December 25, 2007

Cloning Hard Disk

တစ်နေ့က ကွန်ပျူတာလေးလုံးလောက်ကို ၀င်းဒိုးတင်ပေးဖို့ အခွင့်အရေးကြုံလာတယ်။ သိတဲ့အတိုင်း စက်လေးလုံး ကိုလုပ်ရမှာဆိုတော့ တော်တော်ကြာမှာလေ။ အဲဒါနဲ့ ကျွန်တော်လည်း ဖြတ်လမ်းနည်းလေးတွေ စဉ်းစားကြည့်တယ်။ အခုလုပ်ရမဲ့ကွန်ပျူတာတွေက အသစ်တွေ။ အမျိုးအစားတွေကလည်း အကုန်အတူတူ၊ ဟက်ဒစ် ဆိုဒ်တွေကလည်း တူနေတာဆိုတော့ ကလုံးရိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ တော်တော်များများ သုံးကြတာကတော့ Norton Ghost ကို သုံးကြတာ။ ကျွန်တော်တစ်ခါစမ်းဖူးတယ်။ သိပ်မကြိုက်ဘူး။ အဲဒါနဲ့ တခြားဟာ စဉ်းစားကြည့်တော့ တစ်ခါက PC World ထဲမှာ True Image ဆိုပြီး Hard disk clone ရိုက်တဲ့ software လေးအကြောင်းပါဖူးတယ်။ အဲဒါနဲ့ စက်တစ်လုံးကို Windows တင်၊ ပြီးတော့ အဲဒီ True Image ကိုတင်၊ ပြီးတော့ shutdown လုပ်၊ နောက် Hard disk အသစ်တစ်လုံး ထပ်တပ်၊ စက်ပြန်ဖွင့်၊ True Image ကို run ပြီး Clone ရိုက်လိုက်တာ ငါးမိနစ်နဲ့တင် ပြီးသွားတယ်ဗျ။ တော်တော်လက်ဖျားခါရတယ်ပြောရမယ်။ အရပ်သဘောနဲ့ ပြောရရင် Windows ကို ငါးမိနစ်နဲ့ တင်လို့ရတယ်လို့ပြောရမှာပေါ့။

No comments:

Post a Comment