December 24, 2009

HDTV & HDMI

အခုနောက်ပိုင်း Laptop တွေမှာ HDMI port ဆိုတာလေး ပါ ပါလာတာနဲ့ HDMI ဆိုတာ ဘာကြီးပါလိမ့်ဆိုပြီး အွန်လိုင်းပေါ်တက်ပြီး စပ်စုကြည့်မိပါတယ်။ အခု ကျွန်တော် ရှာတွေ့ခဲ့သလောက်လေးကို ဖောက်သည် ချလိုက်ပါတယ်။

HDMI ဆိုတာက High Definition Media Interface ရဲ့ အတိုကောက်တဲ့။ သူ့ကို HDTV တွေမှာ BlueRay Player တွေမှာ၊ Laptop တွေမှာ တွေ့နိုင်ပါတယ်တဲ့။ HD အတွက် HDMI ဆိုတာ ပေါ်လာတယ်လို့တောင် ပြောနိုင်ပါတယ်တဲ့။ ကျွန်တော်တို့ လက်ရှိသုံးနေကြတဲ့ TV တွေဟာ SD (Standard Definition) တွေဖြစ်ပြီး သူတို့ဟာ interlaced method ကို သုံးပြီး ပုံရိပ်တွေကို ဖော်ပြပေးနေကြပါတယ်တဲ့။ interlaced method ဆိုတာက ပုံရိပ်တစ်ခုလုံးကို ချက်ချင်းဖော်ပေးတာမဟုတ်ဘဲ တစ်လိုင်းပြီးရင် တစ်လိုင်းဖော်တဲ့ပုံစံနဲ့ သွားတာပါတဲ့။ ဒါပေမဲ့ အရမ်းမြန်တဲ့အတွက် လူမျက်စိက မမြင်တာပါတဲ့။

HDTV တွေကတော့ လုံးဝ digital တွေ ဖြစ်ပါတယ်တဲ့။ HDTV တွေဟာ Aspect ration ကို 16:9 အထိ ရပြီး resolution က 1920*1080 အထိရပါတယ်တဲ့။ (SD က 704*480 ပဲရပါတယ်) ပြီးတော့ HDTV တွေရဲ့ color ထွက်ကတော့ SD နဲ့ တခြားစီပဲတဲ့။ (ကြည့်ဖူးသူတွေ သိကြမှာပါ)

အဲဒီ HDTV တွေအတွက် HDMI ကြိုးနဲ့ HDMI port ဆိုတာ လိုအပ်လာပါတယ်တဲ့။ HDMI ကြိုးတွေဟာ audio ရော video ရော နှစ်မျိုးစလုံးကို သယ်ပို့ပေးနိုင်ပါတယ်တဲ့။ audio ကို 8 channel အထိတောင် သယ်ပို့ပေး နိုင်ပါတယ်တဲ့။
Laptop တွေမှာပါတဲ့ HDMI port ကတော့ output port ဖြစ်ပြီး အဲဒီ Laptop နဲ့ HDTV နဲ့ တွဲဖို့အတွက် ဖြစ်ပါတယ်တဲ့။ အခုဆိုရင် Desktop တွေမှာတောင် ပါလာပြီဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ HD ဇာတ်ကားတွေကို ခံစားနိုင်ပါပြီတဲ့။ (အင်း. Blueray ခွေရယ်၊ Blureray drive လေးရယ်၊ HDTV လေးရယ် ရှိရင်ပေါ့)

နောင်တစ်ချိန်မှာ VGA port, DVI port နဲ့ S-Video port တွေနေရာမှာ HDMI က နေရာယူသွားနိုင်ပါတယ်တဲ့။
ပြီးတော့ အရင်လို ကြိုးတွေ ရှုပ်တော့မှာမဟုတ်ဘူးတဲ့။ ဆိုလိုတာက HDTV နဲ့ HD DVD Player နဲ့ ဆက်သွယ်ဖို့ HDMI တစ်ကြိုးတည်းနဲ့ ပြီးတယ်တဲ့။ (မျက်မြင်ကိုယ်တွေ့ဟုတ်ဘူးနော်)

အဲ. ကျွန်တော်ဖတ်ကြည့်ပြီး သိခဲ့ရသလောက်တော့ အဲဒီလောက်ပါပဲဗျာ။ စာဖတ်သူထဲကလည်း HD အကြောင်း သိထားသူများရှိနေရင် ပညာဝေမျှပေးခဲ့ပါဦးဗျာ။




References:
www.hdmi.org
http://electronics.howstuffworks.com/hdmi.htm
http://hometheater.about.com/od/hometheatervideobasics/qt/hdmifacts.htm
http://askville.amazon.com/laptop-HDMI-port-connect-cable-box-receive-tv-channels/AnswerViewer.do?requestId=18786543
http://electronics.howstuffworks.com/hd-dvd.htm

No comments:

Post a Comment