January 5, 2009

Difference Between Wi-Fi & Wi-Max

သူငယ်ချင်းတစ်ယောက်က Wi-Fi နဲ့ Wi-Max နဲ့ ဘာကွာလဲလို့ လာမေးတာနဲ့ IT Men စာဖတ်သူတွေထဲမှာလည်း အဲဒီလိုသိချင်တဲ့သူ ရှိမှာပဲလေဆိုတဲ့ အတွေးနဲ့ တင်လိုက်တာပါ။

Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။

Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။

3 comments:

  1. Ethernet ဟာ Transport Protocol တစ်ခု မဟုတ်ပါဘူး။ LAN တွေ အတွက် Networking Technology တစ်ခု ဖြစ်ပါတယ်။ WiMax မှာလည်း Transport protocol TCP သုံးတယ်လို့ ပြောတာဟာ မမှန်ပါဘူး။ ကိုယ်သုံးတဲ့အပေါ်မူတည်ပြီး Protocol ကွဲသွားတာပါ။ website တွေ ဖတ်ရင် HTTP ဆိုတဲ့ transport protocol သုံးပြီး file server တွေပေါ် file တွေ တင်မယ်ဆိုရင် FTP သုံးပါတယ်။ Internet Protocol Suite ဟာ LAN သုံးသုံး Wi-Fi သုံးသုံး Wi-Max သုံးသုံး layer ငါးခုရှိပြီး TCP/UDP က transport layer မှာ သုံးတာပါ။

    Wi-Fi နဲ့ Wimax ဘာကွာသလဲဆိုရင် ဒီ technology နှစ်ခုဟာ wireless ဆိုတာကလွဲရင် ကျန်တာ ဘာမှကို မတူပါဘူး။ technical details အတိအကျကိုတော့ reference အတိအကျ ပြန်ဖတ်ပြီးမှ ပြောနိုင်ပါမယ်။

    IT Men Blog ကို ပုံမှန် အားပေးနေပါတယ်။

    ReplyDelete
  2. thinzar ပြောတာတော်တော်ရှင်းပါတယ် ဒီလို ရေးပေးတဲ့အတွက် တော်တော် အကျိုး ကျေးဇူးရှိပါတယ် မသိတဲ့သူက wimas နဲ့ wi-fi protocol ကွာတယ် လို့မှတ်သွားရင်သေရော

    ReplyDelete
  3. အခုလို အမှားကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးပါပဲ မ Thinzar ရေ..
    ကျွန်တော်လည်း Ebook တစ်ခုထဲမှာ ပါတဲ့ Table အတိုင်း ဘာသာပြန်ဖော်ပြမိလိုက်တာပါ။ ရန်ကုန်က မဟုတ်တော့ လက်တွေ့မသုံးနိုင်ပါဘူး။ စာတွေ့နဲ့ပဲ ရေးလိုက်မိတာပါ။ နောက်ဆိုရင် Ebooks တွေကို သတိထားတော့မယ်။ ဒါတောင် ကျွန်တော်ဖတ်တဲ့ Ebooks က Apress က ထုတ်တဲ့ဟာဗျ။

    ReplyDelete