December 29, 2009

Guide to Applying Digital Video


အင်တာနက်ဂျာနယ်မှာ အပတ်စဉ်ပါခဲ့တဲ့ ကိုဝဏ္ဏကျော်ရဲ့ လက်တွေ့အသုံးချ Digital Video လေ့လာမှု လမ်းညွှန် ဆောင်းပါးတွေကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။ မူရင်း ဆောင်းပါးမှာ မပါရှိတဲ့ လိုအပ်တဲ့ပုံတွေကိုလည်း ထည့်ပေးထားပါတယ်။ ဒီစာအုပ်လေး ဖြစ်မြောက်ဖို့အတွက် ကူညီပေးခဲ့ကြတဲ့ အွန်လိုင်းမှ မိတ်ဆွေသူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။
ကိုဝဏ္ဏကျော်ကိုလည်း ဒီနေရာကနေ အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။ အများ သိစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာမို့ ကိုဝဏ္ဏကျော် နားလည် ခွင့်လွှတ်ပေးနိုင်ပါစေလို့ ဆုတောင်းနေပါတယ်။

File name: Guide to Applying Digital Video
File Size: 1.86 MB
Download Link: http://www.4shared.com/file/182560833/e45e891d/Guide_to_Applying_Digital_Vide.html

December 27, 2009

Microsoft ICT Curriculum Roadmap

Microsoft က ဖန်တီးပေးထားတာပါ။ ကွန်ပျူတာလိုင်းမှာ ဘယ်ဟာပြီးရင် ဘယ်ဟာလုပ်ရမယ်။ ဘယ်လတ်မှတ်ရရင် ဘာဖြစ်နိုင်တယ်ဆိုပြီး လမ်းညွှန်ပေးထားတဲ့ လမ်းပြမြေပုံလေး တစ်ချပ်ပါ။ ကျွန်တော်ကတော့ Vinyl ထုတ်ပြီး အခန်းထဲမှာ ကပ်ထားလိုက်ပြီ။

Download PDF file

ဒါကတော့ မူရင်းလင့်ခ်ပါ။
http://www.microsoft.com/education/MSITAcademy/curriculum/roadmap/default.mspx

December 25, 2009

Beginner Guide to Digital Photography


တစ်နေ့ကပဲ Nikon Coolpix L19 ကင်မရာလေးတစ်လုံး ၀ယ်လာခဲ့ပါတယ်။ အရင်တုန်းကလည်း Digital Camera တွေကို ကိုင်တွယ်ခဲ့ဘူးပေမဲ့ စိတ်ကြိုက်ကလိခွင့်မရခဲ့ဘူး။ အခု ကိုယ့်ကင်မရာနဲ့ကိုယ် ဆိုတော့မှ စိတ်ကြိုက် ကလိကြည့်တယ်။ Manual စာအုပ်ဖတ်ပြီး အကုန်လိုက် စမ်းကြည့်တယ်။ ဓာတ်ပုံတွေ ရိုက်ကြည့်တယ်။ အဲဒီအခါမှ တစ်ချို့ပုံတွေက ကောင်းပေမဲ့ တစ်ချို့ပုံတွေကျ ၀ါးနေတာ၊ မှောင်နေတာ၊ လင်းလွန်းသွားတာမျိုးတွေ ကြုံရတဲ့အခါမှာ ဒါဘာကြောင့်ဖြစ်ရတာပါလိမ့်ဆိုပြီး ဓာတ်ပုံဆရာတွေ မေးကြည့်၊ အင်တာနက်ထဲ မွှေကြည့်တဲ့အခါမှာ အခုလို သိခဲ့ရပါတယ်။ တကယ်တော့ Digital Photography ဟာ အရမ်း အရမ်းကို နက်နဲကျယ်ပြန့်တဲ့ ပညာရပ်ကြီးတစ်ခုပါ။ ကျွန်တော်ဟာ အခုမှ Digital Photography ကို စတင် လေ့လာနေတာ ဖြစ်တာမို့ အခုရေးတဲ့ Post လေးဟာ Beginner တွေ အတွက်ပါပဲလို့ ကြိုတင် ပြောပါရစေ။ Pro များအနေဖြင့် မှားနေတာများရှိရင်၊ လိုအပ်တာများရှိရင် ပြင်ဆင်ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။


အရင်က Digital Camera နဲ့ ဓာတ်ပုံရိုက်တယ်ဆိုတာ ချိန်ပြီး ခလုတ်နှိပ်လိုက်တာပါလို့ ထင်ခဲ့ပါတယ်။ ရတော့ ရပါတယ်။ ဒါပေမဲ့ ပုံကောင်းတစ်ပုံ မဖြစ်နိုင်ပါဘူး။ ဓာတ်ပုံမရိုက်ခင် Focus ပြတ်သားအောင် ချိန်ရပါတယ်။ အရင်ခေတ် ဖလင်ကင်မရာတွေတုန်းကတော့ Focus ပြတ်အောင် ချိန်ရတာ လက်ဝင်လှပေမဲ့ အခုခေတ် Digital Camera တွေကတော့ အဲဒီလောက် မခက်တော့ပါဘူး။

Focus ပြတ်၊ မပြတ် ဘယ်လိုသိနိုင်သလဲဆိုတော့ Object ကို ချိန်ပြီးရင် Shutter ခလုတ်ကို အဆုံးထိ မနှိပ်ဘဲ တစ်ဝက်ပဲ နှိပ်လိုက်ပါ။ အဲဒီအခါမှာ ကင်မရာရဲ့ LCD Screen မှာ Focus ပြတ်ရင် အစိမ်းရောင် လေးထောင့်လေး ပေါ်လာမှာဖြစ်ပြီး Focus မပြတ်ရင် အနီရောင်လေးထောင့်လေး ပေါ်လာမှာပါ။ အစိမ်းရောင် ဆိုရင် ရိုက်လို့ရပါပြီ။ အနီရောင် ဆိုရင်တော့ နေရာပြောင်းချိန်ပါ။

Digital Camera တိုင်းမှာ Auto mode ပါပါတယ်။ ဒါပေမဲ့ အဲဒီ Auto ကို ဓာတ်ပုံရိုက်တဲ့အခါတိုင်း မသုံးစွဲ သင့်ပါဘူး။ တစ်ချို့နေရာမှာ Auto တွေက မကောင်းတတ်ပါဘူး။ ဒါပေမဲ့ Manual ထားဖို့ကျတော့ Digital Photography Concepts တွေကို နားလည်ဦးမှ ဖြစ်မှာပါ။ ဒါကြောင့် အောက်မှာ Digital Photography ရဲ့ Basic Concepts တွေကို တတ်နိုင်သလောက် ရှင်းပြထားပါတယ်။ အောက်မှာ ပြောထားတဲ့ စကားလုံးတွေကို Digital Camera ရဲ့ Setting တွေထဲမှာ တွေ့နိုင်ပါတယ်။ ဒါမှမဟုတ် Digital Camera နဲ့ ရိုက်ထားတဲ့ပုံတစ်ပုံကို ကွန်ပျူတာမှာ Right Click နှိပ် Properties ခေါ်ပြီး Summary tab ထဲမှာလည်း တွေ့နိုင်ပါတယ်။

(၁) Shutter Speed
Shutter Speed ကို Point and Shoot Camera တွေမှာ ပြင်ဆင်လို့ မရပါဘူး။ Nikon D40 လို Digital Camera အကြီးစားတွေမှာသာ ပြင်နိုင်ပါလိမ့်မယ်။ Point and Shoot လို့ခေါ်တဲ့ လူသုံးများတဲ့ Digital Camera အသေးစားလေးတွေဟာ Shutter Speed ကို သူ့အလိုလို သတ်မှတ်ပြီး ရိုက်သွားပါတယ်။

Shutter Speed ကို Second နဲ့ တိုင်းတာပါတယ်။ 1/125 တို့ 1/62 တို့လိုမျိုးပါ။ 1/125 ဆိုရင် Shutter Speed ဟာ တစ်စက္ကန့်ရဲ့ အပုံ ၁၂၅ပုံ ၁ပုံ ရှိတယ်လို့ပြောတာပါ။ နေ့လည်ခင်းလိုမျိုး နေသာတဲ့အချိန်မှာ Shutter Speed ကို လျော့ရိုက်ပေးရပါတယ်။ 1/125 လောက် ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့ခင်း ဖြစ်တဲ့အတွက် ကင်မရာထဲကို အလင်းဝင်အားက များနေပါတယ်။ အဲဒီအချိန်မှာ Shutter Speed ကို နှေးလိုက်ရင် ကင်မရာထဲကို အလင်းတွေအများကြီးဝင်လာပြီး ရလာတဲ့ပုံဟာ burn သွားတာမျိုး ဖြစ်နိုင်ပါတယ်။ Indoor ရိုက်တာမျိုးဆိုရင်တော့ 1/62 ထားရင် ရပါတယ်။ လှုပ်ရှားနေတဲ့ ပုံရိပ်ကို ရိုက်မယ်ဆိုရင်တော့ Shutter Speed ကို မြန်ပေးရပါလိမ့်မယ်။ နောက်ပြီး အလင်းအားနည်းတဲ့အခါမှာတော့ Shutter Speed ကို နှေးပေး ရပါလိမ့်မယ်။ ဥပမာ 1/62 လောက် ထားပေးရပါတယ်။

(၂) Aperture

ကင်မရာမှာ Lens Diaphragm ဆိုတာ ပါပါတယ်။ သူက Shutter လေးဖွင့်လိုက်တဲ့အခါမှာ ဖလင်ပေါ်ကို ရောက်လာတဲ့ ပုံရိပ်ရဲ့ပမာဏကို ထိန်းချုပ်ပါတယ်။ အဲဒီ Lens Diaphragm ဟာ ၀င်လာတဲ့ပုံရိပ်ကို ဘယ်လောယ်အကျယ်ထိ လက်ခံမလဲဆိုတာကို Aperture ဆိုပြီး သတ်မှတ်ပါတယ်။ Aperture ရဲ့ တန်ဖိုးကို F-numbers နဲ့ တိုင်းတာပါတယ်။ F-stops (သို့မဟုတ်) Focal ratio လို့လည်း သုံးစွဲကြပါသေးတယ်။ F-numbers ကိုတော့ ကင်မရာရဲ့ Lens diameter ကို Focal length နဲ့ စားပြီး ရပါတယ်။

ဆိုလိုတာက လူတစ်ယောက်ကို အနီးကပ်ရိုက်ချင်တာမျိုးဆိုရင် Aperture တန်ဖိုးကို များပေးရပါတယ်။ (မှတ်ချက် Aperture တန်ဖိုးများရင် f-number ရဲ့တန်ဖိုး နည်းပါတယ်၊ သူတို့က ပြောင်းပြန် အချိုးကျပါတယ်) f-number ကို f3.0 ကနေ f5.5 လောက်အတွင်း ထားရပါတယ်။ အဲဒီလိုထားရိုက်မယ်ဆိုရင် ကိုယ်ရိုက်တဲ့လူရဲ့ ပုံကပဲ ကြည်နေပြီး နောက်က background က ၀ါးနေတဲ့ပုံလိုမျိုး ပုံကောင်းတစ်ပုံ ရနိုင်ပါတယ်။
ရှုခင်းတွေ၊ လူအုပ်စုပုံတွေ၊ တခြားသာမန်ပုံတွေ ရိုက်မယ်ဆိုရင်တော့ Aperture တန်ဖိုးကို နည်းပေးရတယ်၊ တစ်နည်းအားဖြင့် f-number ကို များပေးရပါတယ်။ f16 ကနေ f32 လောက်အထိ ထားလို့ရပါတယ်။
မနီးလွန်း မဝေးလွန်းရိုက်ချင်ရင်တော့ f8 ကနေ f11 လောက်အတွင်း ထားရိုက်ရင် ရပါတယ်။

မှတ်ချက်၊ အပျော်တမ်း ဒီဂျစ်တယ်ကင်မရာတွေမှာ Aperture တန်ဖိုးကို ပြင်လို့မရပါဘူး။ Auto ပါ။

(၃) Exposure
Exposure ကတော့ အလင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ Exposure တန်ဖိုးကို များများ ထားပြီး ရိုက်ရင် ရလာတဲ့ပုံဟာ အလင်းများမှာဖြစ်ပြီး Exposure တန်ဖိုးကို နည်းနည်းထားရိုက်ရင်တော့ ရလာာတဲ့ပုံဟာ အလင်းနည်းနေမှာပါ။ အရမ်းလင်းနေတဲ့နေရာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် Exposure ကို လျော့ပြီး ရိုက်သင့်ပါတယ်။ Nikon L19 မှာတော့ Exposure ကို +2 ကနေ -2 အတွင်း ရပါတယ်။

(၄) ISO Speed
ISO Speed ကတော့ Film Speed နဲ့ အတူတူပါပဲ။ Film Speed မြန်တယ်ဆိုရင် အလင်းရရှိချိန် နည်းသွားပါလိမ့်မယ်။ ဒါကြောင့် အလင်းများပေးဖို့လိုတယ် သို့မဟုတ် အလင်းကို အာရုံခံနိုင်စွမ်း များဖို့လိုပါတယ်။ အဲဒါ ISO ပါပဲ။ ISO တန်ဖိုးများရင် အလင်းကို အာရုံခံနိုင်စွမ်းများတယ် ဒါကြောင့် အရမ်း မှောင်တဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ချင်တယ် Flash ကိုလည်း မသုံးချင်ဘူးဆိုရင် ISO တန်ဖိုးကို များများ ထားပြီး ရိုက်လို့ရပါတယ်။ လက်ရှိကင်မရာအများစုကတော့ ISO ကို 1600 အထိ ထားလို့ရပါတယ်။

ဒီလောက်ဆိုရင် အနည်းငယ် လုံလောက်ပြီလို့ ထင်ပါတယ်။ နောင် အလျဉ်းသင့်ရင်လည်း ဆက်လက် ဖော်ပြပေး သွားပါလိမ့်မယ်။ terms တွေကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ ကျွန်တော့်အနေနဲ့က ကိုယ်သိမဟုတ်ဘဲ စာသိနဲ့ နားသိပဲ ဖြစ်တဲ့အတွက် အရေးအသား ချောမွေ့မှာမဟုတ်ပါဘူး။ လိုအပ်တာလေးများ ရှိရင်လည်း Comments ပေးခဲ့ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ။

Reference:
www.photography.com
en.wikipedia.org
Nikon Coolpix L19 Manual

December 24, 2009

HDTV & HDMI

အခုနောက်ပိုင်း Laptop တွေမှာ HDMI port ဆိုတာလေး ပါ ပါလာတာနဲ့ HDMI ဆိုတာ ဘာကြီးပါလိမ့်ဆိုပြီး အွန်လိုင်းပေါ်တက်ပြီး စပ်စုကြည့်မိပါတယ်။ အခု ကျွန်တော် ရှာတွေ့ခဲ့သလောက်လေးကို ဖောက်သည် ချလိုက်ပါတယ်။

HDMI ဆိုတာက High Definition Media Interface ရဲ့ အတိုကောက်တဲ့။ သူ့ကို HDTV တွေမှာ BlueRay Player တွေမှာ၊ Laptop တွေမှာ တွေ့နိုင်ပါတယ်တဲ့။ HD အတွက် HDMI ဆိုတာ ပေါ်လာတယ်လို့တောင် ပြောနိုင်ပါတယ်တဲ့။ ကျွန်တော်တို့ လက်ရှိသုံးနေကြတဲ့ TV တွေဟာ SD (Standard Definition) တွေဖြစ်ပြီး သူတို့ဟာ interlaced method ကို သုံးပြီး ပုံရိပ်တွေကို ဖော်ပြပေးနေကြပါတယ်တဲ့။ interlaced method ဆိုတာက ပုံရိပ်တစ်ခုလုံးကို ချက်ချင်းဖော်ပေးတာမဟုတ်ဘဲ တစ်လိုင်းပြီးရင် တစ်လိုင်းဖော်တဲ့ပုံစံနဲ့ သွားတာပါတဲ့။ ဒါပေမဲ့ အရမ်းမြန်တဲ့အတွက် လူမျက်စိက မမြင်တာပါတဲ့။

HDTV တွေကတော့ လုံးဝ digital တွေ ဖြစ်ပါတယ်တဲ့။ HDTV တွေဟာ Aspect ration ကို 16:9 အထိ ရပြီး resolution က 1920*1080 အထိရပါတယ်တဲ့။ (SD က 704*480 ပဲရပါတယ်) ပြီးတော့ HDTV တွေရဲ့ color ထွက်ကတော့ SD နဲ့ တခြားစီပဲတဲ့။ (ကြည့်ဖူးသူတွေ သိကြမှာပါ)

အဲဒီ HDTV တွေအတွက် HDMI ကြိုးနဲ့ HDMI port ဆိုတာ လိုအပ်လာပါတယ်တဲ့။ HDMI ကြိုးတွေဟာ audio ရော video ရော နှစ်မျိုးစလုံးကို သယ်ပို့ပေးနိုင်ပါတယ်တဲ့။ audio ကို 8 channel အထိတောင် သယ်ပို့ပေး နိုင်ပါတယ်တဲ့။
Laptop တွေမှာပါတဲ့ HDMI port ကတော့ output port ဖြစ်ပြီး အဲဒီ Laptop နဲ့ HDTV နဲ့ တွဲဖို့အတွက် ဖြစ်ပါတယ်တဲ့။ အခုဆိုရင် Desktop တွေမှာတောင် ပါလာပြီဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ HD ဇာတ်ကားတွေကို ခံစားနိုင်ပါပြီတဲ့။ (အင်း. Blueray ခွေရယ်၊ Blureray drive လေးရယ်၊ HDTV လေးရယ် ရှိရင်ပေါ့)

နောင်တစ်ချိန်မှာ VGA port, DVI port နဲ့ S-Video port တွေနေရာမှာ HDMI က နေရာယူသွားနိုင်ပါတယ်တဲ့။
ပြီးတော့ အရင်လို ကြိုးတွေ ရှုပ်တော့မှာမဟုတ်ဘူးတဲ့။ ဆိုလိုတာက HDTV နဲ့ HD DVD Player နဲ့ ဆက်သွယ်ဖို့ HDMI တစ်ကြိုးတည်းနဲ့ ပြီးတယ်တဲ့။ (မျက်မြင်ကိုယ်တွေ့ဟုတ်ဘူးနော်)

အဲ. ကျွန်တော်ဖတ်ကြည့်ပြီး သိခဲ့ရသလောက်တော့ အဲဒီလောက်ပါပဲဗျာ။ စာဖတ်သူထဲကလည်း HD အကြောင်း သိထားသူများရှိနေရင် ပညာဝေမျှပေးခဲ့ပါဦးဗျာ။




References:
www.hdmi.org
http://electronics.howstuffworks.com/hdmi.htm
http://hometheater.about.com/od/hometheatervideobasics/qt/hdmifacts.htm
http://askville.amazon.com/laptop-HDMI-port-connect-cable-box-receive-tv-channels/AnswerViewer.do?requestId=18786543
http://electronics.howstuffworks.com/hd-dvd.htm

December 22, 2009

Microsoft Answers


Microsoft site ကို မွှေရင်းနဲ့ တွေ့ခဲ့တာပါ။ သူ့ရဲ့ ဆောင်ပုဒ်လေးကို အရမ်းသဘောကျတယ်။ Real People, Real Answers တဲ့။ ရှိပြီးသား အမေးအဖြေတွေကိုလည်း ရှာလို့ရတယ်။ ကိုယ်အခက်အခဲဖြစ်နေတာတွေကိုလည်း မေးလို့ရသေးတယ်။ ကဲ.. စာဖတ်သူမေးခွန်းကို Microsoft က ဖြေပေးမှာနော်။ ပြေးကြည့်လိုက်ပါဦး။ Link က
answers.microsoft.com ပါ။

December 16, 2009

သင်တန်းတွေရဲ့အသက်ဟာ Course

Thesis တွေအတွက် software တွေရေးပြီးတော့ နောက်အလုပ်တစ်ခု ရောက်လာပြန်ပါရော။ သင်တန်းမှာ အသစ်ဖွင့်မယ့် Web Development အတန်းအတွက် Course တွေ ရေးရတာလေ။ ကျွန်တော်က HTML, XHTML, CSS, Javascript, XML ကို Web Essential လို့ထားပြီး PHP နဲ့ AJAX ကိုတော့ Web Development သင်တန်းမှာ သင်မယ်လို့ စိတ်ကူးလိုက်ပါတယ်။

အဲဒါနဲ့ပဲ Course တွေ စရေးဖို့ လုပ်ရပါတော့မယ်။ ပထမဆုံး HTML ပေါ့။ ဘယ်ကနေ Reference လုပ်ရမှန်း မသိဘူး။ နောက်မှ အော် W3 Schools ရှိသားပဲလို့ သတိရပြီး W3 Schools site တစ်ခုလုံးကို Download ဆွဲလိုက်ပါတယ်။ ပြီးတော့ HTML ကို အဲဒီထဲကအတိုင်းပဲ သင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး Word 2003 လေးနဲ့ စာပြန်စီရပါတယ်။ အစပိုင်းက HTML ကို စာမျက်နှာနည်းနည်းလောက်နဲ့ ပြီးမယ်ထင်တာ အခု တကယ်စီလိုက်တော့ A4 စာမျက်နှာ ၈၀ ကျော်တာတောင် မပြီးသေးဘူး။ ကျွန်တော်က ဒီ Course စာအုပ်ကို ကိုင်တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ နောင်လည်း ဒီ Course စာအုပ်ကို အသုံးချလို့ရအောင် W3 Schools ထဲကဟာတွေကို လုံးဝမချန်ဘဲ ထည့်လိုက်ပါတယ်။ W3 Schools ဟာ Web အတွက်ဆိုရင်တော့ တကယ်လို့ ကောင်းလွန်းလှပါတယ်။ သူ့ရဲ့ Tutorial တွေဟာ အပိုမပါဘဲ လိုတိုရှင်းပါ။ အခုခေတ် စာများများ မဖတ်ချင်တဲ့ လူငယ်တွေအတွက်တော့ တကယ်ကို သင့်တော်လှပါတယ်။

Course ရေးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ အခုလို Reference လုပ်စရာရှိနေရင် လွယ်လွယ်နဲ့ ပြီးပေမဲ့ ကိုယ်တိုင်ရေးရရင် အရမ်းခက်ပါတယ်။ ဒါပေမဲ့ တစ်ခါပဲ။ ပြီးသွားရင် အဲဒီ Course စာအုပ်နဲ့ ဘယ်သူကပဲ သင်သင် အဆင်ပြေသွားတာပါ။ သင်တန်းတွေအနေနဲ့ Course ကို အလေးထားပေးသင့်ပါတယ်။ သင်တန်း တက်နေတဲ့အချိန်လေးအတွင်းမှာ သုံးရတဲ့ ပုံစံထက် နောင်လည်း အမြဲဖတ်နေလို့ရတဲ့ ပုံစံမျိုး ဖန်တီပေးသင့်ပါတယ်။ ကျောင်းသားကို လျော့တွက်ပြီး ဒါကတော့ မြင့်လွန်းတယ်ဆိုပြီး မထည့်တာမျိုးကလည်း မကောင်းပါဘူး။ အဲဒီလိုလုပ်ရင် ကျောင်းသားက တတ်မှာမဟုတ်တော့ဘူး။ ပြီးတော့ တစ်ချို့သင်တန်းတွေဆို ဘာပြီးရင်ဘာနှိပ်ဆိုပြီး step တွေကိုပဲ ရေးထားတာတွေကို တွေ့ဖူးတယ်။ Concept ကို မထည့်ဘူး။ ဒါလည်း မကောင်းပါဘူး။ တစ်ချို့သင်တန်းကတော့ ဖြစ်သလိုပါပဲ။ Course စာအုပ်ပေးတယ်ဆိုတာလောက်ပဲ အမည်ခံပြီး အထဲမှာ ဘာမှမယ်မယ်ရရ မပါဘူး။

ကျွန်တော်ဆို Application တွေအတွက်ဆို Help File ကို အားကိုးပြီး ရေးပါတယ်။ A+ Course ရေးခဲ့တုန်းကဆိုရင် Mike Meyer နဲ့ Scott Muller တို့ရဲ့ စာအုပ်တွေကို အားကိုးပြီး ရေးပါတယ်။ Network တုန်းကဆိုရင် Network+ 2005 ကို အားကိုးပြီးရေးပါတယ်။ ဒါပေမဲ့ စာတွေများတော့ ကျောင်းသားတွေက ငြီးငွေ့ကြပါတယ်။ ပြန်ပြင်ရတယ်။ အခုကျ Concept တစ်ခုပေး၊ ပြီးရင် Exercise လာတဲ့ ပုံစံမျိုးနဲ့ပဲ သွားပါတော့တယ်။

ဟိုးတစ်လောက ရေးမယ်လို့ပြောထားတဲ့ Post တွေကိုလည်း မရေးနိုင်သေးပါဘူး။ အဲဒီ Field တွေက ကျယ်လွန်းတော့ ဟာသွားရင်မကောင်းလို့ အေးအေးဆေးဆေး အချိန်ရမှပဲ ရေးပါတော့မယ်။ အိုင်တီမန်းကို အသစ်များတင်လေမလားဆိုပြီး ၀င်ဝင်ကြည့်နေတဲ့ စာဖတ်သူတွေကို အားနာလှပါတယ်။ အခုတစ်လောတော့ Post တွေ အရေးကျဲနေဦးမှာပါ။ ခေါင်းထဲမှာတော့ စီထားပါတယ်။ လာရင်တော့ စောင့်ရကျိုးနပ်စေရပါ့မယ်။ အသစ်တွေလေ။

December 8, 2009

Trojan.Flystudio.pl

Deep Freeze လည်းတင်ထားတယ်ဗျာ။ Kapsersky 7.0 ကိုလည်း တစ်ပတ်တစ်ခါ Update ပုံမှန်လုပ်တယ်။ ဒီကြားထဲကကို အဲဒီကောင်က ဘယ်ကနေဘယ်လို ၀င်သွားမှန်းမသိဘူး။ Kapsersky 7 ကလည်း ဒီကကောင်က ဗိုင်းရပ်စ်မှန်းသိလို့ အဲဒီဖိုင်ကို Scan စစ်ပါတယ်ဆိုမှ No Threats Detected တဲ့။
အဲဒါနဲ့ပဲ Kaspersky 2010 ကို တင်ကြည့်လိုက်တယ်။ Key တောင်းတော့ ၀ယ်သုံးထားတဲ့ 2009 key လေးကို ထည့်ကြည့်လိုက်တယ်။ အံမယ် ရတယ်ဗျ။ ကျွန်တော်က 2010 အတွက် key သပ်သပ် ရှိတယ် ထင်နေတာလေ။ ပြီးတော့ Update လုပ်တယ်။ အဲဒီအကောင် အောင်းနေတဲ့ C:\Windows\System32 ကို စစ်လိုက်တယ်။ အံမယ် Kaspersky 2010 က ချက်ချင်းတွေ့တယ်။ သတ်ပစ်တယ်။ အဲဒီမှာ Kaspersky 2010 ကို ခိုက်သွားတာပါပဲ။
ကျွန်တော်အစက ထင်တာက 2010 က Virtual Keyboard တို့ IM Protection စတဲ့ Features တွေ ထပ်ထည့် ထားတာပဲထင်နေတာ။ Detection ပိုင်းမှာ 7 နဲ့ အတူတူလောက်ပါပဲလို့ ထင်ပြီး Upgrade လုပ်ဖို့ မစဉ်းစားခဲ့ဘူးလေ။ အခုမှ Detection ပိုင်း တော်တော်လေးကွာမှန်း သိသွားတယ်။
စာဖတ်သူလည်း 2010 ကို ချက်ချင်း Upgrade လိုက်လိုက်ပါတော့ဗျာ။ မဟုတ်ရင်တော့ Flystudio နဲ့ ပျာသွားလိမ့်မယ်။

Trojan.Flystudio.pl
အဲဒီအကောင်ဝင်ရင် C:\Windows\System32 အောက်မှာ 46ED08 (Random) စတဲ့ Folder တွေ ရောက်နေပါလိမ့်မယ်။ Task Manager မဖျောက်ပါ။ Folder Option မပျောက်ပါ။ အားလုံး ပုံမှန်အတိုင်းပါ။ သိသာတာ တစ်ခုကတော့ အချိန်ပြောင်းမရတော့ပါ။ User Account Pictures တွေ မရှိတော့ပါ။ target အနေနဲ့ သူက Kernel32.dll ဖိုင်ကို ဖျက်ပါလိမ့်မယ်။ ဒါကြောင့် Windows တက်တဲ့အခါမှာ Failed to load kernel library ဆိုတဲ့ error message box တစ်ခု အမြဲတမ်း ပေါ်လာပါလိမ့်မယ်။
ပြန့်ပွားနှုန်းကတော့ အတော်မြန်ပါတယ်။ Network မှာရှိတဲ့ ပီစီတွေ တစ်လုံးမကျန် ကူးကုန်ပါတယ်။ USB က ကူးတာကတော့ ပြောစရာကို မလိုတော့ဘူး။ မူရင်း Folder တွေကို ဖျောက်ပစ်ပြီး အဲဒီ Folder နာမည်နဲ့ exe တွေ ဖန်တီးပစ်ပါတယ်။ ဒါကြောင့်မို့ စာဖတ်သူအနေနဲ့ ဒါမျိုး Trojan ရန်ကနေ ကာကွယ်ဖို့ Folder Options ထဲက Hide extensions ကို ဖြုတ်ထားဖို့လိုပါတယ်။ ပြီးတော့ Show Hidden Files ကိုရွေးပြီး Hide Protected Operating System files ကိုလည်း အမှန်ခြစ်ဖြုတ်ထားဖို့ လိုပါတယ်။
ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖျက်ဆီးသလဲဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး။ ကျွန်တော်က အဲဒီကောင် အရိပ်အယောင်မြင်တာနဲ့ သတ်ပစ်လိုက်တာကိုး။

December 4, 2009

မရှိသေးသော ကွန်ပျူတာ Blog များ

ရှိချင်လည်း ရှိမှာပါ။ ကျွန်တော်တော့ မြန်မာဘလော့ဂ်တွေထဲမှာ မတွေ့မိလို့။
(၁) Language အကြောင်း ရေးသော blog (ဥပမာ C#, Java)
(၂) Video Editing blog (ဥပမာ Vegas, Edius, Pinnacle, Premier, After Affect)
(၃) 3D Blog (ဥပမာ Cinema 4D, LightWave, 3D studio Max)
(၄) Web Development Blog (ဥပမာ PHP, ASP, Javascript, CSS, XML, XSLT, Ajax, DOM)
(၅) Networking Blog
(၆) Exam Certification Blog (ဥပမာ CCNA, MCTS, SCJP, MCSE,..)
(၇) Diagram Blog (ဥပမာ MVC, UML, SFD, DFD)
(၈) Animation Blog
(၉) Database Blog (MySQL, Oracle, SQL Server)
(၁၀) PIC Blog
(၁၁) AutoCAD Blog

December 3, 2009

ကြုံဖူးသလား BIOS ပျက်တာ

သင်တန်းက စက်လေးတစ်လုံးပေါ့။ မီးပျက်သွားလို့ shutdown မလုပ်လိုက်ရဘူး။ မီးစက်နှိုးပြီး ပြန်ဖွင့်တော့ BIOS is beginning to dump ဆိုပြီး စာကြောင်းလေးပေါ်ပြီး အကုန်ပျောက်သွားတယ်။ နောက်ထပ် ဘယ်လောက်ပြန်ဖွင့်ဖွင့် မော်နီတာမှာလည်း ဘာမှမပေါ်တော့ဘူး။ Alarm လည်း မပေးတော့ဘူး။ သူ့ခမျာ RAM ကိုဖြုတ်ပစ်တာတောင် RAM မရှိတဲ့အကြောင်း Beep မပေးနိုင်ရှာတော့ပါဘူး။ သိလိုက်ပါပြီ။ BIOS ပျက်သွားပြီဆိုတာကိုပေါ့။ Motherboard ကအကောင်းကြီးတောင်မှ အဲဒီ BIOS လေးပျက်သွားတာနဲ့ လုံးဝ သုံးမရတော့တာ။ Board က Gigabyte P4 လေးပါ။ 845 Chipset လေးနဲ့ပေါ့။
အခုလို ကြုံတော့မှ အခုနောက်ပေါ် Board တွေမှာ Crash Free BIOS ဆိုတာ အလကား ထည့်တာတာ မဟုတ်မှန်း သိတော့တယ်။ ဟိုတစ်နေ့ကလည်း Gigabyte က ကြော်ငြာလေး တွေ့လိုက်တယ်။ Dual BIOS ပါတယ်ပေါ့။ မြင်ခါစကတော့ အပိုတွေပါကွာလို့ထင်မိတယ်။ အခုလိုကြုံတော့မှ အင်း Dual BIOS လေးဆို သိပ်ကောင်းမှာပဲလို့ တောင့်တမိတယ်။
ကျွန်တော်ဖြစ်ပြီး သိပ်မကြာဘူး။ အသိတစ်ယောက်ရဲ့ 775 Asus Board ကြီးလည်း BIOS ပျက်သွားလို့ ချောင်ထိုးထားလိုက်ရတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ Asus Board ကတော့ BIOS ပျက်သွားတယ်။ ဒါပေမဲ့ စက်ဖွင့်တဲ့အချိန်မှာ BIOS ပျက်တဲ့အကြောင်းပြောပြီး g ကိုနှိပ်လိုက်တာနဲ့ CD Drive ထဲမှာ BIOS ခွေ ရှိမရှိ စစ်တယ်လို့တော့ သူကပြောတယ်။ အဲဒါနဲ့သူလည်း Asus Website က BIOS ကို download ဆွဲပြီး စီဒီခွေထဲ ထည့်ပြီး မောင်းလိုက်တာ အဆင်ပြေသွားတယ်လို့ ပြောပါတယ်။ အင်း သူ့လိုဆိုရင်တော့ အကောင်းသား။ အခု ကျွန်တော်တော့ ပေါက်ဖော်ကြီးရဲ့ 478 Board အသစ်တစ်လုံး ၀ယ်လိုက်ရပြီ။