October 23, 2008

Windows XP SP 3 ကြောင့် အဆက်မပြတ် reboot ဖြစ်ခြင်း။

ကျွန်တော်ကတော့ စကတည်းက SP3 ကိုမသုံးတာ မသုံးဖြစ်တာလည်းပါတယ်။တည်ငြိမ်နေတဲ့စက်တစ်လုံးကို ဖြစ်နိုင်ရင် မလိုအပ်ရင် ဘာမှထပ်မတင်တာအကောင်းဆုံးပဲ။ customer တစ်ယောက်ပေါ့ သူကစူးစမ်းတဲ့လေ့ လာချင်တဲ့စိတ်ရှိတယ် ကြိုးစားသင်ယူမေးမြန်းတယ် hardware software ဘာအသစ်ထွက်နေပြီ ဆိုတာကအစ သူကတောင် ကျွန်တော်ထက်ကြိုသိနေတယ် နောက်ဆုံးထွက်မှန်သမျှကို သူစိတ်ဝင်စားတယ် ၀ယ်နိုင်တာဆိုရင် ၀ယ်စမ်းတယ်ဆိုပါတော့။တနေ့တော့ ကျွန်တော်ဆီကို အမောတကောရောက်လာတယ် သူ့စက်ကို WinXP SP3 တင်လိုက်ပြီးတော့ စက်က BSOD (Bluse Scree Of Death) ပဲတက်တက်နေတယ် Windows ကိုပြန်မရောက်ပဲ Reboot ဖြစ်ဖြစ်နေတယ်။ ထုံးစံအတိုင်းပေါ့ ပြောပါ ကူပါဆိုတာနဲ့ စက်ကို F8 နဲ့တက် safe mode နဲ့ဝင်လိုက်တယ်။

1 Start --- Run --- Type Regedit လို့ရိုက်။ (open registry editor)
2 HEKY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\intelppm သွားပါ။
3 ညာဘက်ခြမ်းမှာ START ကိုတွေရင် Double Click နှိပ်ဖွင့်ပါ။
4 တန်ဖိုးကို 4 ပြောင်းပေးပါ။ အိုကေကိုရွေးပါ။
5. Registry Editor ကိုပိတ်ပါ။
6. Computer ကိုRestart လုပ်ခြင်းဖြင့် Windows XP ကို ပုံမှန်အတိုင်း ပြန်အလုပ်လုပ်ပြီး SP3 သွင်းခြင်း လုပ်ငန်းစဉ်ကိုပြီးမြောက်စေပါသည်။

ရှင်းလင်းချက် - SP3 ကို install လုပ်ပြီးတဲ့အခါမှာ အထက်ပါပြဿနာဖြစ်တယ်ဆိုတာက System တိုင်းတော့ မဟုတ်ပါ။ SP3 ကိုထည့်သွင်းလိုက်တာနဲ့ System ထဲမှာရှိတဲ့ SysPrep ကို ပြင်ဆင်ရပါတယ်။SysPrep img ဟာ intel ကို based လုပ်ပါတယ်။ အခု Fix လုပ်ပေးတဲ့စက်က AMD Processor ဖြစ်နေတော့ System Registery entry ထဲက intelppm မှန်ကန်စွာ ပြောင်းလဲခြင်းမပြုလုပ်နိုင်တဲ့အခါမှာ အထက်ပါပြဿနာ ဖြစ်ရခြင်း ဖြစ်ပါတယ်။

အဆင်ပြေကြပါစေ။

Fix this device cannot start ?

This Device Cannot Start ဆိုတဲ့ Error ကတော့ Windows XP မှာ USB Device ကိုထိုးလိုက် တိုင်းပေါ်နေတာ။ပိုင်ရှင်ကတော့ကြည့်ပေးပါ ပြင်လို့မရရင်တော့ အသစ်ပဲဝယ်လိုက်ပါ့ မယ်လို့ပြော တော့ကျွန် တော်ကလည်းရောင်း ချင်နေတာနဲ့အတော်ပဲ အင်းဒါပေမဲ့ ကြည့်လိုက်ပါအုံးမယ်။ခက်တာက နောက်စက် တစ်လုံးမှာထိုးကြည့်ရအောင်လည်း outdoor ဖြစ်နေတော့ ဒီစက်ကလွဲလို့တစ်ခြား စက်မရှိတော့ ဘူး။အကြမ်း ဖျင်းကတော့ Device Error ပဲဖြစ် လိမ့်မယ်လို့ စဉ်းစားပြီးသား ကဲစာဖတ်သူ ဘယ်ကိုပြေးမလဲ Windows Key+R ကိုတွဲနှိပ် (open run box) ကိုဖွင့် တာ ဘောက်ထဲမှာ Devmgmt.msc ရိုက် enter ခေါက်ပါ။ အောက်ဆုံးနားကUniversal Serial Bus Controller Section ကို Expand လုပ်ပါ။ Universal Serial Bus Controller Node အောက်က Device တိုင်းမှာ Right Click နှိပ် Uninstall ကို တစ်ကြိမ်စီရွေးချယ်ပါ။ ဆယ်ခုတွေ့လျှင် ဆယ်ခါလုပ်ရန်လိုပါသည်။Usb Controller များကို စက်မှ ပြန်လည် အသိပြုရန် စက်ကို Restart လုပ်ပေးပါ။ စက်ပြန်တက်လာပြီး Ready အခြေအနေတွင် usb device ကိုပြန်လည် စမ်းထိုးကြည့်ရာတွင် usb device သည် နဂိုအခြေအနေအတိုင်း ပြန်လည် Read/Write လုပ်လို့ရ သွားပါသည်။

မှတ်ချက် ။ တခါတလေတွင် စက်နှင့် usb device ကိုချိတ်သော cable ကြောင့်လည်းဖြစ်နိုင်ပါသည်။ usb 2.0 cable သည် usb device 2.0 နှင့်သာ အဆင်ပြေပါသည်။ Usb 1.1 cable သည် usb device 1.1 နှင့်သာအဆင် ပြေသည်ကိုသတိပြုပါ။

နောက်တစ်ခုမှာ Device Manager ရှိ usb device ကို control လုပ်သော node ကို double click နှိပ်ပြီး Device Status တွင် ချိတ်ဆက်ထားသော device Working Properly or cannot start အခြေအနေကို ကြည့် ခြင်းဖြင့် Device ကောင်းမွန်စွာအလုပ်မလုပ်သိနိုင်ပါသည်။

ထို့အပြင် Usb Controller node ရှေ့တွင် အ၀ါရောင် Exclamation mark ပြပါကလည်း Device တွင် ပြဿနာ ရှိနိုင်သည်ကိုသိရှိနိုပါသည်။

ငြိမ်းချမ်းအေးမြကြပါစေ။


October 22, 2008

Myanmar Computer Ebooks

မြန်မာလို ရှင်းပြထားတဲ့ ကွန်ပျူတာစာအုပ်တွေကို ရှယ်ယာတွေ ဆက်တိုက် ပေးသွားတော့မှာပါ။ အခုတော့ နှစ်အုပ် ရှယ်ယာပေးလိုက်ပါတယ်။
pw: itmen.myanmarbloggers.org သို့မဟုတ် www.myanmarfamily.org
pw: itmen.myanmarbloggers.org သို့မဟုတ် www.myanmarfamily.org

Where Trail Version of Myanmar Programs?

ကျွန်တော်တို့ မြန်မာပြည်မှာ ဆော့ဖ်ဝဲတွေ ရေးပြီး ရောင်းတော့ ရောင်းနေကြတာပါပဲ။ ဒါပေမဲ့ အခုအချိန်ထိလည်း လက်ချိုးရေလို့ ရနေဆဲပဲ။
ဂျာနယ်တွေမှာ ဆော့ဖ်ဝဲလ်ကြော်ငြာပါတာ အရမ်းနည်းပါးတယ်။ ပြီးတော့ အဲဒီဆော့ဖ်ဝဲတွေကို ဘယ်နားမှာ သွားဝယ်ရမှန်းကို မသိပါဘူး။ သုံးချင်ရင် ဖုန်းဆက်လိုက်၊ လာပြီး Install လုပ်ပေးမယ်၊ ပြီးရင် ပိုက်ဆံပေး။ ဒါပဲနဲ့တူပါရဲ့။ ကျွန်တော့်အထင် ဘယ် Customer မှ အဲဒီ Software ရဲ့ ကောင်းကွက်ကို မသိသေးဘဲနဲ့ ငွေပေးချင်မှာ မဟုတ်ပါ။ အင်တာနက်ကနေ အလကားရတဲ့ Software တွေတောင် သုံးကြည့်ပြီး မကြိုက်ရင် ဖြုတ်ပစ်တာပဲ။ Microsoft တို့ Adobe တို့လည်း သူတို့ Product တွေကို ဒီအတိုင်းကြီး ရောင်းတာမဟုတ်ပါဘူး။ Website ကနေ Trial Version ကို Download လုပ်ခွင့်ပေးတယ်။ ကြိုက်ရင် Online ကနေ ၀ယ်။ အကုန်လုံး ဒီပုံစံနဲ့ သွားနေတာပါပဲ။

မြန်မာပြည်က Software Company တွေလည်း ဒီပုံစံနဲ့ သွားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ သိန်းဂဏန်းတန် Product တွေ ရောင်းနေမှတော့ Website လေးလုပ် Software တွေကို Trial Version ပေး၊ ကြိုက်တဲ့သူက တကယ်ဝယ်။ ဒါပေမဲ့ Crack ရန်က ကာကွယ်နိုင်ဖို့တော့ Security တွေ အလုံအလောက် ချထားရမှာပေါ့နော်။ Offline အတွက်လည်း Package တွေ လှလှပပလေးထုတ်ပြီး စီဒီဆိုင်တွေမှာ သွားတင်ပေးထားရင် လူထုနဲ့ ပိုနီးစပ်မှာပါ။

ကျွန်တော်တို့ကိုယ်တိုင်ကလည်း Software ထုတ်လုပ်သူတွေ မဟုတ်တော့ ဒါမျိုးနည်းတွေသုံးရင် ဘာအခက်အခဲတွေ ရှိနိုင်လည်းတော့ မသိပါဘူး။ ဖြစ်သင့်တယ်ထင်လို့ အကြံပြုကြည့်တာပါ။

Snapshot Events

ကွန်ပျူတာစဖွင့် Windows တက်တာလည်း ထိုင်စောင့်၊ Desktop ကြီးပေါ်လာတော့ My Computer ကို ဖွင့်လိုက်တယ်။ ကျွန်တော့် ကွန်ပျူတာက Partition နှစ်ပိုင်းရှိတာ။ C: က Windows အတွက် D: က Data တွေအတွက်လေ။ Data (D:) ကို ဖွင့်လိုက်တယ်။ သီချင်းနားထောင်ဖို့ Songs ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ အဲဒီ Folder ထဲမှာ သီချင်းတွေကို Artist အလိုက် Subfolder လေးတွေ ခွဲထားတယ်။ Linkin Park Folder ကိုဖွင့်လိုက်တယ်။ ပြီးတော့ Live In Texas Folder ကို ထပ်ဖွင့်တယ်။ ပြီးတော့မှ Select All လုပ်ပြီး Enter ခေါက်လိုက်တယ်။ ဟော သီချင်းသံတွေ ထွက်လာပြီ။
D:\Songs\Linkin Park\Live In Texas

ပြီးတော့ မြန်မာဝတ္တုတစ်အုပ်လောက် ဖတ်ချင်လာတာနဲ့ ဒီအတိုင်း ဖွင့်လိုက်တယ်။
D:\Ebooks\Myanmar\Min Khite Soe San – Zero.pdf

စာအုပ်ဖတ်နေရင်း သူငယ်ချင်းတစ်ယောက်ရောက်လာတယ်။ Babylon Dictionary လိုချင်လို့တဲ့။ အဲဒါနဲ့ သူ့ Memory Stick ကို စက်မှာတပ်၊ ဗိုင်းရပ်စ်စစ်ပြီးတော့
D:\Softwares\Dictionary ကိုဖွင့်လိုက်တယ်။ အဲဒီမှာ ဒါတွေ ထွက်လာတယ်။
Babylon
Lingoes
Oxford
Cambridge

အဲဒီထဲကမှ Babylon Folder ကို Copy လုပ်ပြီး သူငယ်ချင်း Memory Stick ထဲမှာ Paste လုပ်လိုက်တယ်။
ကျွန်တော် အဲဒါတွေလုပ်နေတုန်း သူငယ်ချင်းက စာအုပ်စင်ကိုသွားပြီး ကမ္ဘာပြားပြီ စာအုပ်ကို လှန်လှောကြည့်နေတယ်။ ပြီးတော့မှ စာရေးဆရာက မြန်မာပြည်ကို ရောက်ဖူးဟန်မတူဘူး ဆိုပြီး သူ့ဟာသူ ပြောနေတယ်။

October 10, 2008

Why We Should Forward Emails?

ကျွန်တော်တို့ Inbox များထဲသို့ Forward Mail များ တခါတရံ ၀င်လာတတ်သည်ကို သတိပြုမိကြပါလိမ့်မည်။ အခုနောက်ပိုင်းဆိုရင် Forward Mail တွေ အရမ်းအ၀င်များနေတာကိုလည်း သတိပြုမိကြမှာပေါ့။
ကျွန်တော့် Gmail လေး၏ Inbox ထဲတွင်လည်း စာဖတ်သူတို့နည်းတူ Forward Mail တွေ ခဏခဏ ရောက်လာတတ်ပါသည်။ ဘာကြောင့် Forward လုပ်ကြတာပါလိမ့်ဟု မတွေးမိသေးပေမဲ့ ဒီ Forward Mail တွေ ကြောင့် စိတ်အပန်းပြေရပါသည်။ တချို့က ဟာသဓာတ်ပုံလေးတွေ၊ တချို့က အတွေးရစေတဲ့ ပုံပြင်တွေ၊ ဖြစ်ရပ်လေးတွေ၊ တချို့ကကျတော့ တကယ့်အရေးကြီးတဲ့သတင်းတွေကို Forward လုပ်ကြပါသည်။ တခါတလေများဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုမှ မသိနိုင်တဲ့ သတင်းတွေတောင် သိရပါသည်။
Forward လုပ်သူအများစုမှာ ကိုယ့်ဆီရောက်လာတဲ့ Forward Mail တွေကိုပဲ Forward ထပ်လုပ်ကြပါသည်။ တချို့ကတော့ အချိန်ပေးပြီး Data တွေရိုက် Forward လုပ်ကြတာမျိုးလည်း ရှိပါသည်။ ဘာလိုနည်းနဲ့ပဲ Forward လုပ်လုပ်၊ Forward လုပ်သည်ဆိုကတည်းက အွန်လိုင်းကလူတွေကို တစ်ခုခုကို သိစေချင်သော စေတနာဖြင့် လုပ်ကြခြင်းဖြစ်သည်ဟု ကျွန်တော်မြင်မိပါသည်။
အခုတလောမှာတော့ ဘာကြောင့် Forward လုပ်ကြတာပါလိမ့်ဟု ကျွန်တော်တွေးမိပါသည်။ ပြီးတော့ Forward လုပ်လို့ကော ဘာများ အကျိုးကျေးဇူးရလို့လဲဟု ဆက်တွေးမိပါသည်။ ကျွန်တော် တွေးမိသလောက်ကတော့

(1) Forward လုပ်ခြင်းကြောင့် သူငယ်ချင်းတွေနဲ့ အဆက်မပြတ်နိုင်တော့ဘူး။
ကျွန်တော်တို့မှာ အွန်လိုင်းမိတ်ဆွေတွေရှိတယ်။ တခါတရံမှာ သူတို့ကို သတိရမိတယ်ဆိုပါတော့။ နေကောင်းလား၊ ဘာလုပ်နေတာလဲ စတာတွေလည်း မမေးချင်၊ တခြားလည်း ဘာမှထွေထွေထူးထူး ပြောစရာမရှိဘူးဆိုရင် Forward လုပ်ခြင်းနဲ့ ဖြေရှင်းနိုင်မယ်ထင်ပါတယ်။ ပို့ရမယ့် Email လိပ်စာတွေဘာတွေ ရိုက်စရာမလိုဘူး၊ Forward နှိပ်ရုံနဲ့ ကိုယ်နဲ့ Contact ရှိသူမှန်သမျှကို ပို့ပေးနိုင်တာမို့ပါ။ တကယ်လို့များ ကိုယ် Forward လုပ်လိုက်တဲ့ Mail တစ်စောင်ဟာ တခြားသူတွေအတွက် တစ်နေရာရာမှာ အထောက်အကူပြုနိုင်မယ် ဆိုရင်တော့ လူအများရဲ့ ကျေးဇူးတင်ခြင်းတောင် ခံရနိုင်ပါတယ်။

(2) အများအကျိုးဆောင်နည်း တစ်မျိုးပါပဲ။
ဟာသပုံလေးတွေကို Forward လုပ်ရင် လက်ခံရရှိတဲ့သူတွေ ခဏတာလေးပဲဖြစ်ဖြစ် ပြုံးမိမှာပါပဲ။ သတင်းထူးဆိုရင်လည်း ဆောင်ဖို့၊ ရှောင်ဖို့ ရတာပါပဲ။

ဒါကြောင့် Forward လုပ်ကြတာထင်ပါရဲ့ဟု ကျွန်တော် တွေးမိပါတယ်။ ဒါပေမဲ့ Forwarder တွေ ရှောင်သင့်တဲ့အချက်တွေလည်း ရှိပါသေးတယ်။
(၁) ခြေခြေမြစ်မြစ်မသိဘဲ သတင်းတစ်ခုကို Forward လုပ်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။
(၂) ကိုယ် Forward လုပ်မဲ့ Mail ထဲက အကြောင်းအရာဟာ ကိုယ်တိုင်ရေး မဟုတ်ဘူးဆိုရင် ဘယ်ကရတဲ့ဟာပါဆိုပြီး Link ထည့်ပေးသင့်ပါတယ်။
(၃) လက်ခံရရှိမယ့်သူတွေ အကျိုးရှိမဲ့ Email တွေကိုပဲ ရွေးပို့သင့်ပါတယ်။ ဒီစာကို ထပ်ပြီး Forward မလုပ်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတာမျိုးတော့ ထည့်မရေးသင့်ပါဘူး။

October 9, 2008

Repairing Corrupted Registry

2002 လောက်တုန်းက မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကိုမျိုးသက်ကျော် (အခု ဆူးလေနားက PRO Center မှာ) နဲ့ စကားပြောရင်း XP မှာ Registry တွေ ပျက်သွားရင် Restore ပြန်လုပ်လို့ရရင် ကောင်းမှာပဲလို့ ပြောခဲ့ကြဖူးတယ်။ အဲဒီအချိန်တုန်းက သူရော ကျွန်တော်ရော Windows 98 ရဲ့ Registry ကိုပဲ ပြန် Restore လုပ်တတ်ကြသေးတာပါ။ ကျွန်တော့်အထင်က XP မှာလည်း Default Registry ဖိုင် တစ်ခု ပါကိုပါရမယ်ပေါ့။ Registry ကြောင့် Windows မတက်တော့ရင် အဲဒီဖိုင်ကို ပြန် Restore လုပ်ရင်ရမှာပဲဆိုပြီး သူ့ကို ပြောခဲ့ဖူးတယ်။ သူကတော့ “ဟ အဲဒီဖိုင်က ဘယ်နားမှာမှန်းမှ မသိဘဲနဲ့ ငါတို့က ဘယ်လိုလုပ်ရမှာလဲ” လို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက XP ရဲ့ Registry ကို တခြား Third Party Tools တွေသုံးပြီး Restore/Backup လုပ်နိုင်ပါတယ်။ ကျွန်တော်တို့လိုချင်တာက User က ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့ Registry Backup ကို ပြန် Restore မလုပ်ချင်ပါ။ XP မှာ ပါနိုင်တဲ့ Default Registry Backup ကိုပဲ Restore လုပ်ကြည့်ချင်တာကိုး။ ဘာကြောင့်လဲဆိုတော့ Normal User တစ်ယောက်က သူ့ Windows ရဲ့ Registry ကို Backup လုပ်ထားတယ်ဆိုတာက ကြုံနိုင်ခဲတဲ့ ကိစ္စပါ။

အဲဒီအချိန်တုန်းက MCSE ဆိုတာ ရှိမှန်းမသိသေး၊ 70-270 စာအုပ်မျိုးတွေ ရှိမှန်းလည်း မသိသေးခင်ကပေါ့။ နောက်ပိုင်း ရန်ကုန်မှာနေပြီး CompuTech မှာ A+ တက်တဲ့ကာလအတွင်းမှာ Microsoft ရဲ့ Website ကို ဆရာက ညွှန်းလွန်းလို့ ၀င်ကြည့်မိပါတယ်။ အဲဒီလိုနဲ့ အမြဲတမ်းကြည့်ဖြစ်ရင်း Microsoft မှာ TechNet ဆိုတဲ့ Site အခွဲရှိမှန်းသိခဲ့တယ်။ ဟ မိုက်လှချည်လားပေါ့။ Windows Problem အားလုံးရဲ့ Solution တွေကို စုစည်းထားတာလေ။ Windows Problem တစ်ခုခုနဲ့ကြုံရင် အဲဒီ TechNet ကိုပဲ အားကိုးရတာပါ။ ဒါပေမဲ့ TechNet က Resources တော်တော်များများကို Login လုပ်မှ ကြည့်ခွင့်ပေးတာ။ Register ကလည်း လူတိုင်း လုပ်လို့မရဘူး။ Microsoft Certified ဖြစ်တဲ့သူတွေပဲ ရတာလေ။ အဲဒီလိုနဲ့ တဖြည်းဖြည်း မ၀င်ဖြစ်တော့ပါဘူး။

လွန်ခဲ့တဲ့ သုံးလလောက်က ရန်ကုန်ရောက်တော့ Active ခွေဆိုင်မှာ ဟိုဟာဒီဟာမွှေရင်း Microsoft TechNet ဆိုပြီး CD နှစ်ချပ်တွဲတွေ့တာနဲ့ ကော်ပြီကွဆိုပြီး ၀ယ်လာခဲ့တယ်။ သူက Reference သဘောမျိုးဆိုတော့ Windows Error တစ်ခုခုတက်မှပဲ အဲဒီထဲမှာ Solution ရှာရပါတယ်။ အခုထိလည်း မက်မက်မောမော သုံးနေတုန်းပါပဲ။ အများအားဖြင့် BSOD Error တွေနဲ့ ကြုံရင် သူ့ကိုပဲ ဖွင့်ကြည့်ရပါတယ်။

ဒီလိုနဲ့ သုံးလာခဲ့တာ ဟိုတစ်လောက TechNet ကို မွှေရင်း အရမ်းသိချင်ခဲ့ဖူးတဲ့ Windows XP ရဲ့ Registry ကို Backup လုပ်ထားတာမရှိပဲ Restore လုပ်နည်းကို တွေ့ခဲ့ပါတယ်။ Windows က အစပိုင်းလေးတက်လာပြီး ဘာမှမပေါ်တော့တဲ့ ကွန်ပျူတာတစ်လုံးကို စမ်းကြည့်တာ အောင်မြင်စွာနဲ့ Windows ပြန်တက်လာပါတယ်။ အောက်မှာ ပြထားတဲ့ Error မျိုးတွေ တက်လာရင်းလည်း လုပ်နိုင်ပါတယ်။

Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SYSTEM
Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SOFTWARE
Stop: c0000218 {Registry File Failure} The registry cannot load the hive (file):
\SystemRoot\System32\Config\SOFTWARE or its log or alternate
System error: Lsass.exe
When trying to update a password the return status indicates that the value provided as the
current password is not correct.


Recovery Console ကနေပဲ Registry ကို Restore လုပ်ရပါတယ်။ XP ခွေထည့်၊ အဲဒီကနေ Boot တက်၊ Recovery Console ကို ဖွင့်၊ Console တက်လာရင် ဒီ Command တွေ ရိုက်ထည့်ပါ။

md tmp
copy c:\windows\system32\config\system c:\windows\tmp\system.bak
copy c:\windows\system32\config\software c:\windows\tmp\software.bak
copy c:\windows\system32\config\sam c:\windows\tmp\sam.bak
copy c:\windows\system32\config\security c:\windows\tmp\security.bak
copy c:\windows\system32\config\default c:\windows\tmp\default.bak
delete c:\windows\system32\config\system
delete c:\windows\system32\config\software
delete c:\windows\system32\config\sam
delete c:\windows\system32\config\security
delete c:\windows\system32\config\default
copy c:\windows\repair\system c:\windows\system32\config\system
copy c:\windows\repair\software c:\windows\system32\config\software
copy c:\windows\repair\sam c:\windows\system32\config\sam
copy c:\windows\repair\security c:\windows\system32\config\security
copy c:\windows\repair\default c:\windows\system32\config\default

Restart လုပ်လိုက်ရင် ပျက်နေတဲ့ Windows ပြန်တက်လာပါလိမ့်မယ်။ မပြီးသေးပါဘူး။ အခုအဆင့်ထိက XP မှာပါတဲ့ Default Registry ဖိုင်တွေကို ပြန်ပြီး Restore လုပ်ရုံပဲ ရှိပါသေးတယ်။ Original Registry ဆိုတော့ ကျွန်တော်တို့ တင်ထားတဲ့ Program တွေ Driver တွေကို မသိသေးပါဘူး။ ဒါကြောင့် Registry ထဲကို နောက်ဆုံးလုပ်ထားတဲ့ System Restore ထဲက Registry တွေ ပြန်ထည့်လိုက်မှ ရမှာပါ။
ပီစီကို Safe Mode နဲ့ တက်ပါ။ ပြီးရင် C:\ အောက်မှာရှိတဲ့ System Volume Information ကို ဖွင့်ပါ။ ဒီအတိုင်းဆို ဖွင့်မရပါဘူး။ သူက Super Hidden လုပ်ထားတာပါ။ ဒါကြောင့် cmd မှာ ဒါမျိုးရိုက်ပါ။

cacls "driveletter:\System Volume Information" /E /G username:F

ဒါဆိုရင် SVI Folder ပွင့်သွားပါပြီ။ သူ့ကိုဖွင့်လိုက်ရင် _restore{D86480E3-73EF-47BC-A0EB-A81BE6EE3ED8} လိုမျိုး Folder တွေ တော်တော်များများ တွေ့ရပါလိမ့်မယ်။ အဲဒီ Folder တွေထဲမှာ subfolder တစ်ခု RP (Restore Point) နဲ့စတဲ့ subfolder ပါတဲ့ Folder ကို ဖွင့်ပါ။ အဲဒီထဲက Snapshot ကို ဖွင့်ပါ။ ဥပမာ

C:\System Volume Information\_restore{D86480E3-73EF-47BC-A0EB-A81BE6EE3ED8}\RP1
\Snapshot

Snapshot Folder ထဲကနေ အောက်မှာပြထားတဲ့ File တွေကို C:\Windows\Tmp ထဲကို ကော်ပီပွားပါ။
_REGISTRY_USER_.DEFAULT
_REGISTRY_MACHINE_SECURITY
_REGISTRY_MACHINE_SOFTWARE
_REGISTRY_MACHINE_SYSTEM
_REGISTRY_MACHINE_SAM

ပြီးရင် အဲဒီဖိုင်တွေကို အောက်မှာပြထားတဲ့အတိုင်း နာမည်ပြောင်းလိုက်ပါ။

Rename _REGISTRY_USER_.DEFAULT to DEFAULT
Rename _REGISTRY_MACHINE_SECURITY to SECURITY
Rename _REGISTRY_MACHINE_SOFTWARE to SOFTWARE
Rename _REGISTRY_MACHINE_SYSTEM to SYSTEM
Rename _REGISTRY_MACHINE_SAM to SAM

နောက်ဆုံးအဆင့်အနေနဲ့ Restart လုပ်ပြီး Recovery Console ထဲ ၀င်ပါ။ ပြီးရင် အောက်မှာပြထားတဲ့ Command တွေ ရိုက်ထည့်လိုက်ပါ။ သဘောတရားက ရှိပြီးသား Registry တွေကို ဖျက်ပြီး အစောက Restore Point ကနေ ယူထားတဲ့ Registry တွေကို ပြန်ထည့်တာပါ။

del c:\windows\system32\config\sam
del c:\windows\system32\config\security
del c:\windows\system32\config\software
del c:\windows\system32\config\default
del c:\windows\system32\config\system
copy c:\windows\tmp\software c:\windows\system32\config\software
copy c:\windows\tmp\system c:\windows\system32\config\system
copy c:\windows\tmp\sam c:\windows\system32\config\sam
copy c:\windows\tmp\security c:\windows\system32\config\security
copy c:\windows\tmp\default c:\windows\system32\config\default

ပြီးပါပြီ။

October 8, 2008

Can You Run It?

ဂိမ်း နောက်ထွက်တာတွေက ဟတ်ဝဲလ် လိုအပ်ချက်ကြီးမားလာလို့ ၀ယ်ပြီးမှ သုံးလို့ အဆင်မပြေတာတွေ ကြုံကြရတတ်တယ်။ High-end user တွေ တော့ အေးဆေးပေါ့။

ဆိုင်တွေက ဘာ ဟတ်ဝဲလ် သုံးထားလဲ မေးကြပေမယ့် ဘယ်လောက်ထိ match ဖြစ်မလဲ ကြိုသိထားရင် ပိုအဆင်ပြေစေမှာပါ။ တစ်ခါတစ်လေ ကျတော့ ၀ယ်ပြီးမှ သုံးလို့ ရရုံလေက်သာ ကြုံတတ်တယ်။

အ၀ယ်မမှားရအောင် ဒီဆိုဒ်မှာ ကြိုတင် စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိ သုံးချင်တဲ့ ဂိမ်း အမျိုးအစား ကိုရွေးပြီး Can You Run It ကို နှိပ်လိုက်ရင် မိမိ ကွန်ပြူတာကို အန်နာလိုက်စ် လုပ်ပြီး အသေးစိတ် ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ထွက် ဂိမ်းတွေလည်း အပ်ဒိတ်လုပ်ထားတာ တွေ့ရတယ်။

အနိမ့်ဆုံး လိုအပ်ချက် မပြည့်စုံရင် fail ပြနေပါလိမ့်မယ်။ အောက်က ပုံမှာ supreme commander နဲ့ စမ်းသပ်ထားပြီး လိုအပ်တဲ့အပိုင်း ကို ပြနေပုံပါ။

Gamer တွေ system requirement ကြိုတင် စမ်းသပ်နိုင်မယ့် ဆိုဒ်လေးပါဘဲ။ Java plugin ရှိဖို့နဲ့ popup blocker ပိတ်ထားဖို့တော့ တောင်းဆို ထားပါတယ်။ ဂိမ်းအသစ်တွေ ၀ယ်တော့မယ်ဆို ကြို စမ်းထားတော့ အမှားကင်းပြီပေါ့...

October 7, 2008

Dublicate cleaner

System နဲ့ မပတ်သက်တဲ့ mp3,documents စတဲ့ ဒေတာတွေဟာ ဟိုထား ဒီပွားနဲ့ ကြာတော့ နှစ်ခုသုံးခု ထပ်လာပါတယ်။ သန့်ရှင်းရေးလုပ်ဖို့က လိုက်ရှာနေဖို့ အချိန်ကုန်သလို music dublicate လုပ်နိုင်မယ့် ဆော့ဖ်ဝဲလ်ဘဲ ရှိတော့ နဲနဲရှာကြည့်တာ Dublicate cleaner freeware လေးတွေ့တယ်။

Photo,music,video,txt and document တွေကို တစ်မျိုးခြင်း သို့ တစ်ပေါင်းတည်း ရှာနိုင်ပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ ရှာချင်တဲ့ ဖိုဒါကို ရွေးပြီး ရှာဖွေမယ့် အမျိုးအစား သတ်မှတ်ပေးရုံပါ။
သတ်မှတ်လိုက်တဲ့ အပေါ် မူတည်ပြီး file name တူတာတွေ သို့ name,date and size တူတဲ့ ဖိုင်တွေ ကို ကာလာ ဆယ်မျိုးနဲ့ တူရာ ခွဲပြပေးပါတယ်။ ပိုနေတာတွေ check လုပ်ပြီး delete လုပ်ပေးလိုက်တာ HD လည်း အတော် ၀န်ပေါ့ သွားရှာတယ် :D ။
ဖိုင်ဆိုဒ်က 1.7 MB ဆိုတော့ သူ့ကြောင့် တိုးလာမယ့် space တွေ အတွက် ကျွန်တော်တော့ ပြန်မဖြုတ်နေတော့ပါဘူး :)

October 5, 2008

Acer Aspire M3641 Desktop Computer အကြောင်း

ကျွန်တော်ဝယ်ထားတာမဟုတ်ပါ။ကျွန်တော်ရဲ့ အမာခံ Customer တစ်ယောက်က ကျော်စိုးဆီက ၀ယ်သုံးရတာ ငြီး ငွေ့ လို့ဆိုပြီးတော့ ဘန်ကောက်ကနေဖုန်းဆက်ပြီးတော့ ဘာဝယ်ရင်ကောင်းမလဲမေးတော့ ကျွန်တော် အကြံ ပေး တာဝယ်ချလာတယ်။ ဘန်ကောက်ကနေညရောက် မနက်ရောက်တာနဲ့ ဖုန်းဆက်ပြီး ကွန်ပျုတာ လာတပ် ပေးပါဆိုတာနဲ့ ရောက်သွားတယ်ဗျာ။ စက်ကိုစဖွင့်လိုက်တာနဲ့ linspire.com ကုမ္မဏီက Linux logo နဲ့တက်လာတယ် customerကဒီဝင်းဒိုးကိုဖြုတ်ပြီး ၀င်းဒီုး အိပ်(စ်)ပီ ဆားဗစ်ပတ်တူး ပဲတင်ပေးပါဆိုတော့ ခါတိုင်းလိုပဲ BIOS ကိုဝင် First Boot မှာ CD ROM ကိုထားပြီး Save လုပ် ခွေထည့် Restart လုပ်တက်လာရင် Press any key ကြိုက်ရာခလုတ်နှိပ် ကျန်တာကတော့ ထမင်းစားရေသောက် အေးဆေးပဲလေ။ အဲအဲ Starting Windows လို့ပြပြီးတာနဲ့ Blue Screen ပြပြီးတော့ ရပ်သွားတယ်။ကဲဗျာ ချုပ်ပြောရရင် ဒါမျိုး ဆယ်ခေါက် လောက်ဖြစ်သွားတယ်။စက်ကအသစ် နောက်ပြီး Branded နော် ကဲ စာဖတ်သူဘာဖြစ်နိုင်မလဲ စဉ်းစားကြည့် ပါအုံး။ Error မှာရေးထားတာကတော့ Harddisk Error လို့ အကျဉ်းချုံးနားလည်လိုက်တယ်။ Harddisk က ၃၂၀ GB WD (Western Digital) ပြနေတဲ့ Error ကလည်း Harddisk (Hardware) အမှား Harddisk ကို စစ် ကြည့်ပါအုံးချဉ်းပဲပြနေတယ်။ချုပ်ပြောရရင် Harddisk ထဲကို ၀င်းဒိုးမောင်းထည့်လို့မရတာပေါ့ဗျာ။ အဲဒါနဲ့ အရှက် ကွဲမှာစိုးလို့ ဆိုင်ကို Casing မလာပြီးတော့ Harddisk ကြောင့်များလာဆိုပြီး အခြား တစ်လုံးနဲ့တပ်စမ်းတော့ လည်း Starting Windows နားမှာပဲ အပြာရောင်မြင်ကွင်းနဲ့ ရပ်နေပြန်တယ်။ ချွေးတောင်ပြန်သွားတယ် နောက် မှ နက် မှ မွှေကြည့်တော့မှ ကျွန်တော်နဲ့ အဖြစ်အပျက်တူတဲ့ လူတွေရှိနေကြတာသွားတွေ့မှ နည်းနည်းအားရှိလာ တယ် နို့မို့ဆိုရင် ကိုယ်ကို ၀င်းဒိုးတင်လို့မရလို့ ကိုယ်ကိုကို အပြစ်တင်နေမိတယ်။ထပ်ရှာကြည့်လိုက်တော့ ရေး ရေးလေး တွေ့လာတယ်။ Sata-raid driver ကို Floppy Disk ထဲမှာထည့်ထား Windows XP Service Part 2 run နေစဉ်မှာ လိုအပ်တဲ Sata-raid driver ကို Floppy Disk ထဲကနေဆွဲတင်ပြီးတော့မှ Windows XP ကို တင်လို့ရတော့တယ်။ Floppy Drive နဲ့ Floppy Disk ကို ရှာထားမရှိရင်ဝယ်ကိုဝယ်ရတော့မယ်။ Windows Vista တင်မယ်ဆိုရင် ခုနက Floppy Drive နဲ့ Floppy Disk မလိုတော့ဘူး Flash Disk ထဲက Driver မောင်း ထည့်ထားလိုက် Vista အတက်မှာလိုအပ်ရင် Flash Disk ထဲက ဆွဲယူ install လုပ်ရုံပဲ။အဆင်ပြေအောင်မြင် သွားတယ်။ အင်တာနက်ကျေးဇူးပေါ့ဗျာ။ ကဲ စာဖတ်သူ တခါတလေထမင်းစားရေသောက်အလုပ်က မစား မသောက်နိုင်တဲ့အလုပ်မျိုးလည်းဖြစ်သွားနိုင်ပါတယ်။အတွေ့အကြုံတစ်ခုပေါ့ဗျာမသိရင်ခက်တယ်လေသိရင်တော လွယ်တာပေါ့ဗျာ။

မှတ်ချက်။ ။ SATA RAID Driver ကို စက်ဝယ်စဉ်က ထည့်ပေးလိုက်သော Installer ခွေထဲတွင်ပါရှိပါသည်။ သို့သော မည့်သို့သုံးရမည်မှန်းမသိပါက မည့်သည့်နည်းနှင့်မှ ၀င်းဒိုးတင်ဖို့ရာမဖြစ်နိုင်ပါကြောင်း ကျွန်တော်၏ အ တွေ့အကြုံတစ်ခုကို စာဖတ်သူတို့အားရှဲလိုက်ပါသည်။

ဝင်းဒိုးကို Ghost (or ) Image ရိုက်တာအဆင်မပြေပါ။

ကွန်ပျုတာ ကာရာအိုကေ စနစ်အတွက် ဆိုင်ကနေစက်တွေရောင်းလိုက်တယ်။ အရေအတွက်များတော့ ၀င်းဒိုးကို တစ်လုံးချင်းစီတင်ဖို့မလွယ်ဘူးလေ အလွယ်လေးနည်းနဲ့ တစ်လုံးကိုသေချာတင်ပြီးတော့ Ghost ရိုက်လိုက်တယ်။ အိုကေတယ်။ MSI Board 945GCM7-L , Memory kingstom DDRII 1GB, Segate 80GB 7200rpm, Build in VGA နဲ့ ဆင်ထားတယ်။ပြဿနာက ဆိုင်မှာသုံးထားတဲ့ တီဗွီက Tube TV လေး LCD မဟုတ်တော့ Video output မပါတာနဲ့ MSI RX 2700 Video out ပါတဲ့ ကတ်ကိုထပ်စိုက်တာ စတွေ့တော့တာပဲ။ကတ် drivers ထည့်လိုက်တာနဲ့ Autorun ပြီးတော့ internal Error, ATICMI.DLL Error ဆိုပြီးတော့ပြတယ်။ Drivers ကြောင့်လား ဆိုပြီတော့ စီဒီပြောင်းထည့်ပြန်တော့လဲ ဒီ Error ပဲ အိုကေ ဒါဆိုရင် Automatically Search လုပ်ကြည့်တော့ Drivers ကိုဆွဲသွားတယ် ကတ်ကိုသိသွားပြီ ဒါပေမဲ့ ATI control center ကိုမတွေ့သေးဘူး ကတ် ရဲ့ setting ကိုချိန်ညှိနိုင်ဖို့ Control Center Taskbar ရဲ့ ညာအစွန်လောက်မှာ အဖြူနောက်ခံမှာ MSI Logo နဲ့ ATI Control Center ပေါ်ရမယ် မတွေ့ဘူးဖြစ်နေတယ်။အချိန်လည်းမရှိဘူး မထူးတော့ဘူးဆိုပြီး ၀င်းဒိုးကို အစအဆုံးဖောမက်ရိုက်ပြီး ကတ် drivers ကိုပြန်တင်လိုက်မှ ၀င်းဒိုး ghost ရိုက် ထားတဲ့အချိန်တုန်းကပြတဲ့ internal Error, ATICMI.DLL Error တွေမပြတော့ပဲနဲ့ ချောချောရှုရှု run သွား တယ်။ Taskbar ညာအစွန်မှာ ATI Control Center လေးလဲတွေ့နေရပြီဗျာ။ အဲဒီ ATI Control Center လေးကိုတွေ့ရမှ Video output အတွက် settings တွေကိုချိန်ညှိလို့ရမှာလေ။ အတွေ့အကြုံတစ်ခုပေါ့ ဖြစ်နိုင်ရင် ၀င်းဒိုးကို တစ်လုံးချင်းစီတင်တာပိုကောင်းပါတယ်။ အဓိက ကတော့ ၀င်းဒိုးကြောင့်လို့ပြောရမှာပဲ။

Cbox မှာ မမေးစေလိုပါ

အရင်တုန်းက ကျွန်တော်တို့တွေ Cbox မှာ ပြောခဲ့ကြ၊ ဆိုခဲ့ကြတာပါ။ လွယ်တယ်။ ချက်ချင်းပေါ်တယ်ပေါ့။ Cbox ကို အဲဒီတုန်းက အရမ်းကြိုက်မိပါတယ်။ နောက်ပိုင်းမှာ Cbox မှာ မေးတဲ့သူတွေ၊ ရေးတဲ့သူတွေ အတော်များလာပါတယ်။ တစ်ရက်မှာတော့ Cbox ရဲ့ Older Message တွေကို ပြန်ကြည့်တဲ့အခါမှာ မရှိတော့ဘူး။ ဟာ သွားပြီကွာလိုံတော့ အော်မိပါတယ်။ အဖိုးတန်တဲ့မေးခွန်းတွေနဲ့ အဖိုးတန်တဲ့အဖြေတွေကို Cbox ကတော့ မသိပါဘူး။ ဟောင်းသွားလို့ဆိုပြီး ဖျက်ပစ်တာပါပဲ။ အင်းလေ ကိုယ်က Free ရတဲ့ဟာသုံးတာပဲ ဘာသွားပြောလို့ရမှာလဲဆိုပြီး ဖြေသိမ့်နေလိုက်ပါတယ်။

အဲဒီနေ့မှာပဲ Cbox ကတော့ အလုပ်မဖြစ်ချေဘူး။ Group ဆောက်မှ ဖြစ်တော့မယ်ဆိုပြီး IT Men Group ကို စလုပ်ပါတယ်။ Cbox ရဲ့ အပေါ်မှာလည်း မေးစရာရှိရင် Group ထဲမှာသာ မေးပါဆိုပြီး request လုပ်ထားပါတယ်။

Group ထဲမှာ မေးကြ၊ ဖြေကြတာတွေက ပျောက်မသွားနိုင်တော့ပါဘူး။ ပြီးတော့ မေးခွန်းမေးတယ်ဆိုတာ အခက်အခဲရှိလို့ မေးကြတာပါပဲ။ အဲဒီလို အခက်အခဲမျိုးဆိုတာ တမင်လုပ်ယူလို့မရပါဘူး။ ဖြေတဲ့သူတွေမှာလည်း တခါတလေ လက်တန်းဖြေရတာမျိုးမဟုတ်ပဲ ပြန်ရှာရတာမျိုး၊ ပြန်စဉ်းစားရတာမျိုးတွေ ရှိပါတယ်။ အဲဒီလိုနည်းတွေရဲ့ ဖြစ်လာတဲ့ အမေးအဖြေတွေကို အလဟသ ဖြစ်မသွားအောင်၊ လူသစ်တွေလည်း အလွယ်တကူ လေ့လာလို့ရအောင်ဆိုပြီး Group ထဲမှာပဲ ဆွေးနွေးကြဖို့ Request လုပ်ထားတာပါ။

Email ကနေ မေးတဲ့သူတွေကိုလည်း Group ထဲမှာပဲ ၀င်မေးကြဖို့ Request လုပ်လိုပါတယ်။ အခုဆိုရင် IT Men Group ထဲမှာ တတ်ကျွမ်းသူတွေ တော်တော်များများ ရှိနေပါပြီ။ မေးခွန်းတစ်ခုအတွက် ပညာရှင်မျိုးစုံဆီက အဖြေမျိုးစုံ ရနိုင်ပါလိမ့်မယ်။ ကျွန်တော့်ဆီ Email ပို့ပြီး မေးတယ်၊ ကျွန်တော်က ပြန်ဖြေတယ်။ အမေးနဲ့ အဖြေကို မေးတဲ့သူနဲ့ ဖြေတဲ့သူပဲ သိနိုင်မှာပါ။ ဒါမကောင်းပါဘူး။ တခြားသူတွေ ဖတ်နိုင်ရင် ပညာရမှာပေါ့။

ဒါတွေကြောင့် Group ထဲမှာ ဆွေးနွေးစေချင်တာပါ။

October 3, 2008

Speed Up Internet Programs

အခုတစ်လော ၀ယ်ထားတဲ့ စီဒီခွေတွေ ပြန်မွှေရင်းကနေ Active ကနေ ၀ယ်ခဲ့ဖူးတဲ့ Internet Optimizer ဆိုတဲ့ ခွေလေးကို ပြန်တွေ့တယ်။ Online မှာရော၊ Offline မှာရော ဆုံကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက အင်တာနက်သုံးရတာ နှေးလိုက်တာ၊ ဘယ်လိုလုပ်ရမလဲဆိုတာ မေးကြလွန်းလို့ Registry မှာ သွားပြင်နည်းတွေ ဘာတွေကို ရေးခဲ့ဖူးပါတယ်။
အခုတော့ အစောက ခွေထဲမှာပါတဲ့ Program တွေရဲ့ နာမည်တွေကို ရှယ်ယာ ပေးလိုက်ပါတယ်။ Program နဲ့ ဆိုတော့ လူသက်သာ၊ အချိန်ကုန် သက်သာ တာပေါ့။
ကျွန်တော်ကတော့ အချိန်မရလို့ စမ်းဖို့ အခွင့်မသာပါဘူး။ အကုန်လုံးနီးပါးက http://www.download.com/ မှာ ရှိပါတယ်။ Crack လိုချင်တော့ Email ပို့လိုက်ပါ။
Ashampoo Internet Accelerator 2.2.0
BeFaster 3.7
cFos Speed 4.03
ID Internet Optimizer 1.2
Internet Cyclone 1.92
Modem Booster 3.0
Morpheus Internet Accelerator 1.0
NetSpeeder 3.82
SpeedConnectXP 6.5
SpeedMaster 1.0
TCP Optimizer
TweakMaster Pro 2.5
Versis Full Speed 2.7

Digg

Digg ဆိုတာ တူးဆွတာတဲ့။ အင်တာနက်သုံးတဲ့သူတွေကို Information တူးတဲ့သူတွေလို့ နာမည်ပေးလိုက်ပြီ။ ကဲဗျာ ကိုယ်တူးလို့တွေ့တဲ့ Information တွေကို အခြားသူတွေသိအောင် ဘယ်လိုပြောကြမလဲ။

Digg ဆိုတဲ့ Website ဟာ Web ပေါ်မှာ တွေ့တဲ့အကြောင်းအရာတွေကို Share ပေးနိုင်ပါတယ်။ လူတစ်ယောက်က Blog တစ်ခုမှာ တွေ့တဲ့အကြောင်းအရာလေးကို ကြိုက်လွန်းလို့ အဲဒါကို Digg လုပ်လိုက်မယ်။ နောက်တစ်ယောက်ကလည်း သူ့လိုပဲ ကြိုက်လွန်းလို့ Digg လုပ်လိုက်မယ်။ ဒီနေရာမှာ Digg လုပ်တာဆိုတာက အဲဒီအကြောင်းအရာ (story လို့သုံးပါတယ်) ကို Digg Website ဆီ လှမ်းပို့လိုက်တာပါပဲ။Digg က အဲဒီလို ပို့လိုက်တဲ့ Story တစ်ခုကို Count လုပ်ထားပြီး အဲဒီ Story ကိုပဲ Digg လုပ်တဲ့သူ အရမ်းများလာတဲ့အခါ သူ့ရဲ့ Home Page မှာ တင်ပေးလိုက်ပါတယ်။ ဒါကြောင့်မို့ Digg ရဲ့ Home Page မှာ Story တွေကို အမြဲတွေ့ရမှာဖြစ်ပြီး အဲဒီ Story ကို လူဘယ်နှစ်ယောက် Digg လုပ်ထားတယ်ဆိုတာကိုပါ ဘေးမှာ ပြထားပေးပါတယ်။

ဒါဟာ တကယ့်ကို ကောင်းတဲ့ အစီအစဉ်တစ်ခုပါ။ သိတဲ့အတိုင်း Search Engine တွေဆိုတာက အသိဥာဏ်မရှိဘူးလေ။ အခုလို Digg ကျတော့ SE တွေလို ရှာပေးတာမဟုတ်ပေမဲ့ လောလောဆယ် Online မှာ လူကြိုက်များတဲ့ အကြောင်းအရာတွေကို တင်ပေးလိုက်တာ။ ကျွန်တော်တို့ Digg ကို ဖွင့်ကြည့်လိုက်ရင် တကယ့် Popular ဖြစ်တဲ့ Story ကြီးတွေကို တန်းတွေ့ရတာပဲ။ တကယ်ကို ကောင်းလွန်းလို့ လူပေါင်းများစွာက Digg လုပ်ထားတာလေ။ ကိုယ်က အသာလေး ဖွင့်ဖတ်ကြည့်ရုံပဲ။

ဒါပေမဲ့ အဲဒီလို Digg လုပ်နိုင်ဖို့ Register လုပ်ရပါ့မယ်။ Register User တစ်ယောက်အနေနဲ့ Story တွေကို Digg လုပ်နိုင်တဲ့အပြင် Home Page မှာ ကိုယ်မကြိုက်တဲ့ Subject တွေ မပေါ်အောင် ကန့်သတ်ထားလို့ ရတယ်။ သူများတွေ Digg လုပ်ထားတဲ့ Story တွေကို Comment ပေးလို့ရတယ်။ သူငယ်ချင်းတွေ အချင်းချင်းလည်း သူ digg ထားတာနဲ့ ကိုယ် digg ထားတာတွေကိုလည်း Share လုပ်နိုင်မယ်။ကဲဗျာ ကြော်ငြာခမရပေမဲ့ သိစေချင်လွန်းလို့ ရေးလိုက်ပါပြီ။ အခုပဲ www.digg.com ကိုသွားပြီး သူများ Digg ထားတာလေးတွေ ကြည့်မယ်၊ ကိုယ်ကိုယ်တိုင်လည်း အွန်လိုင်းပေါ်မှာ ကောင်းတာလေးများ တွေ့ရင် Digg လုပ်လိုက်ကြရအောင်။

စာကြွင်းဒီ Post လေးကိုလည်း Digg လုပ်နိုင်ပါတယ်နော်၊ စိတ်မဆိုးပါဘူး။

Myanmar Thinking

တချို့ကွန်ပျူတာ term တွေက ဒီအတိုင်းဆို လုံးဝနားလည်လို့မရဘူး။ Description ဖတ်ကြည့်ပြီး ရေးတေးတေးလောက်ပဲ သဘောပေါက်မိတယ်။ တစ်ယောက်ယောက်က မေးပြီဆိုရင်လည်း description အတိုင်းပဲ အရှည်ကြီး ပြောပြရတာ။ သိပ်ဟန်မကျဘူးလေ။
အဲဒါနဲ့ တစ်ချို့ term တွေကိုကျ Computer Dictionary မကြည့်ဘဲ ရိုးရိုး Dictionary နဲ့ ကြည့်လိုက်တယ်။ အဲ အဲဒီတော့မှ ရှင်းသွားတာ။ ဥပမာဗျာ Proxy ဆိုတဲ့ စာလုံး။ သူ့ Description အရဆို အရှည်ကြီးပဲမဟုတ်လား။ သိကြပါတယ်။ ဒါပေမဲ့ Proxy ဆိုတာ ဘာဆိုပြီး စကားလုံးတစ်လုံးတည်းနဲ့ ပြောဖို့ခက်တယ်။ အဲ ရိုးရိုး Dictionary ကြည့်ကြည့်လိုက်။ Proxy ဆိုတာ ကြားခံတဲ့။ ရှင်းရော။ Proxy Computer ဆိုရင် ကြားခံကွန်ပျူတာပေါ့။ ဘာနဲ့ဘာနဲ့ကြား ခံတယ်ဆိုတာကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်ရှာလိုက်ရင် သိသွားပြီလေ။ နောက် Server ဆိုတဲ့စာလုံး။ ရှာကြည့်လိုက်။ အရှင်သခင်၊ ခိုင်းစေနိုင်သောသူ။ Mobile ဆိုရင် ရွှေ့ပြောင်းနိုင်သောChat ဆိုတာက အာလာပသလ္လာပ တဲ့။ explorer က မသိသေးသောနေရာများကို လှည့်လည်သွားလာသူတဲ့။

အပေါ်ကဟာလေးတွေက ကျွန်တော်တို့နဲ့ အနီးဆုံးရှိနေတဲ့ term တစ်ချို့ပါ။ ဘာသာပြန်ကြည့်ဖို့ မေ့နေတဲ့သူတွေ၊ မသိသေးတဲ့သူတွေ အတွက်သာ ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာ တချို့ ကွန်ပျူတာစာလုံးလေးတွေ နားမလည်တဲ့အခါ ရိုးရိုး Dictionary ကြည့်လိုက်ပါ။ ပိုရှင်းသွားပါလိမ့်မယ်။ တချို့နော်။ အကုန်လုံးမဟုတ်ဘူး။

September 28, 2008

Exclusive 100-day Kaspersky Internet Security 2009 offer!

ရက်ပေါင်း ၁၀၀ သက်တမ်း ရှိတဲ့ Kaspersky Internet Security 2009 key ဖရီးရဦးမယ်ဗျာ။ စိတ်ဝင်စားကြရင် စမ်းကြည့်ကြပါဦး။ လွယ်လွယ်ကူကူ ပါဘဲ။ ကျွန်တော် စမ်းကြည့်ပြီးပါပြီ။

Computer Shopper က စာဖတ်သူတွေကို ပရိုမိုးရှင်း လုပ်တာပါ။ လုပ်ရမှာက...

http://www.coverdisc.co.uk/cs249/kis/index.php လင့်ကိုသွားပြီး အချက်အလက်တွေ ပြည့်စုံအောင် ဖြည့်ပေးရပါတယ်။

ဒုတိယ အဆင့်မှာ ပရိုမိုးရှင်း ကုဒ် also ကို ထည့်ပေးလိုက်ရင် ရပါပြီ။ မေးလ်မှာ ကီး ရောက်လာပါမယ်။

အမှန်အကန် ၀ယ်သုံးနေသူတော့ မလိုဘူးပေါ့ဗျာ။ Blacklist ဖြစ်ဖြစ် နေတတ်သူတွေတော့ အသုံးတည့်မှာပါ။

September 27, 2008

Del.icio.us

အရသာရှိတာတွေကိုပဲ ရှာစားကြရအောင်ဗျာ!

ဘာပါလိမ့်လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ အဟမ်း..ဒီလိုပါ။ ကျွန်တော်တို့ အွန်လိုင်းမှာ တစ်ခုခုရှာတဲ့အခါ ရတာမလို၊ လိုတာမရ ဖြစ်တတ်တာ သိတဲ့အတိုင်းပဲ မဟုတ်လား။ တခါတလေ အကောင်းဆုံးတွေဟာ Google မှာ ပေါ်မလာတတ်ဘူး။ တခါတလေ ကျတော့လည်း Google ကြီးက ကျွန်တော်တို့ တကယ် ဘာလိုချင် နေတာလည်း မသိဘူး။ အဲ ဘယ်သိမှာလဲဗျာ။ Google ရဲ့ Index Database ကြီးက Bot တွေက ဆောက်ထားတာကိုး။ လူတွေမှ မဟုတ်ပဲ။ ဒါကြောင့် Google က ထွက်လာသမျှ result တွေက ကျွန်တော်တို့ စိတ်တိုင်းကျ မဖြစ်တာပါပဲ။

တကယ်တော့ဗျာ ခင်ဗျားရော ကျွန်တော်ရော သူငယ်ချင်းတစ်ယောက် ယောက်က အဲဒီ site က ကောင်းတယ် လို့ပြောရင် ၀င်ကြည့်လိုက်တာပဲ မဟုတ်လား။ Site တစ်ခု၊ ဒါမှမဟုတ် Blog တစ်ခုဟာ အရမ်းကောင်း တယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်တတ်ကြသလဲ။ သူငယ်ချင်းတွေကို ပြောမယ်၊ ပြီးတော့ bookmark လုပ်လိုက်တယ်။ ကောင်းလို့ bookmark လုပ်တာပေါ့။ ဒီနေရာမှာတော့ နည်းနည်းကွာသွားပြီ။ တချို့က bookmark ကို စာအုပ်ထဲမှာ လုပ်တယ်။ တချို့က Blog ပေါ်မှာ လုပ်တယ်။ တချို့က bookmark တွေကို သိမ်းဆည်းပေးတဲ့ site တွေမှာ လုပ်ကြတယ်။
del.icio.us ဟာ ကောင်းတဲ့ site လေးတွေတွေ့ရင် လိပ်စာမေ့မသွားအောင် သွားမှတ်လို့ရတဲ့ site တစ်ခုပါ။ အကောင်းဆုံးကတော့ သူများတွေက ကောင်းတယ်ကွဆိုပြီး bookmark လုပ်ထားတဲ့ site တွေကို ကိုယ်က ရှာဖွေနိုင်ခြင်းပါပဲ။ တွေးကြည့်ဗျာ။ Google မှာရှိတာက လူမဟုတ်တဲ့ bot တွေထည့်တာတဲ့ဟာ။ del.icio.us မှာ ရှိတာက လူတွေက စုဆောင်းထားတဲ့ ဟာတွေ။ ကဲဗျာ ဘယ်ဟာရွေးမလဲ။
ဒါကြောင့်ပြောတာပေါ့။ အရသာရှိတာတွေပဲ ရွေးစားကြအောင်လို့။ အဲ မှတ်ထားဦးဗျ delicious (အရသာရှိသော) ကို del.icio.us ဆိုပြီး Website လိပ်စာ လုပ်ထားတာ။ တတ်လည်းတတ်နိုင်တဲ့ လူတွေဗျာ။

September 25, 2008

Auto reply from Gmail

Gmail မှာ Holiday Time! သတ်မှတ်ပေးထားရင် အလိုအလျှောက် စာပြန်ပေးပါတယ်။ ဘာကြောင့် လောလောဆယ် စာမပြန်နိုင်တာ အသိပေးနိုင်တော့ တစ်ဖက်ကလည်း မမျှော်ရတော့ဘူးပေါ့ :-)

အင်တာနက် ကွန်နက်ရှင် မရှိတဲ့ဒေသ တွေဆီသွားမယ်ဆို စသွားမယ့်ရက် နဲ့ ပြန်ရောက်မယ့်ရက် ရွေးပေးပြီး ပြောပြစေလိုတဲ့ စာသားဖြည့်ထားရင် သတ်မှတ်ရက် အတွင်းမှာ Gmail က အ၀င်စာတွေကို စာပြန်ပေးနေပါလိမ့်မယ်။

မူရင်း ဂျီမေးလ် မှာ labs icon သို့ setting \labs \Holiday Time! မှာ enable လုပ်ပြီး setting save လုပ်ပေးလိုက်ပါ။ Standard version သုံးနေမှ တွေ့ရပါမယ်။
နောက်တစ်ဆင့်မှာ setting \general \Out of Office AutoReply သွားပြီး on mode ကို ရွေးရပါတယ်။ ရက်စွဲ၊ခေါင်းစဉ်၊အကြောင်းအရာ တွေ စိတ်ကြိုက် ချိန်ညှိပြီး contacts က မေးလ်ဘဲ ပြန်စေမလား အ၀င်စာ အားလုံး ပြန်စေမလား ဆုံးဖြတ်ပြီးရင် ခရီးထွက်နိုင်ပါပြီ။

ခရီးက ပြန်ရောက်လာရင် အရင်ဆုံး မိမိ မေးလ်ကို ဘယ်သူ ဟက်ထားသေးလည်း စစ်ကြည့်လိုက်ပါဦး။
Mail login ၀င်ပြီး Browser အောက်နားက Last account activity မှာ detail ကိုနှိပ်ပြီး မိမိမဟုတ်တဲ့ IP မသုံးတဲ့ access နည်းလမ်းတွေနဲ့ ဘယ်အချိန်က ၀င်ထားလည်း ကြည့်နိုင်ပါတယ်။ ထူးခြားချက်တွေ့ရင် sign out all other session ကိုနှိပ်လိုက်ပါ။ စိတ်မချရသေးရင် learnmore ကိုနှိပ်ပြီး ပြောင်းလို့ရတဲ့ security setting အကုန်ပြောင်း ဂူဂယ်ကိုပါတိုင်ပေါ့။ ပြောမယ့်သာပြောရတယ် ဒီလိုမဖြစ်စေချင်ပါဘူး လုံခြုံရေး အရ မသိထားသူ သိရအောင်လို့ပါ။ Gmail ဟာ လုံခြုံမှုအရှိဆုံး နဲ့ အကောင်းဆုံး free service ပါ။ ယုံကြည်စိတ်ချ ခရီးသွားလို့ ရပါတယ် :-)

IT Men's Group's New Address

IT Men Group ကိုဝင်ချင်ရင် Blog ကနေ ၀င်ဝင်နေရလို့ဆိုပြီး ညီငယ်တစ်ယောက်က co.cc domain နှစ်ခု ယူပေးပြီး မေးလ်ပို့လိုက်ပါတယ်။ http://www.mmitmen.co.cc/ ဒါမှမဟုတ် http://www.mmitman.co.cc/ ကနေ IT Men Group ကို ဆွေးနွေးမေးမြန်းဖို့ သွားရောက်နိုင်ပါပြီ။

September 23, 2008

UpComing Post

တင်ချင်တာလေးတွေက များပြီး အချိန်မရဘူးဖြစ်နေတယ်ဗျာ။ ကိုလွင်ဦးပို့ထားတဲ့ မြန်မာစာအုပ် လေးတွေလည်း တင်ချင်သေးတယ်။ Data Communication အကြောင်းတို့၊ Internet Sharing ဘယ်လိုလုပ်မလဲတို့၊ Hardware အကြောင်းတို့ကို မြန်မာလို ရေးထားတာတွေကို သူက ပို့လိုက်တာ။ ကျွန်တော်က အခုထိ Download လုပ်တာ မပြီးသေးဘူး။ ပြီးရင် Blog ပေါ်မှာ Share ပြန်လုပ်ဖို့အတွက် Upload ပြန်လုပ်ရဦးမှာ။ ကိုလွင်ဦးကလည်း File Upload တစ်ခုခုနဲ့ ပို့လိုက်ပြီးရော။ အခုတော့ သူက Attachment လုပ်ပို့တာဆိုတော့ အလုပ်ရှုပ်သွားတာပေါ့။ (စတာနော် ကိုလွင်ဦး)။
အဲ. ပြီးတော့ အင်တာနက်ကို မြန်အောင်လုပ်ပေးတဲ့ Software လေးတွေ တွေ့ထားတယ်။ များလွန်းလို့ စမ်းမနိုင်သေးဘူး။ ပြီးတော့မှ အကောင်းဆုံးကို Share လုပ်ပေးရဦးမယ်။
IT Men's Blog မှာလည်း Label တွေက ပွစိခတ်နေတာကို ရှင်းရဦးမှာ။ ခက်တာက ဘယ်ဟာကို ဘယ်ခေါင်းစဉ်အောက် ထည့်ရမလဲဆိုတာကို စဉ်းစားရတာ အတော်လေး အုန်းစားတယ်။ Categories ခွဲတာ တကယ်တော့ ပညာအရမ်းပါတယ်ဆိုတာ သိသွားတယ်။ ကျောင်းတက်တုန်းက ကျောင်းစာကြည့်တိုက်ကို သူငယ်ချင်းတွေစုပြီး ကိုယ်ထူကိုယ်ထ လုပ်ကြတုန်းက စာအုပ်တွေကို Categories ခွဲရတာကို ပြန်သတိရ မိတယ်။ အဲဒီတုန်းကလည်း အခု Label ခွဲသလို ရွာလည်ခဲ့ကြတာပဲ။
ပြီးတော့ Myanmar3 ကိုစမ်းသုံးကြည့်တာ အတော်လေးကြိုက်သွားလို့ ဒုက္ခ ရောက်နေတယ်။ Blog ရေးတော့ Zawgyi နဲ့ရိုက်၊ စာအုပ်ရေးတော့ Myanmar3 သုံးဆိုတော့ လက်ကွက်တွေ အတော်လေးရောနေတယ်ဗျ။ Myanmar3 ကို ကောင်းကြောင်းညွှန်းလို့ ကျွန်တော့်ကို ဘယ်ဘက်ကလဲ လို့တော့ မထင်ပါနဲ့။ ဘယ်ထဲမှ မပါပါဘူး။ ရိုက်ရတာလွယ်လို့ ကောင်းတယ်ပြောပါတာ။ တခြား 5.1 Unicode တွေက ရိုက်ရတာ အဆင်မပြေ ဘူး။ Ctrl တွေရော Alt တွေရော စာရိုက်ရတာ တရုတ်သိုင်းကျင့်နေရတာ ကျလို့။ ရေးတဲ့သူတွေ Data အများကြီး ရိုက်မကြည့်ဘူးနဲ့တူတယ်။ အင်း ဘယ်ဟာက Standard Input Method ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်။
ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ သုံးအုပ်တွဲကို ebook လုပ်မလို့ ကြံနေတယ်။ သိတဲ့အတိုင်း Share လုပ်ဖို့ပေါ့။ ဒါပေမဲ့ Net ပေါ်မှာ လုပ်ပြီးသားများ ရှိနေမလားမသိဘူး။ သိရင် ပြောကြပါဦး။ တကယ့်ကို Request လုပ်တာပါ။