
ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက ကျွန်တော်တို့တွေဟာ Pentium D တွေ Dual Core တွေလို 64bit hardware တွေကို အသုံးပြုနေကြပေမဲ့ OS က Windows XP လို 32 bit OS ဖြစ်နေခြင်းပါ်။ Windows XP ဟာ 32 bit ထိပဲ အလုပ်လုပ်နိုင်တာကြောင့် hardware က 64 bit ဖြစ်ပေမယ့်လည်း သူကတော့ အပြည့်အ၀ မခိုင်းနိုင်ပါဘူး။ ဒါကြောင့်မို့ လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ hardware တွေနဲ့ ကိုက်ညီတဲ့ OS ဟာ 64 bit OS တွေပါပဲ။ ကျွန်တော်တို့ အသုံးပြုနေတဲ့ 64 bit hardware ပစ္စည်းတွေရဲ့ အစွမ်းကို အပြည့်အ၀ခံစားရဖို့အတွက် ကျွန်တော်တို့တွေ 64 bit OS တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ သုံးလည်း သုံးသင့်နေပါပြီ။ Dual Core ကွန်ပျူတာတစ်လုံးဟာ XP OS ကိုအသုံးပြုခြင်းဟာ ကားအကောင်းစားကြီးဝယ်ပြီး တစ်နာရီ မိုင်သုံးဆယ်နှုန်းနဲ့ မောင်းနေတာနဲ့ တူတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။
ကဲ ဒါဖြင့် 64 bit OS တွေကို လေ့လာကြည့်ရအောင်။ Microsoft က Windows XP ကို 64 bit အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပေါက်ခဲ့ခြင်းမရှိပါဘူး။ နောက် Vista။ Vista မှာကျတော့ 32 bit နဲ့ 64 bit ဆိုပြီး နှစ်မျိုးခွဲထုတ်ခဲ့ပါယ်။ Vista ဟာ 64 bit ဖြစ်လို့ မြန်ဆန်သင့်ပေမဲ့ သူ့မှာပါတဲ့ Aero ရယ်၊ တခြား services တွေ ရယ်ကြောင့် တော်ရုံတန်ရုံကွန်ပျူတာမှာဆိုရင် ၀ပ်သွားပါတယ်။ ဒါ့အပြင် program တွေ တော်တော်များများနဲ့ Compatible မဖြစ်တာကြောင့် Vista ဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Vista ကို မသုံးခဲ့ပါ။
ကဲ.အခုတော့ Windows 7 ကြီးလာပါတော့မယ်။ တခြားဘာတွေပဲ ထည့်ထားပါစေဦး။ XP mode ပါတာရယ်၊ 64 bit ဖြစ်တာရယ်ကြောင့်ကို ကျွန်တော်တို့တွေ သုံးစွဲသင့်နေပါပြီ။ ကားအကောင်းစားကြီးစီးပြီး တစ်နာရီမိုင်သုံးဆယ်နှုန်းနဲ့တော့ မမောင်းသင့်တော့ဘူးပေါ့ဗျာ။
No comments:
Post a Comment