February 5, 2009

အင်တာနက်ကဖေးဆိုင် တစ်ဆိုင်၏ အတ္ထုပ္ပတ္တိ

သူငယ်ချင်းတစ်ယောက်၏ အင်တာနက်ဆိုင်လေး ဖြစ်လာဖို့အတွက် ကြိုစားခဲ့ရပုံ၊ ကြုံခဲ့ရတဲ့ နည်းပညာ အခက်အခဲများနဲ့ ဖြေရှင်းခဲ့ပုံတွေကို အပိုင်းလေးတွေ ခွဲပြီး ရေးတင်သွားပါမယ်။

ဆိုင်ဖွင့်ဖို့ အကြံရခြင်း
မုံရွာမှာ အင်တာနက်ကဖေးဆိုင်တွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ သုံးတဲ့သူဦးရေနဲ့ ဆိုင်အရေအတွက်နဲ့က မမျှဘူး။ ရုံးပိတ်ရက်လိုနေ့တွေဆိုရင် ဆိုင်တိုင်း လူပြည့်နေပါတယ်။ ပြီးတော့ ဆိုင်တွေ အနေနဲ့ကလည်း ပြီးပြည့်စုံမှုရယ်လို့လည်း မရှိပါဘူး။ အဲဒါနဲ့ပဲ တခြားဆိုင်တွေထက်သာတဲ့၊ သုံးစွဲသူတွေအတွက် စိတ်ကျေနပ်မှု အပြည့်အ၀ရနိုင်တဲ့ ဆိုင်လေးဖန်တီးဖို့ ကျွန်တော့်သူငယ်ချင်းက အကြံထုတ်ပါတော့တယ်။
အဓိကရည်ရွယ်တာကတော့
(၁) သုံးရတာ မြန်ရမယ်
(၂) ဈေးနှုန်းသင့်တင့်ရမယ်
(၃) Privacy အပြည့်အ၀ရှိရမယ်
(၄) အင်တာနက်ဆိုင်မှာ ရှိသင့်တဲ့အရာတွေ အကုန်ပါဝင်ရမယ် ဆိုတာပါပဲ။

ဆိုင်လေးဖြစ်လာဖို့အတွက် ပြင်ဆင်ရတာတွေ အများကြီးရှိပေမဲ့ အခုဒီမှာတော့ ကွန်ပျူတာပိုင်းဆိုင်ရာ နဲ့ပတ်သတ်တာတွေကိုပဲ ရေးသားသွားပါ့မယ်။


စက်တွေဝယ်ဖို့ ပြင်ဆင်ခြင်း
စက်တွေဝယ်မယ်ဆိုတော့ စပြီးစဉ်းစားရပါတော့တယ်။ ဘယ် brand တွေကို သုံးမလဲပေါ့။ အင်တာနက် သုံးမယ့်စက်တွေဆိုတော့ သိပ်မြင့်စရာမလိုဘူးလေ။ ဆင်မဲ့ ပစ္စည်းတွေကို ဗလာစာရွက်ပေါ် ချရေးကြည့်ပါတယ်။ Motherboard ကိုတော့ Asus ပဲသုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်စားလှယ်ရှိတာရော၊ Service Center ရှိတာရော မို့လို့ပါ။ ပြီးတော့ ကျွန်တော့်သင်တန်းမှာလည်း သုံးနေတာ၊ ဘာ error မှ ဖြစ်တာမျိုး မရှိခဲ့ဘူးလို့လည်း ပါတာပေါ့လေ။

အဲဒါနဲ့ ဘယ် Model သုံးမလဲလို့ စဉ်းစားပါတယ်။ P5GCMX ကိုပဲ သုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဈေးလည်း ချိုတယ်။ လက်တွေ့လည်း သုံးနေတာ။ error တက်တာမျိုးလည်း မရှိဘူးလေ။ Chipset ကလည်း 945 Chipset၊ Memory အတွက်ကလည်း DDR2 ကို 667 MHz ထိရတာဆိုတော့ အင်တာနက်စက်အတွက် ကောင်းကောင်းလုံလောက်နေပြီးသားပေါ့။

ကဲ ဒါဆို Motherboard ကိုတော့ ရွေးပြီးသွားပြီ။ နောက်တစ်ခုက CPU ကို စဉ်းစားရပါတယ်။ တကယ်တမ်းကျတော့ Celeron D လောက်ဆိုရင်ကို ရနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဝယ်မဲ့ အချိန်မှာ ဈေးတွေ အရမ်းကျလာတော့ Dual Core တစ်လုံးကိုမှ ဈေးက ဘာမှရှိတော့တာ မဟုတ်ဘူးလေ။ အဲဒါနဲ့ပဲ Intel Dual Core တွေကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တမ်း ၀ယ်ရင်တော့ L2 Cache များများပါတဲ့ဟာ၊ FSB 800 MHz လောက် ရှိတဲ့ဟာ ၀ယ်မယ်ဆိုပြီး မှန်းထားပါတယ်။

နောက် RAM ဘယ်လောက်ထည့်မလဲပေါ့။ Vista က အင်တာနက်သုံးရင် ပိုမြန်တယ်လေ။ ကျွန်တော် ကိုယ်တိုင် XP နဲ့ ယှဉ်စမ်းကြည့်ထားတာ။ ဒါပေမဲ့ Vista က 1GB ထည့်ထားတာတောင် အတော်လေးတာ။ ပြီးတော့ Memory ဈေးတွေကလည်း အတော်လေးကျနေတာဆိုတော့ 2GB သုံးမယ်လို့ မှန်းလိုက်တယ်။ Kingston က အတုပေါလွန်းလို့ Cosair ပဲ သုံးမယ်ဆိုပြီး မှန်းလိုက်ပါတယ်။

နောက်တစ်ခုက Hard Disk ပေါ့။ တကယ်တမ်း 80 GB ဆိုရင်ကို တော်တော်ပိုနေပြီ။ ဘာမှ ထည့်မှာမှ မဟုတ်ပဲလေ။ ဒါပေမဲ့ ခက်တာက ဆိုင်တွေကို ဖုန်းဆက်မေးကြည့်တော့ 80GB တွေ မရှိတော့ဘူး၊ 120 GB အနည်းဆုံး ရှိတယ်လို့ ပြန်ဖြေကြပါတယ်။ 120 GB သုံးမယ်လုပ်တော့ 120 GB နဲ့ 160 GB က ဈေးက ထောင်ဂဏန်းပဲ ကွာတာဆိုတော့ 160 GB ပဲ သုံးမယ်ဆိုပြီး မှန်းလိုက်ပါတယ်။ အမျိုးအစားကတော့ Seagate ပဲပေါ့လေ။

နောက်တစ်ခုက Power Supply။ သူက အရေးအကြီးဆုံးပဲ။ မှားလို့ မဖြစ်ဘူးလေ။ ကြိုက်တာကတော့ SVC အမျိုးအစားကို ကြိုက်ပေမဲ့ သူက ဈေးကြီးလွန်းတယ်။ မဖြစ်ဘူး။ Casing တွေမှာ တစ်ခါတည်း ပါတဲ့ Power Supply တွေကိုလည်း သိပ်မကြိုက်ဘူး။ ဒါပေမဲ့ စုံစမ်းကြည့်တော့ ထိုင်း Casing တွေရှိတယ်။ Watt ပြည့်တယ်၊ မှန်တယ်ဆိုတာနဲ့ အဲဒါတွေကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီလိုနဲ့ System Unit အတွက် အကုန်လုံးအဆင်ပြေသွားပြီ။

နောက်တစ်ခုက Monitor။

သုံးမှာကတော့ LCD ပဲသုံးမှာပေါ့။ မီးအားစား သက်သာတယ်။ သုံးတဲ့သူတွေ အတွက်လည်း မျက်လုံး ထိခိုက်မှုနည်းတယ်။ Style လည်းမိတယ်လေ။ ခက်တာက ဘယ်အမျိုးအစား သုံးမလဲ။ လက်မ ဘက်လောက် သုံးမလဲ အဲဒါက တော်တော်စဉ်းစားရတာပါ။ ကျွန်တော်က ViewSonic ပဲကြိုက်တယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ViewSonic က မြန်မာပြည်ရဲ့ LCD Monitor ဈေးကွက်မှာ ပထမဦးဆုံး Distributor ပါ။ အရင်တုန်းကလည်း ဆင်ပေးနေကျ။ ပျက်တာတွေ ဘာတွေမရှိဘူး။
ဒါပေမဲ့ သူငယ်ချင်းက တခြားအမျိုးအစားတွေကို စမ်းကြည့်ချင်သေးတယ်လို့ ပြောတာနဲ့ လှည့်စုံးစမ်းကြည့်မိတယ်။ အသိတစ်ယောက်က သူ LCD Monitor တွေကို ယှဉ်စမ်းကြည့်တာ ViewSonic က Color အမွဲဆုံးပဲလို့ ပြောတော့ နည်းနည်း စဉ်းစားစရာ ဖြစ်သွားတယ်။ ကျွန်တော် ViewSonic ကို အဲဒီလို ယှဉ်မစမ်းဘူးဖူး။ အဲဒါနဲ့ အွန်လိုင်းပေါ်တက်ပြီး Forum တွေထဲ မွှေကြည့်တော့ တော်တော်များများက Samsung အကြောင်းကို အပြောများကြတယ်။ အဲဒါနဲ့ ဒီမှာရှိတဲ့ Samsung Model တစ်ခု အကြောင်းကို လိုက်ဖတ်ကြည့်တော့ သုံးဖူးတဲ့သူ တော်တော်များများ ကြိုက်ကြတယ်လို့ ရေးထားကြတယ်။ အဲဒါနဲ့ ကဲ.. Samsung ပဲဝယ်မယ်။ သုံးတဲ့သူတွေလည်း အားရပါးရကြည့်နိုင်အောင် 19 လက်မကိုပဲ ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်ကြတယ်။


အပိုင်း(၂) ပစ္စည်းတွေဝယ်ပြီ….. အား ဆက်လက်ရေးသားပါဦးမည်။

3 comments:

  1. i want to know cost .please tell me

    ReplyDelete
  2. dual core သုံးတာက အေ၇းကြီး ဘူး power consumption ကိုထည့် တွက်ရအုံးမယ် ပြီးတော့ အင်တာနက်သုံးတာ က 19" lcd မလို ပါဘူး ကျွန်တော်ဆိုရင်တော့ 1.8 celeron နဲ့ 16" ဒါ မှမဟုတ် 17" လောက်ပဲ lcd ကို သုံးမယ်. 1.8 celeron က dual core ထက် ပါဝါ စားတာ တ၀က်လောက်သက်သာ မယ် အရင်း အနှီးများရင် ဈေးနုံး ချ ဘို့ မလွယ်ဘူးလေ

    ReplyDelete
  3. ကိုအမည်မသိရေ..
    နောက်ဆုံးမှာ ဈေးနှုန်းစာရင်းကို သက်သက်ထည့်ပေးပါ့မယ်။
    နောက်တစ်ယောက် ကိုအမည်မသိပြောတာ အရမ်းမှန်ပါတယ်။ အဲဒီလောက်နဲ့ဆို လုံလောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်နဲ့အခု တွဲလုပ်နေရတဲ့သူက အကောင်းကြိုက်ကြီး မို့လို့ပါ။

    ReplyDelete