
ကျွန်တော်သတိထားမိသလောက် စက်ထဲမှာရှိတဲ့ Video ဖိုင်ကို Nero နဲ့ VCD ခွေအဖြစ် Burn ရင် Quality က ဆိုးဆိုးရွားရားကို ကျသွားတယ်။ သူက ဘာကြောင့်မှန်းမသိဘူး။ ကျွန်တော်က 400 MB လောက်ရှိတဲ့ ဖိုင်တစ်ဖိုင်ထည့်လိုက်ရင် သူက 350 လောက်အဖြစ် အလိုလိုချုံ့ပစ်လိုက်ရော။ ချုံ့လိုက်မှတော့ quality က ကျရောပေါ့လေ။ အဲဒါနဲ့ Nero လို မူရင်းဖိုင်ကို မချုံ့ဘဲနဲ့ မူရင်းဖိုင်အတိုင်း VCD အဖြစ် Burn ပေးနိုင်တဲ့ software ကို ရှာနေတာ တော်တော်လေးကြာခဲ့ပါပြီ။ အခုတော့ တွေ့ပါပြီဗျာ။ Cyberlink PowerProducer တဲ့။ Interface ကလည်း ကောင်းတယ်။ မြန်လည်းမြန်တယ်။ VCD, DVD burn လို့ရတယ်။ ပြီးတော့ Sileshow တွေလည်း လုပ်လို့ရသေးတယ်။ စိတ်ဝင်စားရင် သုံးကြည့်လိုက်လေ။
No comments:
Post a Comment