November 21, 2008

Real MP4 Player

MP4 တွေ စပေါ်ခါစက တစ်လုံးဝယ်ပြီး စမ်းကြည့်ဖူးတယ်။ MP3 တွေထည့်ကြည့်၊ အဆင်ပြေတယ်။ Video တွေ ထည့်မယ်လို့ စဉ်းစားလိုက်တော့ ခေါင်းစားပါလေရော။ စိတ်ထဲမှာထင်တာက MP4 Player ဖြစ်တဲ့အတွက် MP4 Format ကို ထည့်ရမယ်လို့ ထင်တာကိုး။ MP3 ကအသံ၊ MP4 ဆိုရင် ရုပ်ရော၊ အသံရောပါလာတယ်လို့ ကြားဖူးထားတာလေ။ အဲဒါနဲ့ အင်တာနက်ထဲမှာ MP4 Converter တွေ လိုက်ရှာတယ်။ Xilisoft ကထုတ်တဲ့ MP4 Converter ကို တွေ့တာနဲ့ ဒေါင်းလိုက်တယ်။ install လုပ်၊ VCD တစ်ခွေထည့်၊ MP4 ဖိုင်အဖြစ် ပြောင်းတယ်။ ပြီးတော့ MP4 Player ထဲ ထည့်လိုက်တယ်။ USB ကြိုးလေးဖြုတ်ပြီး ပြန်ဖွင့်ကြည့်တယ်။ အဲဗျ..ဘယ်လိုမှ ဖွင့်မရဘူး။ ဟ ဘာဖြစ်တာလဲပေါ့။ နေစမ်းပါဦးဆိုပြီး MP4 ၀ယ်တုန်းက ပါလာတဲ့ Manual စာအုပ်ကို ဖွင့်လိုက်တယ်။ အဲဒီတော့မှ Mini-CD လေးတစ်ချပ်က စာအုပ်ထဲက ထွက်လာတယ်။

စာအုပ်က ဗူးသီးကြော်စာတွေရော၊ အင်္ဂလိပ်စာရော ပါတယ်။ ဖတ်ကြည့်လိုက်တော့ ဒီ Player လက်ခံတဲ့ File Format က MP4 Format မဟုတ်ပဲ ASF ဆိုတာ သိသွားတယ်။ သူက ဆက်ပြောထားသေးတယ်။ ASF Converter က စီဒီထဲမှာတင် ပါတယ်တဲ့။ အဲဒါနဲ့ စီဒီထဲမှာပါတဲ့ PMP Transcoding Tool ဆိုတာကို Install လုပ်၊ VCD ခွေထဲကပါတဲ့ DAT ဖိုင်တွေကို ASF ဖိုင်တွေ အဖြစ်ပြောင်း၊ MP4 ထဲထည့် ပြီးတော့ဖွင့်ကြည့်။ အဲ..သူ့ဟာနဲ့သူက အဆင်ကိုချောနေတာပဲ။

အဲဒီလို စမ်းသပ်ကြည့်ပြီးတော့ စိတ်ထဲ သိပ်ဘ၀င်မကျဘူး။ ဘယ့်နှယ် MP4 Player လို့လဲ ပြောသေး၊ MP4 File Format ကို မသိရကောင်းလားပေါ့။ ဒါများ MP4 Player လို့ ရေးမနေနဲ့။ ASF Player လို့ ရေးလိုက် ပြီးနေတာပဲ။

နောက်ပိုင်း တရုတ် Sony MP4 တွေ ပေါ်လာတယ်။ လာပြန်ပြီ။ သူကျ တစ်မျိုး။ AMV File Format မှ လက်ခံတယ်။ အခုနောက်ပိုင်းပေါ်လာတဲ့ Player တော်တော်များများမှာကျတော့ 3GP Format ကို လက်ခံလာတယ်။

အဲဒီလို MP4 မျိုးစုံ Format မျိုးစုံနဲ့ဆိုတော့ ကွန်ပျူတာထဲမှာ VCD သီချင်းတစ်ပုဒ်တည်းကိုပဲ Format မျိုးစုံ ပြောင်းထည့်ထားရတယ်။ Customer တစ်ယောက်လာရင် သူ့ MP4 ရဲ့ Brand ကိုကြည့်ရတယ်။ JXD ဆိုရင် ASF ထည့်ပေးလိုက်တယ်။ Sony ဆိုရင် AMV ထည့်ပေးတယ်။ ဘာမှန်းမသိတဲ့ Brand ဆိုရင် ASF ရော AMV ရော 3GP ရော ထည့်ကြည့်ပြီး Test လုပ်ရပါတယ်။

အဲဒီလို လုပ်နေခဲ့တာ ကြာပါပြီ။ Format တစ်ခုနဲ့တစ်ခု အားသာချက်၊ အားနည်းချက်တွေကိုလည်း တဖြည်းဖြည်းနဲ့ တွေ့လာတယ်။ ASF က ရုပ်ထွက်ကောင်းပေမဲ့ Convert လုပ်တဲ့အခါ ဖိုင်တစ်ဖိုင်ချင်းစီ လုပ်ရတာဆိုတော့ အချိန်အရမ်းပေးရတယ်။ ဒါပေမဲ့ ASF ကိုဖွင့်နိုင်တဲ့ Player တော်တော်များများရှိတဲ့အတွက် ကွန်ပျူတာကနေလည်း ကြည့်ရတာ အဆင်ပြေပါတယ်။

AMV ကျ ဖိုင်တွေအများကြီးကို Parallel Convert လုပ်နိုင်ပေမဲ့ သူ့ကိုဖွင့်နိုင်တဲ့ Player က လုံးဝမရှိဘူး။ Convert လုပ်ပေးတဲ့ MP3 Player Utilities ကပဲ ပြန်ဖွင့်ပေးနိုင်တယ်။ သူကလည်း Play လုပ်ရတာ သိပ်အဆင်မပြေဘူး။ ပြီးတော့ AMV က Screen Size အရမ်းသေးတယ်။

3GP Format ကတော့ ဖုန်းထဲလည်း ထည့်ရတယ်၊ MP4 ထဲလည်း ထည့်ရတယ်ဆိုပေမဲ့ Resolution အရမ်းနည်းတယ်။ ရုပ်ကလည်း ၀ါးတားတားဖြစ်၊ အသံထွက်လည်း မကောင်း။ ကောင်းတာဆိုလို့ File Size အရမ်းသေးတာပဲ ရှိတယ်။

အခု သတင်းကောင်းလေးတစ်ခု ပြောပါတော့မယ်။

အခုနောက်ပိုင်းထုတ် JXD MP4 Player တွေမှာ MP4 Format ကို သိသွားပါပြီ။ Xilisoft Video Converter ကိုသုံးပြီး VCD ခွေထဲက ဖိုင်တွေကို MP4 Format အဖြစ်ပြောင်းနိုင်ပါတယ်။ စမ်းသပ်ကြည့်တော့ MP4 Format ဟာ တခြား Video Format တွေထက် အရမ်းကောင်းပါတယ်။ JXD MP4 Player မှာ MP4 ဖိုင်တွေကို ဖွင့်ကြည့်တော့ ရုပ်ထွက်လည်း အရမ်းကြည်ပါတယ်၊ အသံပိုင်းလည်း အတော်လေးကောင်းပါတယ်။ တကယ့် တီဗီမှာ ကြည့်ရတဲ့ အတိုင်းပဲ။ စာဖတ်သူထဲမှာ MP4 Player ရှိသူများ စမ်းကြည့်ပါ။ ကိုယ့် MP4 လေးကို တကျော့ပြန် ကြိုက်သွားပါလိမ့်မယ်။

2 comments:

  1. ကျွန်တော်လည်း အပျော်တမ်းပေါ့၊ သူငယ်ချင်းတွေ ၀ယ်လာတဲ့ MP4 ဖိုင်တွေကို ထည့်ပေးဖြစ်တယ်။ အစ်ကိုပြောသလိုမျိုးပဲ format မတူရင် ကြည့်မရဘူးဖြစ်တယ်။ MP4 ၅ လုံးလာရင် format အမျိုးမျိုးစမ်းနေရတာလည်း ဆိုးတော့ မဆိုးပေမယ့် အလုပ်တော့ တော်၂ ရှုပ်ခဲ့ပါတယ်။ တစ်ချို့ကျတော့ ၀ယ်ကတည်းက သူ့ Driver ပါပေမယ့် တစ်ချို့ကျတော့ မပါခဲ့ရင် စမ်းတ၀ါးဝါးလုပ်ရတာပေါ့၊ ပို့စ်အသစ်တင်တိုင်း အမြဲရောက်ဖြစ်၊ ဖတ်ဖြစ်ပါတယ်။ လိုအပ်တာလည်း ယူသွားတတ်ပါတယ်။ ကျေးဇူးပါ
    http://winzaw-mdy.blogspot.com

    ReplyDelete
  2. ကောင်းပါတယ်. မသိတာတွေသိရတော့၊ တစ်ခါတစ်လေတော့ အစ်ကို တို့လောက်ကွန်ပျူတာပိုင်းကိုနားမလည်တော့ တစ်ချို post တွေကို သိပ်နားမလည်းဘူး၊ ခနခန ဖတ်မှနားလည်သွားတာ။ ကျေးဇူးတင်ပါတယ်။


    ဇော်ဇော်

    ReplyDelete