August 16, 2009

Cracking Windows Genuine Advantages (WGA)


WGA(Windows Genuine Advantages) ဟာ Windows XP ထဲမှာပါလာတဲ့ program တစ်ခု ဖြစ်ပါတယ်။ သူက ကျွန်တော်တို့သုံးနေတဲ့ Windows ဟာ License Version ဟုတ်မဟုတ်ကို စစ်ဆေးပေးပါတယ်။ လိုင်စင်ဗားရှင်း မဟုတ်ဘူးဆိုတာသိတာနဲ့ တပြိုင်နက် သင်ဟာ Genuine Victim တစ်ယောက် ဖြစ်နေပြီဆိုပြီး သူက ပြောပါလိမ့်မယ်။ ပြီးတဲ့အခါမှာ ၀င်းဒိုးထဲက ဟိုဟာဒီဟာဖွင့်လို့မရအောင် စပြီး တားဆီးပါတော့တယ်။


ဒါပေမဲ့ ကျွန်တော်တို့သုံးနေတဲ့ ၀င်းဒိုးစီဒီခွေ တော်တော်များများဟာ Crack version တွေ များတာမို့ အဲဒီ WGA ဟာ ဖြုတ်ထားပြီးသား ဖြစ်နေတတ်ပါတယ်။ WGA ကို ဘယ်အချိန်မှာ ရှောင်လွှဲလို့မရသလဲဆိုတော့ ကိုယ့် Windows XP မှာ Windows Media Player 11 တင်တဲ့အခါမှာပါ။ XP တင်ပြီးတဲ့အခါမှာ ပါလာတဲ့ WMP က version 10 ပါ။ သိပ်အဆင်မပြေပါဘူး။ Interface ကလည်း WMP11 လောက် မလှပါဘူး။ WMP11 က Microsoft ကနေ သက်သက် download ဆွဲရပါတယ်။ တစ်ချို့ Windows CD တွေမှာတော့ WMP11 တစ်ခါတည်း ပါလာအောင် လုပ်ထားတာကိုတော့ တွေ့ဖူးပါတယ်။
WMP 11 တင်တဲ့အခါမှာ သူဟာ ကျွန်တော်တို့ သုံးနေတဲ့ ၀င်းဒိုးက လိုင်စင်ဗားရှင်းဟုတ်မဟုတ်ကို Validate လုပ်ခိုင်းပါတယ်။ လိုင်စင်ဗားရှင်းမဟုတ်ဘူးဆိုရင် WMP 11 ကို တင်လို့ရမှာမဟုတ်တော့ပါဘူး။


အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့် Windows ကြီး လိုင်စင်ဗားရှင်းဖြစ်အောင် လုပ်ရပါတော့မယ်။ ၀င်းဒိုးကြီးကို တကယ်ဝယ်သုံးစရာမလိုပါဘူး။ Windows ရဲ့ Product Key လေးကို ပြောင်းလဲရုံနဲ့ ရပါတယ်။ အဲဒီလို ပြောင်းရုံနဲ့ မရဘူးဆိုရင်တောင်မှ နောက်ထပ်အဆင့်တွေနဲ့ ထပ်ပြီး ချိုးဖောက်လို့ရပါသေးတယ်။ အဲဒီအတွက် အောက်မှာပေးထားတဲ့ WGA ကို Crack လုပ်တဲ့ Program လေးကို Download ဆွဲထားလို့ ရပါတယ်။ Genuine Victim ဖြစ်နေတဲ့ စာဖတ်သူတွေလည်း ဒီ Program နဲ့ပဲ Genuine Victim ကနေ လွတ်အောင် လုပ်လို့ရပါတယ်။

Download Link: http://ifile.it/n0w78qz

No comments:

Post a Comment