November 7, 2009

7Loader

Windows 7 ကို activation လုပ်ဖို့အတွက် ခွေဝယ်တုန်းကပါလာခဲ့တဲ့ 7loader ကို အသုံးပြုနေပါတယ်။ ကျွန်တော်အခု Windows7 ကို Desktop သုံးလုံးနဲ့ Laptop နှစ်လုံးမှာ တင်ခဲ့ပြီးပါပြီ။ အကုန်လုံးကို 7loader နဲ့ Crack လုပ်တာချည်းပဲ။ Desktop မှာ လုံးဝ အဆင်ပြေပါတယ်။ Laptop မှာတော့ လုံးဝ အဆင်မပြေပါဘူး။ Activation လုံးဝ လုပ်မရဘူး။ ခွေထဲပါတဲ့ဟာက 7loader version 1.2 ပါ။ Activation လုပ်မရတော့ 1 လပဲ အသုံးခံမှာလေ။ အဲဒါနဲ့ပဲ အဆင်ပြေမယ့်ဟာကို အွန်လိုင်းမှာ အသည်းအသန် လိုက်ရှာနေရတယ်။ 7loader ကို ရေးသားတဲ့ Hazar ရှိတဲ့ My Digital Life Forum ကို မွှေကြည့်ရပါတယ်။ သူတို့ပေးတဲ့ Link တွေ ဖွင့်လိုက်တိုင်း Copyright နဲ့ ညှိနေလို့ ဖျက်ပစ်လိုက်ပါတယ်ဆိုတဲ့ စာသားတွေချည်းနဲ့ပဲ ကြုံနေရတယ်။ ifile, mediafire, megaupload အကုန်လုံးပါပဲ။ Microsoft က Windows 7 နဲ့ ပတ်သတ်တဲ့ Link မှန်သမျှ လိုက်ဖျက်ခိုင်းနေတယ်ဆိုတာ ဟုတ်မှာပဲ။

ကံကောင်းလို့ Link တစ်ခုရပါတယ်။ Download ဆွဲတယ်။ megaupload က download limit exceed ဖြစ်နေလို့ ရန်ကုန်က သူငယ်ချင်းကို အကူအညီတောင်း၊ သူကတစ်ဆင့် မလေးက အစ်မတစ်ယောက်ကို ပြန် download ဆွဲခိုင်း၊ ပြီးမှ ifile နဲ့ ပြန်တင်ခိုင်း၊ ကျွန်တော်က ပြန်ဆွဲ။ ရှုပ်နေတာပါပဲ။ စိတ်ရှည်လက်ရှည် download ဆွဲပြီးတော့ ရလာတာက version 1.2 ဖြစ်နေလို့ အတော်လေး လေသွားတယ်။

လိုချင်တာက နောက်ဆုံး version ဖြစ်တဲ့ 1.4 လေ။ သူနဲ့ဆိုရင်တော့ အဆင်ပြေမယ် ထင်တာပါပဲ။ အခုထိတော့ မရသေးဘူး။ သူငယ်ချင်း တစ်ယောက်ကတော့ Crack မလုပ်ပဲ Product Key တွေထည့်ပြီး Activate လုပ်ကြည့်ပါလားလို့ ပြောတယ်။ အဲဒါနဲ့ စမ်းကြည့်တယ်။ Product Key အခု သုံးဆယ်လောက် တစ်ခုပြီးတစ်ခု ထည့်ကြည့်တာ Microsoft က invalid ချည်းပဲ ပြောနေပြန်တယ်လေ။

Update:
Windows 7 ကို Fully activated ရသွားပါပြီ။ Windows 7 Loader 1.7.3 နဲ့ပါ။ Download Link ကတော့ http://slics.myftp.org/Tools/Daz/Windows%207%20Loader%20v1.7.3.zip ပါ။ သူ့အကြောင်း အသေးစိတ်သိချင်ရင်http://forums.mydigitallife.info/showthread.php?t=8632 ကိုသွားပါ။


Windows 7 Activation အကြောင်း အသေးစိတ်သိချင်ရင်တော့ http://forums.mydigitallife.info/showthread.php?t=7126 ကို သွားလိုက်ပါ။ တကယ်ကောင်းပါတယ်။ Activation လုပ်နည်းမျိုးစုံ ရှိပါတယ်။

No comments:

Post a Comment