July 29, 2009

Command Prompt ထဲက အသုံးကျတဲ့ Command များ (၁)

အစပိုင်းတော့ ကျွန်တော် Batch File ရေးနည်းကို အပိုင်းခွဲပြီး
တင်မလို့ပါပဲ။ ဒါပေမဲ့ စဉ်းစားမိတာက Batch File ထဲမှာ အဓိကပါတာတွေက
windows command တွေပဲ ဖြစ်နေတော့ အဲဒီ command တွေအကြောင်းကိုပဲ
အရင်ပြောပြီးမှ Batch File ရေးနည်းကို ဆက်တက်မယ်ဆိုပြီး
ဆုံးဖြတ်လိုက်ပါတယ်။
Windows Command တွေက တကယ်တမ်းတော့ အများကြီးပါပဲ။ ဒါပေမဲ့
လေ့လာတဲ့သူတစ်ယောက်တဲ့ အနေနဲ့တော့ အဲဒါတွေ အကုန်သိစရာမလိုပါဘူး။
ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလောက်ကိုသာ သိထားရင် ဖြစ်ပါတယ်။ ဥပမာ Network
သမားတစ်ယောက်အတွက် nslookup တွေ ping တွေလို အစရှိတဲ့ Network နဲ့
ပတ်သတ်တဲ့ Command တွေလောက်ပဲ သိထားရင် အဆင်ပြေပါတယ်။

အခုဒီပို့စ်မှာတော့ ကျွန်တော်တို့လည်း အမြဲတမ်းသုံးဖြစ်တဲ့ တကယ်လည်း
အသုံးကျတဲ့ command တွေကို ကျွန်တော်ရေးပေးသွားပါ့မယ်။
တော်တော်များများလည်း သိပြီးသားဖြစ်ချင်ဖြစ်ကြမှာပါ။ ဒါပေမဲ့ သုံးနေတဲ့
command တွေကိုပဲ Parameter တွေ Switch တွေထည့်လိုက်တဲ့အခါ
ပိုပြီးအစွမ်းထက်သွားတဲ့အကြောင်းကို ကျွန်တော့်ကိုယ်တွေ့လေးတွေနဲ့
ယှဉ်ပြီး ရေးသွားပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်သိထားတာတွေက Network နဲ့
ပတ်သတ်တာတွေနဲ့ ဗိုင်းရပ်စ်သတ်တဲ့အခါမှာ အသုံးကျတဲ့ command တွေပဲ
ရှိပါတယ်။

dir /ah

dir ဆိုရင် directory တစ်ခုအောက်မှာရှိတဲ့ Subfolder တွေ ဖိုင်တွေရဲ့
List ကို ပြပေးနိုင်ပါတယ်။ ဒါဟာ သိပ်မထူးဆန်းပါဘူး။ ကျွန်တော်တို့တွေ
Explorer ကနေလည်း ကြည့်ရနေတာပဲ မဟုတ်လား။ ဒါပေမဲ့ /ah လို Parameter နဲ့
တွဲသုံးလိုက်မယ်ဆိုရင် Explorer မှာ မရနိုင်တဲ့ Features တွေကို
ရနိုင်ပါလိမ့်မယ်။
ဥပမာ
ကျွန်တော်က Stick တစ်ခုကို ပီစီမှာ တပ်လိုက်တယ်။ အဲဒီ Stick ထဲမှာ
ဗိုင်းရပ်စ်ရှိလား မရှိဘူးလားဆိုတာကို ကျွန်တော်သိချင်တယ်ဆိုပါစို့။
ပီစီမှာက Antivirus လည်းမရှိဘူး။ ကံဆိုးစွာနဲ့ Folder Option ပျောက်နေတဲ့
အတွက် Hidden File တွေကို မမြင်နိုင်ဘူးဆိုပါစို့။
အဲဒီလိုအခြေအနေမှာဆိုရင် cmd ထဲမှာ Stick ရဲ့ Drive Letter ထိ
ရောက်အောင်သွားပြီး dir /ah ကို သုံးလိုက်ရင် Hidden တွေ
တန်းစီမြင်ရပြီလေ။ ဗိုင်းရပ်စ်တော်တော်များများကလည်း Hidden အနေနဲ့
တည်ရှိကြတာဆိုတော့ တွေ့ရင် del နဲ့ ဆော်လိုက်ရုံပဲလေ။
dir /ah မှာ a က attribute ကို ပြောတာပါ။ /a ရဲ့နောက်မှာ ကိုယ်ကြိုက်တဲ့
File attribute တွေကို ထည့်ပေးလို့ ရပါတယ်။ ဥပမာ dir /as ဆိုရင် System
Files တွေကိုပဲ ပြပေးပါလိမ့်မယ်။
ဒါကတော့ attribute တွေ အပြည့်အစုံပါ။

D Directories R Read-only files
H Hidden files A Files ready for archiving
S System files I Not content indexed files
L Reparse Points - Prefix meaning not

ဆက်ပါဦးမည်...

No comments:

Post a Comment