November 19, 2009

Framework and Redistributable Package

အရင်တုန်းက Programming Language တွေမှာ Program တစ်ခုရေးပြီးရင် Binary code လို့ ခေါ်တဲ့ .exe ဖိုင် ထုတ်ပေး ပါတယ်။ အဲဒီ .exe ဖိုင်ကို ဘယ်ကွန်ပျူတာမှာပဲ run ကြည့်ကြည့် run လို့ ရပါတယ်။ အခုအချိန်မှာ ခေတ်စားနေတဲ့ .Net တို့ Java တို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဥပမာ C#.Net တို့ VB.Net တို့နဲ့ ရေးသားထားတဲ့ Program တွေဟာ ကွန်ပျူတာတိုင်းမှာ run လို့ မရပါဘူး။ အဲဒီ ကွန်ပျူတာမှာ .Net Framework ဆိုတာရှိမှ run နိုင်ပါတယ်။ Java ဆိုလည်း အဲဒီအတိုင်းပါပဲ။ JRE လို့ခေါ်တဲ့ Java Runtime Environment ရှိမှ Java Program တွေက run နိုင်ပါတယ်။

.Net Framework က Version 1.1, 2.0, 3.0 စသည်ဖြင့် ရှိကြပါတယ်။ Programmer တစ်ယောက်က .Net 2.0 Framework ကိုအခြေခံပြီး ရေးသားလိုက်တဲ့ Program တစ်ခုကို စာဖတ်သူက အသုံးပြုချင်ရင် စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework 2.0 ရှိရပါမယ်။ 1.1 ရှိရုံနဲ့ မရပါဘူး။

အခုနောက်ပိုင်း Program တွေ တော်တော်များများဟာ .Net နဲ့ ရေးထားတာတွေ များပါတယ်။ ဒါကြောင့်မို့ စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework ရှိမှ အဲဒီ Program တွေကို အသုံးပြုနိုင်မှာပါ။ (Control Panel ထဲက Add/Remove Programs ကိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်) တချို့ Program တွေက Install လုပ်တဲ့အချိန်ကတည်းက .Net မရှိလို့ မရပါဘူးလို့ ပြောပါတယ်။ တချို့ကကျ ဘာမှ မပြောဘဲ တင်သွားတယ်။ သုံးကြည့်တော့ သုံးမရဘူး။ တချို့ကကျ .Net မရှိရင် .Net ကို သူ့အလိုလို install လုပ်သွားပါတယ်။ တချို့ကကျ .Net မရှိဘူး၊ တင်လိုက်ဦးဆိုပြီး ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီမှာ .Net Installer မရှိရင် အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆို .Net ကို Version မျိုးစုံ ဆောင်ထားရပါတယ်။ JRE ကိုလည်း အဲဒီအတိုင်းပါပဲ။

Framework လိုမျိုး လိုအပ်တဲ့နောက်တစ်ခုက Redistributable Package ပါ။ ဥပမာ Program တစ်ခုက Database သုံးထားတယ်၊ SQL Server ကိုသုံးတယ် ဆိုပါစို့။ အဲဒီအခါမှာ စာဖတ်သူကွန်ပျူတာ SQL Server Package ရှိရပါလိမ့်မယ်။ Package ဟာ Application တွေက တောင်းတဲ့ Request ကို ဖြည့်ဆည်းပေးရုံလောက်ပဲ ရှိပြီး ကျွန်တော်တို့က သွားအသုံးပြုလို့မရပါဘူး။ စာဖတ်သူ Database တစ်ခု ဖန်တီးဖို့အတွက် SQL Package လေး ရှိရုံနဲ့ မရပါဘူး။

အဲဒီလိုမျိုးပါဘဲ။ Visual C++ Package တွေလိုမျိုးလည်း တချို့ Program တွေအတွက် လိုအပ်ပါတယ်။ ဒါကြောင့် Package တွေကိုလည်း ဆောင်ထားသင့်ပါတယ်။

နောက် DirectX တို့ Windows Installer တို့ကိုလည်း ဆောင်ထားရင် မမှားပါဘူး။ အဲဒီနှစ်ခုက Windows ထဲမှာ ပါပြီးသားဖြစ်ပေမယ့် Version မြင့်တာကို ဆောင်ဖို့ပြောတာပါ။ တစ်ချို့က ပြောပါတယ်။ PowerDVD တင်တာ DirectX မရှိလို့ တင်မရဘူးဖြစ်နေတယ်ဆိုပြီးတော့ပါ။ အမှန်က DirectX က Windows ထဲမှာ ပါပြီးသားပါ။ PowerDVD က Version မြင့်တာကို တောင်းတာပါ။ မှတ်မှတ်ရရ DirectX 9.0c ကို တောင်းပါတယ်။

1 comment:

  1. ကိုဇော်သူရိန်ထွန်းမို့လား.. ? Bro ဒီ Blog မှာရေးနေတာခုမှသိတယ်...၊ Facebook မှာတော့ တွေ့ဖူးတာကြာပြီ...၊(Myanmar Lottery) မှာရေးထားတာတွေ့လို့ဝင်ကြည့်တာ..၊ :) အများကြီးဗဟုသုတရပါတယ်...၊
    C-Box ဖြစ်ဖြစ် ..အော်လို့ရမယ့်ဟာတစ်ခုခုထားပေးပါ့လား...၊ အားရင် ကျွန်တော့ဆီလည်း လာလည်ပါဦး...၊
    blackmagicmaker.blogspot.com

    ReplyDelete