April 21, 2009

My Current Activity

ဒီလထုတ် PC World လေးဖတ်ရင်းနဲ့ OpenDNS ဆိုတာ တွေ့လို့ တော်တော်ကြိုက်သွားတယ်။ ဒါပေမဲ့ အချည်းနှည်းပါပဲ။ စမ်းကြည့်တော့ သုံးလို့လည်းမရဘူး။ မြန်မာပြည်ကမို့ ထင်ပါရဲ့။

Driver တွေ Backup လုပ်ဖို့ DriverMax ဆိုတဲ့ Free ပေးတဲ့ program လေး အင်တာနက်မှာ ရနေပြီ။ စမ်းကြည့်ပြီးပြီ။ ကောင်းတယ်။

Auslogic ဆိုတဲ့ Free ပေးတဲ့ Hard Disk Defragment လုပ်တဲ့ကောင်ကိုတော့ သူများတွေ ကောင်းတယ်ပြောလွန်းလို့ download ဆွဲထားတယ်။ မစမ်းရသေးဘူး။

ကိုဇော်လင်းရဲ့ PC Mechanic စာအုပ်လေး Scan ဖတ်ပြီး Ebook လုပ်တာ ပြီးသွားပြီ။ File Size က 40MB နား ကပ်နေလို့ ရှယ်ယာလုပ်ဖို့တော့ အဆင်မပြေတော့ဘူး ထင်ပါရဲ့။

Avira Antivir က Free လည်းပေးတယ်၊ ကောင်းလည်းကောင်းတယ်ဆိုတာနဲ့ Kaspersky နဲ့ ယှဉ်စမ်းကြည့်ဖို့ download ဆွဲထားတာ ပြီးသွားပြီ။

Himachi ဆိုတာ ဘာကြီးပါလိမ့်လို့ ရှာကြည့်တာ VPN ဆောက်တဲ့ဟာကြီး ဖြစ်နေတယ်။ ဒီမှာတော့ သုံးရမယ် မထင်။

DVD ဇာတ်ကားခွေထဲ Subtitle ထည့်နည်းလေး လေ့လာမလို့ဟာ ဘယ်တော့မှ အားမယ်မသိပါဘူးဗျာ။

IT Men Group ထဲ Porn တွေ လာလာထည့်နေလို့ အမြဲတမ်းရှင်းနေရတာ ကြာတော့ ရူးချင်လာပြီ။

IT Men Blog ရဲ့ Cbox ထဲလည်း ကြော်ငြာတွေ လာလာရေးတာ။ Ban လည်း ခဏပဲ။ သူတို့က တခြားနာမည်နဲ့ ၀င်ရေးပြန်ရော။ ကျွန်တော်က ban လိုက်၊ သူတို့က ပြန်ဝင်ရေးလိုက် လုံးချာကိုလိုက်နေတာပဲ။

No comments:

Post a Comment