July 30, 2009

Command Prompt ထဲက အသုံးကျတဲ့ Command များ (၂)

attrib ကတော့ attributes ရဲ့အတိုကောက်ပါ။ attributes ဆိုတာ မြန်မာလို အရည်အချင်းပါ။ attrib အသုံးပြုနည်းကို သိချင်ရင် cmd ထဲမှာ attrib /? လို့ ရိုက်ထည့်ပြီး ကြည့်လို့ရပါတယ်။ attrib မှ မဟုတ်ပါဘူး။ cmd ထဲမှာ ဘယ် command မဆို အသုံးပြုနည်းကို သိချင်ရင် command ရဲ့နောက်မှာ space တစ်ချက်ပုတ်ပြီး /? ထည့်ပြီး Enter ခေါက်ကြည့်လို့ရပါတယ်။

ကဲ..သူက ဘယ်လိုအသုံးကျသလဲဆိုတော့..
ဗိုင်းရပ်စ်တွေဟာ သူတို့ကိုယ်သူတို့ hidden လုပ်ထားပါတယ်။ read only လည်းပေးထားတယ်။ ပိုပြီး အမြင်ကတ်စရာကောင်းတာက သူတို့ကိုယ်သူတို့ system file တစ်ခုအနေနဲ့ သတ်မှတ်ထားတာပါပဲ။ hidden တွေ read only တွေက Explorer ထဲမှာ အဲဒီဖိုင်လေးပေါ် Right Click လုပ် Properties ကို ရွေးပြီး Check Box က အမှန်ခြစ်လေးတွေ ဖြုတ်ပေးရင် ရပေမဲ့ System attirbute အဖြစ် ပေးထားတာကိုတော့ အဲဒီ Explorer နဲ့ လုပ်လို့မရတော့ပါဘူး။ ဒီတော့ ကျွန်တော်တို့က cmd ထဲမှာ attrib ကို သုံးပြီး ဗိုင်းရပ်စ်ဟာ သူ့ကိုယ်သူ system ဖိုင်အဖြစ်သတ်မှတ်ထားတာကို ဖြုတ်ပစ်ရပါတယ်။ ပြီးတဲ့အခါမှာမှ del ကို သုံးပြီး ဖျက်ပစ်ရပါတယ်။ တစ်ခု သတိထားရမှာက attributes တွေ မဖြုတ်ဘဲ အဲဒီဖိုင်ကို ဘယ်လိုမှ ဖျက်လို့မရပါဘူး။

Usage ကတော့
attrib –s –h –r filename ပါ။
-s ဆိုတာ system attribute ပေးထားတာကို ဖြုတ်မယ်လို့ပြောတာပါ။ -r က read-only ကို ဖြုတ်မယ်၊ -h က hidden လုပ်ထားတာကို ဖယ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဥပမာ ကျွန်တော် kavo ဗိုင်းရပ်စ်ကို သတ်မယ်ဆိုပါစို့။ သူက C:\Windows\System32 အောက်မှာ ၀င်သွားတယ်လေ။ အဲဒီတော့ cmd ထဲမှာ windows\system32 ထိ ရောက်အောင်သွားပြီး attrib –s –h –r kavo.exe လို့ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။ ပြီးတော့မှ del kavo.exe ဆိုပြီး သူ့ကို ဖျက်ပစ်လို့ရသွားပါပြီ။

ကျွန်တော်မှတ်မိသလောက် kavo ကို သတ်ခဲ့တုန်းက အခုအတိုင်းဖျက်လည်း ပြန်ပြီး ပေါ်လာခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်တွေရဲ့သဘောတရားက သူတို့မှာ အမြဲတမ်း ဖိုင်နှစ်ဖိုင်လောက် ပါပါတယ်။ a ရှိနေသလားဆိုတာကို b က အမြဲတမ်းစောင့်ကြည့်နေတယ်။ a ကို ဖျက်လိုက်ရင် b က a ကို ပြန်ပြီး ဖန်တီးပါတယ်။ kavo ဆိုလည်း အဲဒီအတိုင်းပါပဲ။ kavo.exe ကို ဖျက်လိုက်လည်း သူက ပြန်ပြီး ပေါ်လာတယ်။ ဘာကြောင့်လဲဆိုတော့ kavo.exe ရှိမရှိကို kg2v.com ဆိုတဲ့ ဖိုင်လေးက အမြဲတမ်းကြည့်နေလို့ပါပဲ။

Techinical အရပြောရရင် ဗိုင်းရပ်စ်သတ်မယ်ဆိုရင် သူတို့ရဲ့ Host Program ကို တွေ့အောင်ရှာရပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်အများစုဟာ Windows Folder အောက် ဒါမှမဟုတ် Windows\System32 အောက်မှာ အမြဲတမ်း ခိုအောင်းနေလေ့ရှိပါတယ်။ ပြီးတော့ Drive တွေအောက်မှာလည်း(C:,D:) ခိုအောင်းလေ့ရှိပါတယ်။ Host Program ကို ရှာတွေ့ဖို့ဆိုတာကလည်း အချိန်တော့ပေးရပါတယ်။ ပထမဆုံး System32 အောက်မှာပါတဲ့ ၀င်းဒိုးက တစ်ကယ်သုံးတဲ့ exe ဖိုင်တွေစာရင်း၊ com ဖိုင်တွေစာရင်းကို အလွတ်နီးပါး သိထားရပါမယ်။ ဒါမှ မသင်္ကာတဲ့ ဗိုင်းရပ်စ်ရဲ့ exe ဖိုင်ကို ရှာနိုင်မှာပါ။


ဒီနေရာမှာ အရမ်းရှုပ်ထွေးတဲ့ ဗိုင်းရပ်စ်တွေကိုတော့ ဒီအတိုင်းသတ်လို့ မရတော့ပါဘူး။ Antivirus သုံးရပါမယ်။ Antivirus ဟာ ဗိုင်းရပ်စ်တွေကို သတ်ရုံပဲသတ်ပေးပါတယ်။ ဗိုင်းရပ်စ်က မွှေသွားတဲ့ Registy တွေ၊ Windows Setting တွေကိုတော့ လုံးဝမပြင်ပေးနိုင်ပါဘူး။ အဲဒီတော့ ဗိုင်းရပ်စ်သတ်မယ်ဆိုပြီး Antivirus တစ်ခုတည်း သုံးမရပါဘူး။ Removalable Tool တွေ သုံးရပါတယ်။ Removal Tool သုံးဖို့ဆိုတာကလည်း ရမ်းသုံးလို့ မရပါဘူး။ စက်ကို ကိုက်တဲ့ ဗိုင်းရပ်စ်ရဲ့ နာမည်ကို သိရပါလိမ့်မယ်။ Win32 ဗိုင်းရပ်စ်ထင်တာပဲဆိုပြီးတော့ မလုပ်ပါနဲ့။ ဗိုင်းရပ်စ်မှန်သမျှဟာ win32 ချည်းပါပဲ။ 32 bit Windows တွေကို ကိုက်တဲ့ဗိုင်းရပ်တွေမို့ win32 ဆိုပြီး Antivirus Company တွေက နာမည်ပေးထားတာကို သတိရစေချင်ပါတယ်။ ဥပမာ Win32.Kido ဆိုပြီး အတိအကျသိရပါလိမ့်မယ်။ ဒါကလည်း ခက်ခဲ့တဲ့ကိစ္စမဟုတ်ပါဘူး။ Antivirus မှန်သမျှဟာ သူတွေ့တဲ့ဗိုင်းရပ်စ်နာမည်တွေကို Report ထဲမှာ ဖော်ပြပေးပါတယ်။

နောက်တစ်ခုက Antivirus က ဗိုင်းရပ်စ်ကို သိတယ်ဆိုတိုင်း သတ်နိုင်တယ်လို့ မယူဆပါနဲ့။ Detect ဖြစ်တာနဲ့ Treated လုပ်နိုင်တာနဲ့ မတူပါဘူး။ လက်ရှိ စာရေးနေတဲ့အချိန်ထိ Kaspersky ဟာ Win32.kido.ah ကို သိရုံပဲ သိပြီး မသတ်နိုင်သေးပါဘူး။ အဲဒီလိုအခြေအနေကျ ကျွန်တော်တို့ဟာ Google ထဲမှာ win32.kido.ah Removable Tool လို့ ရိုက်ပြီး kido ah ကို သတ်နိုင်တဲ့ Removale Tool ကို တွေ့အောင် ရှာရပါလိမ့်မယ်။ Microsoft ရဲ့ Malware Removable Tool (MRT) ကလည်း တော်တော်များများကို သတ်နိုင်ပါတယ်။

ဆက်ပါဦးမည်….

No comments:

Post a Comment