December 31, 2008

Oph Crack ကို စမ်းသပ်ကြည့်ခြင်း

Oph Crack အကြောင်းကို Myanmar PC World ကို ဖတ်ရင်းနဲ့ သိခဲ့တာပါ။ သူရေးထားတာကတော့ အတိုလေးပါပဲ။ Windows Password မေ့ရင် သုံးဖို့ပေါ့။ ဒီလောက်ပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း စမ်းမယ်စမ်းမယ်နဲ့ တော်တော် မစမ်းဖြစ်ပါဘူး။ ဟိုတစ်လောကမှ Download လုပ်ပြီး စမ်းကြည့်မိပါတယ်။

XP နဲ့ Vista အတွက်ဆိုပြီးISO ဖိုင် နှစ်ခု download လုပ်ခွင့်ပေးထားပါတယ်။ File Size က အရမ်းကြီးတဲ့အတွက် တစ်ပတ်လောက်download လုပ်ရပါတယ်။ ဒါပေမဲ့လည်း စိတ်ရှည်ရတာပေါ့လေ။ Oph Crack ဆိုတာ Windows ရဲ့ Login Password တွေကို ကြည့်လို့ရတယ်လို့ ကြားဖူးထားတာကိုး။download ပြီးတော့ ရလာတာက ISO ဖိုင်ဆိုတော့ စီဒီပြန် Burn ပြီး စမ်းပါတယ်။ သူ့ကို First Boot Device အနေနဲ့ထားလိုက်တာပေါ့။

သူက Linux OS ကိုသုံးထားတာပါ။ အတိအကျပြောရရင်တော့ SLAX (slax.org) ကိုသုံးထားတာပါ။ Live Version ပါ။ Install လုပ်စရာမလိုဘူး။ စီဒီကနေ OS တက်လာတယ်။ပြီးတော့ Oph Crack program ပွင့်လာတယ်။ အဲဒီမှာ သူက SAM database ရှိတဲ့ partition ကို ရွေးခိုင်းပါတယ်။ SAM ဆိုတာက Windows ရဲ့ login password တွေကို encrypt လုပ်ပြီး သိမ်းထားတဲ့ database ပါ။ အဲဒါနဲ့ ကျွန်တော်လည်း ၀င်းဒိုးတင်ထားတဲ့C: partition ကို ရွေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာ သူက Braud Force Algorithm ကိုသုံးပြီး အဲဒီ SAM ထဲမှာ encrypt လုပ်ပြီး သိမ်းထားတဲ့ password တွေကို စဖော်ပါတယ်။ ကျွန်တော့်စက်မှာ User Account နှစ်ခုရှိပါတယ်။ နှစ်ခုလုံးကို password ပေးထားပါတယ်။ တစ်ခုကတော့ character တွေချည်းပဲ ပါတဲ့ simple password လေးပေးထားတယ်။နောက်တစ်ခုကတော့ special character တွေပါတဲ့ strong password ပေးထားပါတယ်။

Oph Crack အနေနဲ့ simple password ပေးထားတဲ့ account ကိုပဲ ဖော်နိုင်ပါတယ်။strong password ပေးထားတဲ့ account ကိုတော့ မဖော်နိုင်ပါဘူး။ ဒါကြောင့်လည်း Blog ပေါ်တင်လိုက်တာပါ။ ဒါဆို မြင်ကြပြီလို့ ထင်ပါတယ်။ strong password ပေးဖို့ ဘယ်လောက်အရေးကြီးတယ်၊ Windows ဟာ Security ပိုင်း အားနည်းတယ်ဆိုတာကိုပေါ့ဗျာ။ စာဖတ်သူလည်းကိုယ့်ကွန်ပျူတာရဲ့ Login Password ကို strong password အဖြစ် ပြန်ပြောင်းထားလိုက်ပါတော့။ မဟုတ်ရင်တော့ Oph Crack နဲ့ တွေ့သွားမယ်နော်။

သြော်..ဒါနဲ့ ကျွန်တော် စမ်းသပ်သုံးစွဲခဲ့တဲ့ strong password လေးကို လက်ဆောင်အဖြစ် ဖော်ပြလိုက်ပါတယ်။ အဲဒါက Wk2@D0& ပါ။

1 comment:

  1. It used Brute Force Algorithm, not Braud Force Algorithm...:)

    ReplyDelete