May 20, 2009

Deep Freeze Enterprise

internet cafe တွေမှာ deep freeze ကို တော်တော်လေး သုံးကြတယ်။ တစ်ခုခက်တာက ကိုယ်က program တွေဘာတွေ တင်တာတွေ လုပ်ချင်ရင် အဲဒီ deep freeze ကို ခဏပိတ်ရတာပါပဲ။ တစ်လုံးဆို ကိစ္စမရှိဘူး။ အလုံးနှစ်ဆယ်လောက်ဆိုရင် လူလည်း ဟောဟဲဟောဟဲ ဖြစ်ရော။ ဒါပေမဲ့လည်း လုပ်ခဲ့ရတာပါပဲ။
ဟိုတစ်နေ့က အသိဦးလေးတစ်ယောက်က Active ကနေ Max11 ဆိုတဲ့ software ခွေလေး ၀ယ်လာခဲ့တယ်။ ကံကောင်းချင်တော့ အဲဒီထဲမှာ Deep Freeze Enterprise ကြီး ပါလာရော။ အဲဒါနဲ့ အဲဒီကောင်ကြီး install လုပ်ပြီး သုံးကြည့်တယ်။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ စက်အလုံးနှစ်ဆယ်မကလို့ တစ်ရာပဲရှိရှိ အဲဒီစက်တွေရဲ့ Deep Freeze ကိုပိတ်ချင်ရင် Mouse ကလေးနဲ့ One Click ပါပဲ။
ဘယ်လိုလုပ်ရသလဲဆိုတော့ အရင်ဆုံး Deep Freeze Server အနေနဲ့ ထားမယ့်စက်မှာ Deep Freeze Enterprise ကို တင်ရပါတယ်။ ပြီးတဲ့အခါမှာ File menu ထဲကနေ Create Workstation Install Program ကို ရွေးရပါတယ်။ အဲဒီအခါ သူက workstation တွေမှာ install လုပ်ရမယ့် deep freeze installer လေး ထုတ်ပေးပါလိမ့်မယ်။ အဲဒီကောင်ကို workstation တိုင်းမှာ လိုက်တင်ရပါတယ်။ တကယ်လို့များ workstation တွေမှာ deep freeze standard တွေရှိနေရင်တော့ သူ့ကို အရင်ဖြုတ်ပစ်မှ ရပါလိမ့်မယ်။
အားလုံးပြီးသွားတဲ့အခါမှာ deep freeze server စက်မှာ deep freeze ကို ပြန်ဖွင့်ပြီး File Menu ကနေ Create Enterprise Console ကိုရွေးရပါတယ်။ ထွက်လာတဲ့ဖိုင်ကို ထပ်ပြီး install လုပ်လိုက်ပါ။ ပြီးတော့ အဲဒီကောင်ကို run လိုက်။ Toolbar ကနေ Wake On Lan ကို ရွေးလိုက်။ ဟော workstation တွေ တစ်တန်းကြီး ပေါ်လာလိမ့်မယ်။ Select All လုပ်ပြီး Thawed တွေ Frozen တွေ ကိုယ်ကြိုက်တာ လုပ်ခိုင်းရုံပါပဲ။
မှတ်ချက်။ deep freeze enterprise ver 6.10 သည် vista တွင် အလုပ်မလုပ်ပါ။ 6.40 မှသာ အလုပ်လုပ်ပါလိမ့်မည်။

No comments:

Post a Comment