November 10, 2008

Keylogger

အခုတစ်လော ကျင့်ဝတ်သိက္ခာမရှိတဲ့ Cyber Café တွေက ကွန်ပျူတာတွေမှာ Keylogger program တွေ တင်ထားပြီး user တွေ ကြည့်သမျှ Site တွေရဲ့ Screenshot တွေ၊ Keystrokes တွေကို ခိုးယူမှုတွေ အတော်လေး များပြားလာပါတယ်။ အဲဒါကြောင့် အဲဒီ Keylogger ရန်ကနေ ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကို လက်လှမ်းမီသလောက် စဉ်းစားပြီး တင်လိုက်ပါတယ်။

Keylogger ဆိုတာဘာလဲ
Keylogger ဆိုတာကို ကြားဖူးခဲ့တာ ကြာပါပြီ။ မျိုးစုံး စမ်းကြည့်ဖူးပါတယ်။ Keylogger ဆိုတာ Program တစ်ခုဖြစ်ပြီး နောက်ကွယ်ကနေ ကျွန်တော်တို့ Keyboard ပေါ်မှာ ရိုက်သမျှ စာတွေကို ဖမ်းယူထားပါတယ်။ တစ်ချို့ Keylogger တွေကတော့ တစ်မိနစ်တစ်ကြိမ် စသဖြင့် Monitor မှာ ပေါ်သမျှကို ဖမ်းပြီး ဖိုင်တွေအဖြစ် သိမ်းဆည်းပေးနိုင်ပါတယ်။ Function စုံတဲ့ Keylogger ဆိုရင် ဖမ်းရသမျှကို ဘယ် Email ကို ဘယ်အချိန်မှာ ပို့ပါလို့တောင် ခိုင်းထားလို့ရပါသေးတယ်။

ကွန်ပျူတာဟာ Keylogger ထည့်ထားမှန်း ဘယ်လိုသိနိုင်မလဲ
တော်ရုံတန်ရုံနဲ့တော့ မသိနိုင်ဘူးလို့ ပြောရပါ့မယ်။ အဲဒီ Program တွေဟာ Taskbar မှာလည်းမပေါ်ပါဘူး။ Tray Icon Area မှာလည်း မပေါ်ပါဘူး။ Install လုပ်တဲ့သူကိုယ်တိုင်တောင် ပြန်ဖွင့်ချင်တဲ့အခါ Install လုပ်စဉ်က သတ်မှတ်ခဲ့ရတဲ့ Hot Key နဲ့ ဖွင့်ရပါတယ်။ ဥပမာ- Ctrl+Alt+P စသည်ဖြင့်ပါ။

ဒါပေမဲ့ Keylogger ထည့်ထားတယ်ဆိုရင် စာရိုက်တဲ့အခါ ချက်ချင်းမပေါ်ပဲ လေးနေတာတို့၊ Screen ဟာ တိကျတဲ့ အချိန်အပိုင်းအခြားတစ်ခုစီမှာ ဖျက်ကနဲ လှုပ်သွားတာတို့ ဖြစ်တတ်ပါတယ်။

သေချာတဲ့ နည်းတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ Task Manager ကို ဖွင့်ပြီး ကြည့်တဲ့နည်းပါ။ Task Manager မှာ Processes ဆိုတဲ့ Tab ပါတာ အားလုံးသိမှာပါ။ အဲဒီမှာ ကွန်ပျူတာ လက်ရှိ run နေတဲ့ Processes မှန်သမျှ ပေါ်ပါတယ်။ ဥပမာ- ကျွန်တော်တို့ Firefox ကို ဖွင့်ထားတယ်ဆိုရင် firefox.exe ကို အဲဒီမှာ တွေ့မှာပါ။

Processes Tab မှာက အဲဒီလို Process နာမည်လေးတင် မကပဲ အဲဒီ Process ကို user က run တာလား၊ System က run တာလား၊ CPU သုံးစွဲမှု ဘယ်လောက်ရှိသလဲ၊ Memory သုံးစွဲမှု ဘယ်လောက်ရှိသလဲ အဲဒါတွေကို Column လေးတွေ ခွဲပြီး ပြပေးထားပါတယ်။
ဒါမျိုးပါ

Image Name User Name CPU Mem Usage
Firefox.exe Ko Thurein 01 29072k

အဲဒါကို ကြည့်လိုက်မယ်ဆိုရင် Ko Thurein account ကို သုံးပြီး Firefox ကို ဖွင့်ထားတယ်ဆိုတာ သိနိုင်ပါတယ်။ အဲဒီမှာ System က run နေတဲ့ process ဆိုရင်တော့ ဒါမျိုး ပေါ်ပါလိမ့်မယ်။

Image Name User Name CPU Mem Usage
Winlogon.exe System 00 3207k


Keylogger တော်တော်များများရဲ့ Process တွေဟာ ဒီမှာ လာပေါ်တတ်ပါတယ်။ Username မှာလည်း System နဲ့ မဟုတ်ဘဲ လက်ရှိ ကိုယ်သုံးနေတဲ့ account နာမည်နဲ့ run ပါတယ်။ အဲဒီ Process ကို ပိတ်လိုက်မယ်ဆိုရင် အဲဒီ Keylogger ဟာ အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

အဲဒီတော့ ကိုယ်လက်ရှိသုံးနေတဲ့ Program ရဲ့ Process မဟုတ်ဘူးဆိုရင် အဲဒီ Process ကို ပိတ်ပစ်တာ အကောင်းဆုံးပါပဲ။ အောက်မှာတော့ အသုံးများတဲ့ Program တွေရဲ့ Process နာမည်တွေ ရေးထားပါတယ်။

Mozilla Firefox firefox.exe
Internet Explorer iexplore.exe
Google Chrome chrome.exe
Gtalk googletalk.exe
Internet Download Manager IDMan.exe

ဒါမျိုးလေးတွေ သိထားပြီဆိုရင် Task Manager ကို ဖွင့်ပြီး Process Tab မှာ ကိုယ်သုံးနေတဲ့ Program ရဲ့ Process မဟုတ်တဲ့ဟာတွေ့ရင် ပိတ်ပစ်လိုက်ပါ။ ပိတ်နည်းကတော့ အဲဒီ Process နာမည်ပေါ်မှာ Right Click နှိပ်ပြီး End Process ကို ရွေးလိုက်ပါ။

အကောင်းဆုံးကတော့ အင်တာနက်ဆိုင်က ကွန်ပျူတာမှာ ထိုင်လိုက်တာနဲ့ Task Manager ကို ဖွင့်ပြီး System က run နေတာမဟုတ်တဲ့ Process မှန်သမျှကို ကြိုပိတ်ပစ်တာက ဘေးအကင်းဆုံးပါပဲ။ အဲဒီ Process Tab မှာ System က run တဲ့ Process ရယ်၊ User က run တဲ့ process တွေကို ခွဲမြင်နိုင်ဖို့အတွက် အပေါ်က UserName ဆိုတဲ့ Column Header မှာ တစ်ချက်နှိပ်လိုက်ရင် ခွဲပြီး စီပေးသွားမှာပါ။ အဲဒီမှာ Username မှာ System, Network Service နဲ့ Local Service နဲ့ run တဲ့ Process ကလွဲလို့ ကျန်တဲ့ Process မှန်သမျှ အကုန် ပိတ်ပါ။ တစ်ခုတော့ရှိပါတယ်။ explorer.exe နဲ့ userinit.exe processes တွေကိုတော့ လုံးဝမပိတ်ပါနဲ့။

နောက်ထပ် အိမ်သုံး၊ ရုံးသုံးကွန်ပျူတာ ကိုင်သူများအနေနဲ့ Antivirus Program ရဲ့ Process ကိုလည်း မပိတ်သင့်ပါဘူး။ (မဟုတ်ရင် ကွိသွားမှာပေါ့) Kaspersky သုံးတဲ့သူဆိုရင် avp.exe ဆိုတဲ့ Process ကို မပိတ်ရပါ။

ဒါပေမဲ့ Internet Café တော်တော်များများမှာက User အင်တာနက်သုံးတဲ့အချိန်ကို မှတ်တဲ့ Software တွေ တင်ထားကြပါတယ်။ ဥပမာ- CafeZee, HandyCafe, CafeSuite စသည်ဖြင့်ပေါ့။ အဲဒီ Software တွေမှာလည်း သူတို့ Process တွေ ရှိတာပေါ့။ အဲဒီ Process တွေကို ပိတ်လိုက်မယ်ဆိုရင်တော့ အင်တာနက်သုံးတဲ့အချိန်ကို အဲဒီ Software က မမှတ်နိုင်တော့ပါဘူး။ (ထိုနည်းကို မေးမြန်းခြင်း သည်းခံပါ) ဒါကြောင့် သူတို့ကလည်း ကာကွယ်တဲ့အနေနဲ့ အဲဒီ Software တွေကို တင်လိုက်ပြီဆိုရင် Task Manager ကို ဖွင့်မရအောင် လုပ်ပစ်တတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးကို ကြုံရပြီဆိုရင်တော့ တခြား Software တွေကို သုံးပြီး Process တွေ သိအောင် လုပ်ရပါတော့မယ်။ Taskkill တို့ ProcessExplorer တို့ကတော့ တော်တော် ကောင်းပါတယ်။ အဲဒီ Program တစ်ခုခုကို MemoryStick ထဲမှာ ထည့်ထားတာတို့၊ ဒါမှမဟုတ် Online Drive တစ်ခုခုမှာ ထည့်တာပြီး Task Manager ပိတ်ထားတဲ့ စက်မှာထိုင်ရပြီဆိုရင် ကောက်ဖွင့်ပြီး ဘာ Process တွေ run နေလဲဆိုတာ ကြည့်ရမှာပါ။ လုံးဝ သတိပြုရမှာက အင်တာနက်ကို လုံးဝ မသုံးသေးခင် ကြည့်ပါ၊ မသင်္ကာတာ တွေ့ရင် ပိတ်ပစ်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

(မှတ်ချက်- Username မှာ System အနေနဲ့ run နိုင်တဲ့ Keylogger ကို မတွေ့ဖူးသေးပါဘူး။ တကယ်လို့များ စာဖတ်သူထဲက တွေ့ဖူးထားတဲ့သူများရှိရင် အများအတွက် Comment ပေးခဲ့ပါဦး)

November 6, 2008

အင်တာနက်သုံးစွဲသူများအတွက် သတိပေးချက် ၈ ချက်

img371/9249/warningnk4.jpg

အင်တာနက်သုံးစွဲသူများအတွက် သတိပေးချက် ၈ ချက်

How To Kill Chrome

Connection မကောင်းတာနဲ့ Mail ကနေပဲ တင်လိုက်ပါတယ်။ Mail ကနေ တင်ရတာဆိုတော့ Label တော့ တပ်မရတော့ဘူး။ တင်ချင်တာတွေ အများကြီးထဲက လောလောဆယ် hot အဖြစ်ဆုံးဖြစ်တဲ့ Chrome ဗိုင်းရပ်စ်ကို သတ်နည်းလေး တင်လိုက်ပါတယ်။ ကျွန်တော်ရေးထားတာတော့ မဟုတ်ပါဘူး။ ကိုပြည့်စုံ ရေးထားတာပါ။ Gtalk မှာ စာတွေ အလိုလို လိုက်ရိုက်ထည့်တယ်ဆိုပဲ။ ကျွန်တော်တော့ မကြုံဖူးဘူး။ သတိပေးချင်တာကတော့ဗျာ Gtalk မှာ Chatting လုပ်နေရင်း ပေါ်လာတဲ့ Link မှန်သမျှကို မနှိပ်တာ အကောင်းဆုံးပဲ။

Download How To Kill Chrome

November 1, 2008

Myanmar Computer Ebooks (3)

Telnet Command ကိုသုံးပြီး Network ချိတ်နည်းလေးပါ။
Download Terminal Networking Ebook
pw: itmen.myanmarbloggers.org

Desktop PC တစ်လုံး ၀ယ်ယူနည်းလမ်းညွှန်ပါ။ (ပြည့်စုံမှုတော့မရှိသေးပါ)
Download Desktop PC Buying Guide Ebook
pw:itmen.myanmarbloggers.org

တယ်လီဖုန်းလိုင်းကို သုံးပြီး ကွန်ပျူတာနှစ်လုံး Network ချိတ်နည်း စာအုပ်ပါ။
Download P2P Networking Ebook
pw: itmen.myanmarbloggers.org

October 30, 2008

Last Account Activity At Gmail

Gmail မှာ Last Account Activity ဆိုတဲ့ Feature တစ်ခု ပါလာပါပြီ။ Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ပါ။



ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်ဖော်ပြထားပေးပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း ပြောင်းပစ်လိုက်တော့ပေါ့။

ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့် Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့ Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

ကဲဗျာ အခုပဲ စာဖတ်သူရဲ့ Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့ Last Account Activity ကို ကြည့်လိုက်ပါဦး။

October 29, 2008

Silent Installer

Silent Installer ဆိုတာက ခါတိုင်း Installer (Setup File) တွေလို Install လုပ်တဲ့အချိန်မှာ ဟိုမေးဒီမေး လုပ်မနေပဲ တခါတည်း Install လုပ်ပေးတဲ့ Installer တွေကို ပြောတာပါ။ Install လုပ်ဖို့အတွက် အချိန်ပေးနေစရာ မလိုတော့ပါဘူး။ Installer ကို Double Click နှိပ်လိုက်၊ ခဏလေးစောင့်လိုက်၊ ဟော Start Menu မှာ ပေါ်လာပြီ။ ကောက်ဖွင့်ပြီး သုံးလိုက်ရုံပဲ။ အဲဒါ Silent ပါ။


Installer တော်တော်များများကို Silent ဖြစ်အောင် လုပ်လို့ရပါတယ်။ SetupS Builder ဆိုတဲ့ Program နဲ့ပေါ့။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။ ကဲပါဗျာ Download လုပ်ပြီးတော့သာ စမ်းကြည့်ပါ။ အကြိုက်တွေ့ သွားစေရမယ်။

Download SetupS Builder

သူ့ installer ကိုက Silent ပါ။ Double Click နှိပ်ပြီးရင် Start Menu> All Programs အောက်မှာ ချက်ချင်းရောက်သွားမှာပါ။ တော်ကြာနေ နှိပ်ရဲ့သားနဲ့ ဘာမှ ပေါ်မလာဘူး ဖြစ်နေမှာမို့။
ကျွန်တော်ကတော့ ခံလိုက်ရပြီးပြီ။ Silent Installer တွေကို အတွဲလိုက် ထုတ်စမ်းတာ။ Installer ကို ဖွင့်တယ်။ ဘာမှ ပေါ်မလာ။ နောက်တစ်ခု ထပ်ဖွင့်။ ဘာမှ ပေါ်မလာ။ ဆယ်ခုလောက်ထိ
လိုက်ဖွင့်ကြည့်။ ဘာမှ မထူး။ ကဲပါ။ သီချင်းပဲ နားထောင်တော့မယ်ဆိုပြီး WMP ဖွင့်ဖို့ Start>All Programs ကို ဖွင့်လိုက်တော့မှ အမလေး...Program တွေ တထွေးကြီး ရောက်ချနေတာဗျာ။
Uninstall ကို အတော်လုပ်ယူလိုက်ရတယ်။

Java IDE

စကားကြို ခံထားပါရစေ။ ကျွန်တော် Programmer မဟုတ်ပါ။ ဒါပေသိ ကွန်ပျူတာတက္ကသိုလ်မှာ လေးနှစ်ကြာ ပျင်းရိစွာနေခဲ့ရသော ကျေးဇူးတွေကြောင့် အနည်းငယ် တီးမိခေါက်မိပါတယ်။ ကျောင်းက Language ကိုလည်း မျိုးစုံသင်သောကြောင့် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အကုန်လုံးကို အနည်းငယ်စီသိပါတယ်။

ကျောင်းက အဲဒီလိုပါ။ C++, VB, Java စတာတွေကို တစ်နှစ်ချင်းစီ သင်ပါတယ်။ ဒါပေမဲ့ ကျောင်းသာ ပြီးသွားရော၊ ဘယ်ကျောင်းသားမှ ဖြစ်ဖြစ်မြောက်မြောက် မတတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဟိုဟာလည်း အင်ထရို၊ ဒီဟာလည်း အင်ထရိုနဲ့ ကျွန်တော်တို့လည်း အင်ထရိုကနေ မတတ်တော့တာပါ။အခုလည်း ကြည့်ပါဦး။ Third Year မှာ Java သင်တယ်။ Hons မှာ မသင်တော့ဘူး။ Master မှာလည်း မသင်ဘူး။ အဲ အခု Master ဖြေပြီးတော့ Thesis လုပ်ရမယ်တဲ့။ Theory တစ်ခုခုကို အခြေခံပြီးSoftware တစ်ခု ရေးရမယ်တဲ့။ Java နဲ့ဆို ပိုကောင်းတယ်တဲ့။ သူတို့ ပြောသွားတာ တစ်ခွန်းရယ်။ ကျောင်းသားတွေမှာတော့ ဖုန်တက်နေတဲ့ Java စာအုပ်တွေကို ပြန်ရှာ၊ ပြန်ကျင့်။

အဲ. အဲဒီမှာ ကျောင်းသားတွေ ဒုက္ခစတွေ့တော့ပါပဲ။ သိတဲ့အတိုင်း Software တစ်ခုရေးပေးရမှာဆိုတော့ GUI လိုလာပြီလေ။ Form တွေရေးရမည်။ Button တွေထည့်ရမယ်။ ဘယ် Button ကို နှိပ်ရင် ဘာဖြစ်စေ၊ ညာဖြစ်စေပေါ့။ မန်းပေးရမှာ။ ပြီးတော့Menu Bar တွေ ဖောက်ရမယ်။ File ကနေ Exit ကို နှိပ်ရင် Program ကြီးပိတ်။ အဲဒီလိုလေ။ခက်တာက ကွန်ပျူတာတက္ကသိုလ်က သင်ပေးတဲ့ Java ဆိုတာက အဲဒီအဆင့်ထိ သင်မပေးပါဘူး။ ပြောမယ်ဆို CUI (Command-line User Interface) ပဲ သင်တယ်။ GUI (Graphical User Interface) မသင်ဘူး။ လုံးဝ မသင်ဘူး။ အဲ အခု Thesis ကျတော့ GUI နဲ့ လုပ်ရမှာ။ ဘယ်လိုကြီးမှန်းကို မသိပါဘူးဗျာ။ ဒါပေမဲ့ ကွန်ပျူတာကျောင်းသားတွေလေ။ Master ထိ တက်ပြီးပြီ။ Thesis လုပ်မှ ဘွဲ့ရမှာ။ ဘာရမလဲ။ လုပ်ကြမယ်ပေါ့။ ကဲ. လာ Java နဲ့ GUI Program ရေးကြမယ်ပေါ့။ကျောင်းမှာ သင်သလောက်က SDK လေးနဲ့တင် Run တဲ့အထိပဲလေ။ Notepad လေးဖွင့်၊ Java Code တွေရိုက်၊ သိမ်း၊ ပြီးရင် cmd ကနေ သွား Run။ ဒီထိပဲ။အခု GUI ကျတော့ Notepad မှာ ထိုင်ပြီး Code နေလို့ မရတော့ဘူးလေ။ ရအောင်လုပ်လည်း လချီကြာမှာပဲ။

ကဲ အဲဒီတော့ Java ကို GUI ရေးလို့ရတဲ့ Program တွေ ရှာရတော့တာပေါ့။ တွေ့တယ်။ NetBeans တဲ့။ JBuilder တဲ့။ နောက်လည်း ကျန်သေးတယ်။ ဒါပေမဲ့ ဒီနှစ်မျိုးက လူသုံးများတယ်တဲ့။အဲ နှစ်ခုကြီးများတောင်။ ဘယ်ဟာက ပိုကောင်းသလဲပေါ့။ Master တန်းက သူငယ်ချင်းတွေက Master မပါတဲ့ အနော့်ဆီ အပူလာကပ်ပြီး မေးပါတယ်။ အဟမ်း.. အနော်လည်း နည်းနည်းပါးပါးစမ်းပြီး NetBeans ကိုသာ သုံးလို့ ပြောလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NetBeans က Free ရတာပါ။ JBuilder က ၀ယ်သုံးရတာပါ။

JBuilder ဟာ NetBeans ထက် အများကြီး သာပေမယ့် ၀ယ်သုံးရတာဆိုတော့ အဆင်မပြေတော့ပါဘူး။ဒီနိုင်ငံမှာပဲနေမယ်။ ဒီမှာပဲ ရေးစားမယ်ဆိုရင်တော့ JBuilder ပဲကိုင်ပေါ့။ အဲ အပြင်ထွက်မယ်ဆိုရင်တော့ ဟိုမှာတွေက Copyright ရှိတယ်လေ။ ကိုယ် အလုပ်လုပ်မယ့် ကုမ္ပဏီက JBuilder ကို ၀ယ်သုံးသလား၊ မသုံးလားဆိုတာ ကိုယ်သိနိုင်တဲ့ ကိစ္စမှမဟုတ်ပဲ။ ဒါပေမဲ့ သူတို့လည်း Free ရတဲ့ NetBeans ကိုပဲ သုံးဖို့များပါတယ်လို့ ထင်ထားတာ။ ဟိုတစ်နေ့က စလုံးက သူငယ်ချင်းနှစ်ယောက်ကိုမေးကြည့်တော့ ဟုတ်တယ် NetBeans ပဲ သုံးကြတာတဲ့။ တစ်ယောက်ကတော့ ပြောပါတယ်။ မင်းဘာသာမင်း ဘယ် IDE ပဲ သုံးသုံး ကိစ္စမရှိဘူးတဲ့။ အဓိကက ပေးတဲ့အလုပ် ပြီးဖို့ပဲတဲ့။ ကျွန်တော်ဆိုရင်တော့ ရတဲ့လခလေးနဲ့ JBuider ကြီး ၀ယ်ပြီး လာအပ်တဲ့အလုပ်ကိုတော့ ရေးမပေးနိုင်ပေါင်။ Free ရတဲ့ဟာနဲ့ပဲ ရေးမှာပေါ့။

October 28, 2008

Free BitDefender Internet security 2009 License key

ဖရီးကစ်တွေ ထပ်ကုန်ပြီ။ BitDefender Internet security 2009 ကို ရက်ပေါင်း 120 သက်တမ်းရှိ လိုင်စင်ကီး ပေးနေတာ တွေ့လို့ပါ။ သူကတော့ ဗီယက်နမ် မှာပါ။

သူ့ရဲ့ ရယူပုံကလည်း လွယ်ပါတယ်။ ဒီလင့်လေးမှာ E-mail သာမှန်အောင်ဖြည့် ကျန်တာကတော့ fake fake ပေါ့။ ဗီယက်နမ်စာ က ဘာလည်း ကျွန်တော်လည်း မသိဘူး။ Send နှိပ်လိုက်ရင် ကီးရပြီ :)

လိုင်စင် သက်တမ်းက 120 ဆိုပေမယ့် trail version သုံးရင် ရက် 30 ဆိုတော့ ရက် 150 ဖြစ်သွားမလားဘဲ။ Translate လုပ်ကြည့်တော့ ဘယ်နှစ်ရက်အတွင်း activate လုပ်ပါတော့ မဆိုထားပါဘူး။

ဆော့ဖ်ဝဲလ် ဒေါင်းလုဒ် လိုရင်တော့

BitDefender Internet Security 2009 32bit


BitDefender Internet Security 2009 64bit

BitDefender က ပရိတ်သတ် နည်းတော့ နည်းတယ်။ အသုံးတဲ့သူ တွေ့သွားရင်တော့ ရှယ်ရကျိုး နပ်တာပေါ့လေ။ တစ်ခါတစ်ရံ ဘယ်ဗိုင်းရပ်စ်က ဘယ်ဆော့ဖ်ဝဲလ်ဘဲနိုင်တယ် ဆိုတဲ့ အရေးပေါ် အခြေအနေ မျိုးလည်း ကြုံတတ်ပါတယ်။ ဒါဆို ကိုယ့် အီးမေးလ်ထဲက ကီးတစ်ခုဟာ အတော်လေး အကျိုးသက်ရောက် လာမယ် မျှော်လင့်မိပါတယ်။

October 27, 2008

Free KAV 2009 Genuine key for 6 months

Kaspersky 2009 ရက် ၁၀၀ မကုန်ခင် ခြောက်လ လိုင်စင်ကီး ရမယ့် နည်းလေးထပ်တွေ့ပါတယ်။ အိန္ဒိယကက်စပါဆိုဒ် မှာ ဖရီး ပေးတာပါ။ ဒေပါဝလီ ပွဲတော် အထိမ်းအမှတ် ပရိုမိုးရှင်း ထင်ပါရဲ့။

ရယူပုံက ရိုးရှင်းပါတယ်။ ဒီဆိုဒ်မှာ register လုပ်လိုက်ရင် ရပါပြီ။ မိမိ အီးမေးလ် မှန်ဖို့ဘဲလိုပါတယ်။ ကျန်တာကတော့ အဆင်ပြေသလို ဖြည့်နိုင်ပါတယ်။

အကယ်ရ်ျများ အီးမေးလ် နှစ်ခုလောက် ရှိရင် ကီးနှစ်ခုလောက် ရယူထားသင့်တယ်။ Offline key file တစ်ခုလုပ်ပြီး online & offline register လုပ်ရင် သုံးလထပ်တိုးပြီး ကိုးလသက်တမ်း သုံးနိုင်သွားမှာပါ။

ချက်ချင်းတော့ မပို့ပေးဘူးနော် တစ်ရက်ကျော် အနည်းဆုံးစောင့်ရတယ်။

ကီးတွေကြောင်လို့ ကြိုးညှိရင်း မိုးမလင်းရအောင် ကက်စပါ ပရိသတ်ကို ဝေငှလိုက်ပါတယ်။ ဒါမျိုးက ရက်အကန့်အသတ် အတွင်း ပေးတာဆိုတော့ မြန်မြန်သာ တိုးထားလိုက်တယ် ;)

October 25, 2008

Myanmar Computer Ebooks (2)

Network ချိတ်ထားတဲ့ ကွန်ပျူတာတွေမှာ Internet ကို ရှယ်ယာလုပ်သုံးနည်းစာအုပ်ရယ်၊ Networking အကြောင်း Intro ရေးထားတဲ့ စာအုပ်ရယ် ထပ်တင်ပေးလိုက်ပါတယ်။
pw: itmen.myanmarbloggers.org
pw: itmen.myanmarbloggers.org

October 24, 2008

ReadyBoost

Windows Vista မှာ Ready Boost ဆိုတဲ့ Feature တစ်ခု ပါလာပါတယ်။ သူက USB Flash Device ကို သုံးပြီး ကွန်ပျူတာသုံးရတာ မြန်အောင် လုပ်ပေးပါတယ်။

Vista တင်ထားတဲ့ ကွန်ပျူတာမှာ Memory Stick တပ်လိုက်တာနဲ့ AutoPlay Dialog Box တက်လာပြီး Ready Boost ကိုသုံးမှာလားဆိုတဲ့ Option ပေါ်လာပါတယ်။ အဲဒါကို ရွေးလိုက်မယ်ဆိုရင် ကိုယ့် Memory Stick ရဲ့ Space ဘယ်လောက်ကို System အတွက် သုံးမယ်ဆိုတာကို သတ်မှတ်ပေးရပါတယ်။ ပြီးရင် OK နှိပ်လိုက်တာနဲ့ ကွန်ပျူတာသုံးရတာ သိသိသာသာမြန်လာတာကို သတိထားမိမှာပါ။


ဒါပေမဲ့ တခါတရံမှာ Memory Stick တပ်ပေမယ့်လည်း ReadyBoost မရတာမျိုးလည်း ရှိတတ်ပါတယ်။ တကယ်တော့ Memory Stick တွေထဲမှာပါတဲ့ Flash Memory တွေမှာ မြန်တဲ့ဟာရှိသလို နှေးတဲ့ဟာလည်း ရှိပါတယ်။ Vista က မြန်တဲ့ Flash Memory ပါတဲ့ Memory Stick တွေကိုပဲ ReadyBoost လုပ်ပေးနိုင်တာပါ။ ပြီးတော့ Memory Stick ရဲ့ Capacity ကလည်း စကားပြောပါတယ်။ ကိုယ့်ကွန်ပျူတာမှာ တပ်ထားတဲ့ RAM ရဲ့ သုံးဆ လိုအပ်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာ 512 MB ရှိတဲ့ RAM တပ်ထားမယ်ဆိုရင် 1.5GB အနည်းဆုံးလွတ်နေတဲ့ Memory Stick တပ်မှ Ready Boost ရပါလိမ့်မယ်။

October 23, 2008

How to Scan and Repair DLL Files Missing & Error

ကွန်ပျုတာကို စဖွင့်တဲ့အချိန်မှာ Shell32.dll,System32.dll missing ဖြစ်နေတယ် ဆိုတဲ့ error ကို တွေ့ဘူးမှာပေါ့။ တနေ့က wmp.dll Error ဖြစ်နေပါတယ်ပေါ့။WMPဆိုတော့ windows media player ကိုများပြောတာလားပေါ့ ထင်တာ အဲဒါနဲ့ windows media player ကိုဖွင့်ကြည့်တော့ ခုနက wmp.dll Error ပဲ ပြနေတယ်။ကျန်တဲ့ system အပိုင်းက အိုကေပဲ။ ဒါနဲ့ ဒီလိုလေးဖြေရှင်းကြည့်လိုက်တယ်။

1. Windows XP SP1 or SP2 CD ခွေကိုဦးစွာထည့်ထားပါ။ ဗားရှင်းတူလေးပေါ့
2. Start --- > ClK Run
3. sfc /scannow (sfc ကိုရှေ့တွင်ပုံသေရိုက်ထည့်ပါ။ )
4. Press Enter Key.
အချိန်အနည်းငယ်စောင့်ဆိုင်းပြီးတော့ Windows Media Player ကိုပြန်ဖွင့်ကြည့်တာ အိုကေ သွားပါတယ်။ DLL Missing, DLL Error ဆိုရင်တော့ sfc /scannow ကိုစမ်းသုံးကြည့်ပါ။ တိုက်ဆိုင်မှုမရှိလို့ အဆင်မပြေရင် ပြန်ပြောပါ ၀ိုင်းပြီးဖြေရှင်းကြတာပေါ့။
Syntax
sfc [/scannow] [/scanonce] [/scanboot] [/revert] [/purgecache] [/cachesize=x]
Parameters/scannow
Scans all protected system files immediately.
/scanonce
Scans all protected system files once.
/scanboot
Scans all protected system files every time the computer is restarted.
/revert
Returns the scan to its default operation.
/purgecache
Purges the Windows File Protection file cache and scans all protected system files immediately.
/cachesize=x
Sets the size, in MB, of the Windows File Protection file cache.
/?
Displays help at the command prompt.

ရှင်းလင်းချက်
သင့်အနေနှင့် SFC ကိုသုံးရန် Administrators Group တွင် Member အဖြစ်ပါဝင်ကြောင်း သေချာပါစေ။
SFC သည် %systemroot%\system32\dllcache folder အတွင်းရှိ ပျက်စီး ချို့ ယွင်း နေသော ( dll = dynamic link library ) files များကို Windows CD ထဲမှတစ်ဆင့် ပြန်လည် ရှာဖွေအစားထိုးပေးနိုင်ရန် လုပ်ဆောင်ပေးပါသည်။

တကယ်လို့များ %systemroot%\system32\dllcache folder အတွင်းရှိ files များ အမှားအယွင်းရှိနေပြီဆိုပါက sfc /scannow, sfc /scanonce, or sfc /scanboot command များကို အသုံးပြုပြီး ဖြေရှင်းပေးနိုင်ပါသည်။

SFC = System File Checker ဟုခေါ်သည်။

အောင်မြင်ပါစေ။

Start Menu Features ကိုပြင်ရအောင်။

Start Menu မှာရှိတဲ့ Features တွေကိုပြင်ကြည့်ရအောင်။ စိတ်ချရအောင် Registry တွေကို backup လုပ်ထားဖို့လိုတယ်နော်။ နောက်မှ ကိုကျော်စိုးကြိုမပြောလို့ဖြစ်နေမယ်နော်။

1. Start --- Run မှာ regedit ရိုက် Enter ခေါက်ပါ။
2. HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer သွားပါ။
3. ညာဘက်မှာ အဖြူရောင် blank မှာ right click --- New --- CLK DWORD VALUE ကိုရွေးပါ။
4. NoClose ရိုက် တန်ဖိုးကို Zero ပေး ပြီးရင် စက်ကို Restart လုပ်ပေးပါ။ [ ဒီ Entries ကတော့ Start Menu က Turn Off Computer ကိုပိတ်တာပါ။

မှတ်ချက် ။ ။ registry entries မှာ DWORD Values မှာ တန်ဖိုးကို 1 ဆိုရင် Enabled, 0 ဆိုရင် Disabled ဆိုတာပါပဲ။

Start Menu ရှိ Help ကိုပိတ်ခြင်း
Registry Value : NoSMHelp

Start Menu ရှိ Search ကိုပိတ်ခြင်း။ (Disable)
Registry Value : NoFind

Start Menu ရှိ Logoff ကိုပိတ်ခြင်း။ (Disable)
Registry Value : StartMenuLogoff

Start Menu ထိပ်ရှိ user name ကိုဖျောက်ခြင်း။ (Disable)
Registry Value : NoUserNameInStartMenu

Start Menu ၏ properties နှင့် Task bar ၏ Settings များကို ဖျောက်ထားခြင်း/ ပိတ်ခြင်း (Disable)
Registry Value : NoSetTaskbar

Start Menu ရှိ Network Connectionsကို ဖယ်ရှားခြင်း (Disable)
Registry Value : NoNetworkConnections

Start Menu ရှိ Run ကို ဖယ်ရှားခြင်း (Disable)
Registry Value : NoRun
မှတ်ချက် - Start menu ရှိ run ပျောက်နေပါက command prompt (CMD) ဖြင့် regedit ရိုက်ပြီး registry ကိုပြန်ဝင် နိုင်သည်။

Start Menu ကို drag & drop နည်းလမ်းဖြင့်ရွှေ့ပြောင်းခြင်း ၊ resize (ကျဉ်း၊ကျယ်လုပ်ခြင်း)များကိုပိတ်သည်။
Registry Value : NoChangeStartMenu

သွားလိုရာသို့မြန်မြန်ဆန်ဆန်။

Start --- Run box တွင်ရိုက်ပြီး စမ်းကြည့်ပါ။ ( Windows Key + R key ကိုတွဲနှိပ်ဖွင့်နိုင်ပါသည်။)

Accessibility Controls——- access.cpl
Add Hardware Wizard——- hdwwiz.cpl
Add/Remove Programs——- appwiz.cpl
Administrative Tools——- control admintools

Automatic Updates——- wuaucpl.cpl
Bluetooth Transfer Wizard——- fsquirt
Calculator——- calc
Certificate Manager certmgr.msc
Character Map charmap
Check Disk Utility——- chkdsk
Clipboard Viewer——- clipbrd
Command Prompt——- cmd
Component Services——- dcomcnfg
Computer Management——- compmgmt.msc
timedate.cpl——- ddeshare
Device Manager——- devmgmt.msc
Direct X Control Panel (If Installed)*——- directx.cpl
Direct X Troubleshooter——- dxdiag
Disk Cleanup Utility——- cleanmgr
Disk Defragment——- dfrg.msc
Disk Management——- diskmgmt.msc
Disk Partition Manager——- diskpart
Display Properties——- control desktop
Display Properties——- desk.cpl
Display Properties (w/Appearance Tab Preselected)——- control color
Dr. Watson System Troubleshooting Utility——- drwtsn32
Driver Verifier Utility——- verifier
Event Viewer——- eventvwr.msc
File Signature Verification Tool——- sigverif
Findfast——- findfast.cpl
Folders Properties——- control folders
Fonts——- control fonts
Fonts Folder——- fonts
Game Controllers——- joy.cpl
Group Policy Editor (XP Prof)——- gpedit.msc

Hearts Card Game——- mshearts
Iexpress Wizard——- iexpress
Indexing Service——- ciadv.msc
Internet Properties——- inetcpl.cpl
IP Configuration (Display Connection Configuration)——- ipconfig /all
IP Configuration (Display DNS Cache Contents)——- ipconfig /displaydns
IP Configuration (Delete DNS Cache Contents)——- ipconfig /flushdns
IP Configuration (Release All Connections)——- ipconfig /release
IP Configuration (Renew All Connections)——- ipconfig /renew
IP Configuration (Refreshes DHCP & Re-Registers DNS)——- ipconfig /registerdns
IP Configuration (Display DHCP Class ID)——- ipconfig /showclassid
IP Configuration (Modifies DHCP Class ID)——- ipconfig /setclassid
Java Control Panel (If Installed) jpicpl32.cpl
Java Control Panel (If Installed)——- javaws
Keyboard Properties——- control keyboard
Local Security Settings——- secpol.msc
Local Users and Groups——- lusrmgr.msc
Logs You Out Of Windows——- logoff
Microsoft Chat——- winchat
Minesweeper Game——- winmine
Mouse Properties——- control mouse
Mouse Properties——- main.cpl
Network Connections——- control netconnections
Network Connections——- ncpa.cpl
Network Setup Wizard——- netsetup.cpl
Nview Desktop Manager (If Installed)——- nvtuicpl.cpl
Object Packager——- packager
ODBC Data Source Administrator——- odbccp32.cpl
On Screen Keyboard——- osk
Opens AC3 Filter (If Installed)——- ac3filter.cpl
Password Properties——- password.cpl
Performance Monitor—— perfmon.msc
Performance Monitor——- perfmon
Phone and Modem Options——- telephon.cpl

Power Configuration——- powercfg.cpl
Printers and Faxes——- control printers
Printers Folder——- printers
Private Character Editor——- eudcedit
Quicktime (If Installed)——- QuickTime.cpl
Regional Settings——- intl.cpl
Registry Editor——- regedit
Registry Editor——- regedit32
Remote Desktop——- mstsc
Removable Storage——- ntmsmgr.msc
Removable Storage Operator Requests——- ntmsoprq.msc
Resultant Set of Policy (XP Prof)——- rsop.msc
Scanners and Cameras——- sticpl.cpl
Scheduled Tasks——- control schedtasks
Security Center——- wscui.cpl
Services——- services.msc
Shared Folders——- fsmgmt.msc
Shuts Down Windows——- shutdown
Sounds and Audio——- mmsys.cpl
Spider Solitare Card Game——- spider
SQL Client Configuration——- cliconfg
System Configuration Editor——- sysedit
System Configuration Utility——- msconfig
System File Checker Utility (Scan Immediately)——- sfc /scannow
System File Checker Utility (Scan Once At Next Boot)——- sfc /scanonce
System File Checker Utility (Scan On Every Boot)——- sfc /scanboot
System File Checker Utility (Return to Default Setting)——- sfc /revert
System File Checker \\\Utility (Purge File Cache)——- sfc /purgecache
System File Checker Utility (Set Cache Size to size x)——- sfc /cachesize=x
System Properties——- sysdm.cpl
Task Manager——- taskmgr
Telnet Client——- telnet
User Account Management——- nusrmgr.cpl
Utility Manager——- utilman
Windows Firewall——- firewall.cpl
Windows Magnifier——- magnify
Windows Management Infrastructure——- wmimgmt.msc

Accessibility Controls ——— access.cpl
Accessibility Wizard ——— accwiz
Add Hardware Wizard ——— hdwwiz.cpl
Add/Remove Programs ——— appwiz.cpl
Administrative Tools ——— control admintools
Adobe Acrobat (if installed) ——— acrobat
Adobe Designer (if installed) ——— acrodist
Adobe Distiller (if installed) ——— acrodist
Adobe ImageReady (if installed) ——— imageready
Adobe Photoshop (if installed) ——— photoshop
Automatic Updates ——— wuaucpl.cpl
Bluetooth Transfer Wizard ——— fsquirt

အောက်ပါ Command တွေကတော့ ကျွန်တော် ဘလော့တစ်ခုကိုဝင်ဖတ်ရင်းကောပီလုပ်ထားတာကို ပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။ ကျွန်တော်ရေးသားထားခြင်းမဟုတ်ပါ။မှုရင်း ရေးသားသူအား ဒီထက်မက ပညာရည် ပိုမို တိုးတက်ပါစေကြောင်း စာဖတ်သူအားလုံးမှ ဆန္ဒပြုပေးကြပါ။

ဖော့ပြားကယ်လို့။

လွန်ခဲ့တဲ့၅နှစ်လောက်က သူငယ်ချင်းတစ်ယောက်ကိုလိုက်ဝယ်ပေးတာ။ အဲဒီအချိန်က star တော့မဟုတ်ဘူး super ပဲ Pentium III Cel 700MHz, 128MB, HD 40GB, Soud Card Seperate, VGA Build in နဲ့ မှတ်မှတ် ရရ ငါးသိန်းလောက်ပေးရတယ်။ တနေ့က ဆိုင်ကိုလာပို့တယ် Memory ထပ်တိုးမယ်။ဝင်းဒိုးပြန်တင်မယ်။ sound က အသံမထွက်ဘူးကြည့်ပေးပါလို့ပြောတယ်။အိုကေ သူ့ 128MB pc100 နဲ့ ၀င်းဒိုးတင်တယ် sound ကတော့ physical ကြောင်နေတာနဲ့ sound card အသစ်စိုက်လိုက်တယ်။ဒီအထိအားလုံးအိုကေ နောက်ဆုံးအဆင့် Memory 256MB PC133MHz ကိုလက်စသိမ်းစိုက်လိုက်တယ်။အဆင်ပြေတယ် အဲအဲ နာရီဝက်လောက်ကြာ တော့ BSOD (Blue Screen Of Death) ပြပြီးတော့ရပ်သွားတယ်။ဒါနဲ့ Speed မတူလို့လား ၊ Pair မဖြစ်လို့လား အသစ်ထည့်လိုက်တဲ့ 256MB ကကြောင်နေလို့လား ... လားပေါင်းများစွာနဲ့ 256 MB ကိုပြန်ဖြုတ်ပြီး သူ့ Mem နဲ့ အချိန်အတော်ကြာပြန်စမ်းတော့အိုကေနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Memory Quality ကိုလည်းယုံကြည် နေတော့ လွယ်လွယ်နဲ့တော့ စိတ်မလျှော့ဘူး။ ဟိုလိုစမ်းဒီလိုစမ်းရင်းနဲ့ သူ့ Mem ထည့်ထည့် ကျွန်တော့်တို့ Mem ထည့်ထည့် Board လုံးဝမတက်တော့ဘူး။ ကဲ ဇောချွေးပြန်သွားပြီ ထိုင်နေရင်အကောင်းထမှ ကျိုးဆိုသလို ဖြစ်နေပြီ။ ကဲ မထူးဘူး Board ကိုဖြုတ်ပြီးတော့ အပြင်မှာစမ်းတော့ Board တက်လာတယ် Hard disk နဲ့လည်း ၀င်းဒိုးကတက်တယ် တော်သေးတာပေါ့။ ထပ်စမ်းကြည့်မယ် သူ့Mem ကော ဆိုင်က 256 MB အသစ်ပါ တွဲစမ်း တာ ပျမ်းမျှ ငါးနာရီဝန်းကျင်လောက်တောက်လျှောက် စမ်းကြည့် ဂိမ်းဆော့ကြည့် တစ်ချက်ကလေးမှ မထောက် ချောချောရှုရှုပဲ။ စိတ်ချရပြီဆိုတော့ ပုံးထဲ ပြန်ဆင်ပြီးတော့ ဖွင့်ကြည့်တော့ Board မတက်တော့ပြန်ဘူး။ ရှုးသွပ် သွားပြီ။ စိတ်တော့မလျှော့ပါဘူး အပ်ကျနေတာလို့ အတွေ့အကြုံအရထင်မိတယ်။Board ကိုပြန်ဖြုတ် Casing ပုံး အောက်ခြေကို Motherboard ၀ယ်တဲ့အခါမှာ Board ကိုထိခိုက်မှုမရှိအောင်ခံထားတဲ့ ရေမြှပ်ဖော့ပြားကိုခံ လိုက်တယ်။ပြီးမှာ Board ကိုအပေါ်ကထပ်ပြီး ၀က်အူစုပ်လိုက်တယ် တွဲဖက်အစိတ်အပိုင်းကို စနစ်တကျ ပြန်တပ် လိုက်ပြီးတော့ စက်ကိုပြန်နှိုးကြည့်လိုက်တယ်။အိုကေသွားပါပြီ ဒီနေ့ပဲ စက်ပိုင်ရှင်သူငယ်ချင်းကိုပြန်တွေ့တော့ စက်ကတော်တော်လေးမြန်သွားတယ် sound အသံကလည်း good တယ်။ ၀င်းဒိုးကလည်း အရင် 98 ထက်အ များကြီးအသုံးပြုရတာပိုကောင်းတယ် မင်းတော်တယ် ချီးကျုးသွားတယ်။ အင်း ကိုယ့်မှာတော့ သက်ပြင်းပဲ ချလိုက်ရပါတော့တယ်။

မှတ်ချက်။ ။ ကျွန်တော်၏ အတွေ့အကြုံကို ရှဲခြင်းဖြစ်ပါသည်။ ဖြစ်နိုင်သည် ဖြစ်တတ်သည်ကို စာရေးသူကဆို လိုခြင်းဖြစ်ပါသည်။ အထက်ပါနည်းလမ်းအတိုင်းလိုက်လံလုပ်ဆောင်ခြင်းကြောင့် အဆင်ပြေသည် အဆင်မပြေ သည်ကို စာရေးသူမှ အာမ မခံပါ။ စာဖတ်သူ၏တာဝန်သာဖြစ်ပါသည်။

ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။

Set Priority for individual programs

တစ်ချိန်တည်းမှာ Programs နှစ်ခု သုံးခု ဖွင့်ပြီး အသုံးချခြင်းကို multitask ဟုသိနိုင်သည်။ အချို့အသုံးပြု နေကျ program များသည် horse power ကိုပိုမိုလိုအပ်နေနိုင်ပါသည်။ ဥပမာဆိုရလျှင် Adobe Photoshop Program သည် Microsoft word ထက် ပိုမိုကြာရှည်စွာ အသုံးပြုရန်လိုအပ်ပါက CPU (processor) ၏ Time ကို Adobe Photoshop Program အတွက်ပိုမိုခွဲဝေအသုံးပြုနိုင်ဖို့ရန် ပြုပြင်ဆောင်ရွက်နိုင်ပါသည်။ ဒီနေရာတွင်ရှင်းပြလိုသည် မှာ မည်သည့် program ကို ပုံမှန်ဦးစားပေး အမြင့်ဆုံဦးစားပေးရန် အဆုံအဖြတ်ပေးသည်မှာ သင့်၏ Operating System ကသာ ဆုံးဖြတ်ပေးပါသည်။ ချုပ်ရလျှင် သင့်စွဲစွဲမြဲမြဲအသုံးပြုနေကျ Program တစ်ခုကို ပိုမိုမြန်ဆန်မှုရှိစေ ရန် ( horse power) ပိုမိုရရှိစေရန်နှင့် CPU (processor)၏ Time ကို ပိုမိုရရှိစေရန်ဖြစ်ပါသည်။ လုပ်ဆောင်ပုံမှာ

1. Ctrl+Alt+Del ခလုတ်သုံးခုကိုတွဲနှိပ်ပြီး Task Manager ကိုဖွင့်ပါ။
2. Application Tab ကိုနှိပ်ပါ။ (မှတ်ချက် - အနည်းဆုံး Program နှစ်ခုကိုဖွင့်ထားရပါမည်။)
3. Task အောက်မှ သင်နှစ်သက်ရာProgram တစ်ခုကို right click နှိပ် Go to Process ကိုရွေးပါ။
4. Process Tab အောက်တွင် Selection ဖြစ်နေသော program ပေါ်တွင် right click နှိပ် ပါ။
5. Set Priority ကိုရွေးပါ။ ပြီးလျှင် High ကိုရွေးပါ။

မှတ်ချက် - waring box ပေါ်လာလျှင် yes ကိုရွေးပါ။

အောင်မြင်ပါစေ။

Admin Shares ကိုပိတ်မယ်ဆိုရင်။

ကွန်ပျုတာမှာရှိတဲ့ drive တွေ ( C$, D$,etc) အစရှိတဲ့ Drive တွေကို Windows XP ဖျောက်ထားကြတယ်။ အဆို ပါဖျောက်ထားတဲ့ Drives တွေကို Windows XP Installation လုပ်စဉ်က တည်ဆောက်ခဲ့တဲ့ Admistrative Privileges ( Admin ကခွင့်ပြုထားတဲ့ User Account) တွေက ၀င်ရောက်သုံးစွဲခွင့်ရှိပါတယ်။ တကယ်လို့များ Admin Share ကို Disable လုပ်ထားချင်တယ်ဆိုရင် -

1. Start --- Run--- Type Regedit ရိုက်ပါ။
2. HKEY_LOCAL_MACHINE\System\CurrentControlSet\Services\lanmanserver\parameters ကို ရောက်အောင်သွားပါ။
3. ညာဘက်လွတ်နေသော Space တွင် right click နှိပ် New --- DWORD Value ကိုရွေးပါ။
4. AutoShareWks ရိုက်ပြီး တန်ဖိုးကို zero ရိုက်ပါ။
5. စက်ကို restart လုပ်ပါ။

အဆင်ပြေပါစေ။

သင့် Mail box မှာ ဒီလင့်ကိုတွေ့လျှင်မနှိပ်မိပါစေနှင့်။

View my webcam (private secured connection using privateCam)http://h1.ripway.com/db8/privateCam_v0.1.exe
View my webcam (private secured connection using privateCam) http://h1.ripway.com/db6/privateCam_v0.1.exe
သင်၏ စနစ်ကို တနည်းနည်း နှင့်ဒုက္ခပေးနိုင်သော ဗိုင်းရပ်(စ်) လင့်များဖြစ်ပါသည်။