August 22, 2009

Myanmardaily.net


Myanmardaily.net.. The first Myanmar RSS News portal တဲ့။ အင်တာနက်ပေါ်က မြန်မာ blog တွေ၊ site တွေရဲ့ Feed ကို စုစည်းဖော်ပြထားတဲ့ site တစ်ခုပါ။ user တွေအနေနဲ့ site တွေ blog တွေ အများကြီးကို လိုက် ကြည့်စရာမလိုတော့ဘဲ ဒီ site ကနေပဲ ကိုယ်ကြည့်နေကျ ဆိုဒ်တွေဟာ update ဖြစ်လား မဖြစ်လားဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် Category တွေကိုလည်း ခွဲခြားထားပေးပါသေးတယ်။
ကျွန်တော်လည်း အရင်တုန်းက ဒါမျိုး site လေးတစ်ခုလုပ်ဖို့ အကြံရပြီး ရေးခဲ့ဖူးပါတယ်။ ပြီးခါနီးမှ Google Reader ကြီးပေါ်လာလို့ မလုပ်တော့ပဲ ပစ်ထားခဲ့ရဖူးတယ်။ အခု myanmardaily.net ကတော့ Google Reader နဲ့တော့ မတူပါဘူး။ ဒါပေမဲ့ Google Reader လိုမျိုး ဘယ် Feed တွေ ထည့်ရမှာပါလိမ့်ဆိုပြီး စဉ်းစားစရာ မလိုတော့ဘူးလေ။ ကောင်းနိုးရာရာ site တွေကို သူတို့က အချိန်တွေပေးပြီး ရှာဖွေထားတယ်၊ Feed တွေကို ပြန်လည်ဖော်ပြခြင်းပြုလုပ်လိုက်တာပါပဲ။
Site ကို ပိုပြီးကောင်းမွန်လာအောင် ပြုလုပ်ဖို့တော့ လိုပါသေးတယ်။ အထူးသဖြင့်တော့ design ပိုင်းပဲ။ ဆွဲဆောင်မှုရှိတဲ့ Web design မဟုတ်သေးဘူး။ ပြီးတော့ searching ပိုင်းမပါသေးဘူး။ အဲ… ပြောရင်းနဲ့ ပိုများလာလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်ဗျာ ကြိုဆိုတယ်.. ချီးကျူးတယ် ရေရှည်တည်တံ့ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

No comments:

Post a Comment