November 8, 2009

Kaspersky 2010 မသုံးခင် သိထားသင့်သောအချက်များ

Microsoft က Windows 7 နဲ့ Compatiable ဖြစ်တဲ့ Antivirus စာရင်းကို ထုတ်ပြန်တဲ့အခါမှာ Kaspersky Antivirus 2010 ဟာ Compatiable ဖြစ်တယ်လို့ ပြောပါတယ်။ 2009 တောင် မပါပါဘူး။ စမ်းသပ်ကြည့်တဲ့ အခါမှာလည်း Kaspersky Antivirus 2009 ဟာ Windows 7 မှာ ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ File Antivirus နဲ့ Proactive Defense မှာ Error တတ်ပါတယ်။ Windows 7 ရဲ့ Compatiblily Mode ကိုသုံးပြီး Install လုပ်ရင် ရကောင်းရနိုင်ပေမဲ့ ကျွန်တော်ကတော့ သဘောမတွေ့ပါဘူး။

အဲဒါနဲ့ပဲ Windows 7 မှာ တင်ရမယ့် Antivirus ဟာ Kaserpsky Antivirus 2010 ဖြစ်သွားတာပါပဲ။ အဲဒါနဲ့ပဲ ကျွန်တော်လည်း Kaspersky Website ကနေ Kaspersky Antivirus 2010 ကို Download ဆွဲပြီး Windows 7 ပေါ်မှာ စမ်းသပ် သုံးစွဲကြည့်ပါတယ်။

အရမ်းတင်းကျပ်သွားပါတယ်။ ခိုးသုံးလို့မရအောင် တင်းကျပ်သွားတာပါ။ Install လုပ်ပြီးတဲ့အခါမှာ သူက Activation code ရိုက်ထည့်ခိုင်းပါတယ်။ အရင်တုန်းကလို Activation code မရိုက်ချင်ရင် Key file ကို ရွေးပေးလို့ရတဲ့ option ပါမလာတော့ပါဘူး။ Activation code မရိုက်ထည့်ဘူးဆိုရင် Trial mode ကို ရွေးလို့ရပါတယ်။ Trial ကတော့ 1 လပဲ အသုံးခံမှာပါ။ အဲဒီတစ်လအတွင်းမှာ Update တောင် လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ Actiavtion code ကလည်း အလကား မရပါဘူး။ ၀ယ်တဲ့အခါမှာမှ ပါလာမှာပါ။ Activation code ထည့်ပြီး Activate လုပ်ပေးရပါတယ်။ Kaspersky Server က ရိုက်ထည့်တဲ့ Activation code မှန်မမှန်စစ်ဆေးပါတယ်။ ဒါကြောင့် Kaspersky Antivirus 2010 ဟာ အင်တာနက်ချိတ်ဆတ်မှု မရှိတဲ့ လုံးဝ အသုံးပြုလို့မရပါဘူး။ (Crack တွေ ရှိချင်ရှိပါလိမ့်မယ်၊ ကျွန်တော်ကတော့ အခုထိမတွေ့သေးပါဘူး)

နောက်တစ်ခုက Update ကိစ္စပါ။ Kaspersky က Automatice Update နဲ့ Manual Update ဆိုပြီး နှစ်မျိုး ရွေးချယ်ခွင့်ပေးထားပါတယ်။ ကျွန်တော်တို့အတွက်ကတော့ Manual Update က အဆင်အပြေဆုံးပါ။ ဒါပေမဲ့ Kaspersky Website ထဲမှာ 2010 အတွက် Virus Update Database လုံးဝ ပေးမထားပါဘူး။ ဒါကြောင့်မို့ Kasersky 2010 ဟာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာမှာပဲ တင်ရမယ်။ ပြီးရင်လည်း Automatic Update လုပ်ပြီး သုံးစွဲရုံပဲ ရှိပါတော့တယ်။ Automatic Update ဟာ Connection နှေးတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အဆင်မပြေနိုင်ပါဘူး။

နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ 2010 ကို Install လုပ်။ ပြီးရင် အင်တာနက်ရတဲ့နေရာသွားပြီး Activate လုပ်။ ပြီးရင် အိမ်ကို ပြန်သယ်လာ။ Update လုပ်ချင်ရင် Kaserpsky 2010 သုံးတဲ့ အင်တာနက်လည်း ချိတ်ထားတဲ့၊ လိုင်စင်ဗားရှင်းကိုသုံးတဲ သူငယ်ချင်းကို အကူအညီ တောင်းရပါလိမ့်မယ်။ ဘယ်လို အကူအညီ တောင်းရမလဲဆိုတော့ မင်း Automatic Update မလုပ်ခင် Setting ထဲက Copy Update to Distribution Folder ဆိုတဲ့ Checkbox လေးကို အမှန်ခြစ်ပြီး Update ရောက်သွားချင် တဲ့ Folder တစ်ခုကို ရွေးပေးထားပေးပါကွာလို့ ပြောထားရပါမယ်။ ဒါဆိုရင် သူ့စက်က Automatic Update လုပ်ပြီးသွားတဲ့အခါမှာ Update ဟာ သူရွေးပေးထားတဲ့ Folder အောက်ကို ရောက်သွားပါလိမ့်မယ်။ ကိုယ်က အဲဒီ Folder လေးကို Copy ကူးပြီး ကိုယ့်အိမ်က ကွန်ပျူတာရှိတဲ့ Kaspersky 2010 ကို Update လုပ်နိုင်ပါလိမ့်မယ်။ (ခက်ခဲလိုက်တာနော်)

ရှေ့က ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ Kaspersky 2010 ဟာ Activation လုပ်ဖို့အတွက် Internet Access လိုအပ်ခြင်း၊ Update လုပ်ဖို့ရာ ခက်ခဲခြင်း၊ ခိုးသုံးလို့ မလွယ်ကူခြင်း တို့ကြောင့် မြန်မာပြည်မှာ ပေါက်ဖို့ဆိုတာ သိပ်တော့ မထင်ပါဘူး။ ခိုးသုံးဖို့အတွက် Activation code ရှိရပါလိမ့်မယ်။ ကျွန်တော်ရှာကြည့်သလောက်တော့ ဘယ်မှာမှ မတွေ့ပါဘူး။ ဒါပေမဲ့ Windows 7 မှာ Kaspersky သုံးချင်ရင် 2010 မှဘဲ အဆင်ပြေပါလိမ့်မယ်။ ကဲ ဘယ့်နှယ်လုပ်ကြမလဲ။

ကျွန်တော်ကတော့ အခုထိ Kaspersky 7 လေးနဲ့ အဆင်ပြေနေတုန်းပါပဲ။ ၀ယ်ထားတဲ့ဖြစ်တဲ့အတွက် Key ပြဿနာလည်း မရှိပါဘူး။ ပြီးတော့ လိုင်စင်သက်တမ်းကလည်း မကုန်သေးဘူးလေ။ လိုင်စင်သက်တမ်း ကုန်တဲ့နေ့ရောက်ရင်၊ ပြီးတော့ Kaserspky 7 နဲ့မနိုင်ဘဲ 2010 (version 9) နဲ့မှ နိုင်တဲ့ ဗိုင်းရပ်စ်ပေါ်လာတဲ့ အခါကျရင်တော့ Kaserspky 2010 ကို ၀ယ်ဖို့ စဉ်းစားရပါလိမ့်မယ်။

BitDefender ကတော့ ဘယ်လိုနေမလဲ မသိဘူး။ သူက ကမ္ဘာ့အကောင်းဆုံးလည်း ဖြစ်တယ်။ ပြီးတော့ 2009 version အထိ Activate လုပ်ဖို့အတွက် အင်တာနက်မလိုပါဘူး။ License Key မှန်မမှန်ကို Program ကပဲ စစ်ပေးသွားပါတယ်။ 2010 မှာလည်း အဲဒီလို Internet access မလိုဘူးဆိုရင်တော့ BitDefender ကိုပဲ သုံးရတော့မယ် ထင်ပါတယ်။ ဒါပေမဲ့ Update ကို Kaspersky လို အင်တာနက်ကဖေးမှာ သွားဝယ်လို့ မရနိုင်တော့ဘူးလေ။ ကိုယ်တိုင် download လုပ်ရတော့မှာ။ အင်တာနက်ကဖေးတွေကလည်း လူသုံးများတဲ့ Kaspersky ရဲ့ Update ကိုပဲ ဆွဲထားကြတာ။ Bitdefender update ကိုကျ ဆွဲထားမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဆိုင်တစ်ချို့တော့ ရှိတယ်ထင်ပါတယ်။

No comments:

Post a Comment