါမှတော့ တကယ် ၀င်းဒိုးတင်တဲ့အတိုင်းပါပဲ။ ဒါပေမဲ့ Virtual ပါ။

No comments:

Post a Comment